Home သတင်း နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှု ကာလအတွင်း ‌တော်လှန်‌ရေး သတိရှိရမည်ဟု KNU ‌ပြော

နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှု ကာလအတွင်း ‌တော်လှန်‌ရေး သတိရှိရမည်ဟု KNU ‌ပြော

3105

ဇူလိုင်လ ၅ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

လက်နက်ကိုင် ‌တော်လှန်‌ရေး ကြားကာလနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးစဉ် ကာလအတွင်း ‌တော်လှန်‌ရေး သတိရှိ ရမည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံးမှ ယ‌နေ့ (ဇူလိုင်လ ၅ရက်) တွင် ကျ‌ရောက်သည့် ကရင် အမျိုး သားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဖွဲ့စည်းတည်‌ထောင်ခြင်း နှစ်(၇၀)ပြည့်အတွက် ‌ပေးပို့သည့် သဝဏ် လွှာ၌ ‌ပြောဆိုလိုက်သည်။

“ကျ‌နော်တို့ လက်နက်ကိုင် ‌တော်လှန်‌ရေး ကြားကာလနှင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးသည့် ကာလအ‌တောအတွင်းမှာ ‌တော်လှန်‌ရေးသတိအမြဲရှိရန် လိုအပ်သလို အခက်အခဲကြားက အခွင့်အ‌ရေးကို ရှာယူရင်း ကျ‌နော်တို့လိုချင် သည့် ပန်းတိုင်ထိ‌ရောက်‌အောင် စွမ်း‌ဆောင်ရယူရန် လိုအပ်သည်”ဟု KNU၏ နှစ် (၇ဝ)ပြည့် KNLA‌နေ့အတွက် သဝဏ်လွှာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် KNLAသည် ‌ကေအဲန်ယူ၏ နိုင်ငံ‌ရေး ရည်မှန်းချက်၊ ရပ်တည်ချက်များနှင့် ကရင်ပြည်သူ လူထုတစ်ရပ် လုံးကို အကာအကွယ်ပြု‌ရေး ရည်ရွယ်ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအ‌နေဖြင့် ၎င်းတာဝန် များကို ‌ကျေပွန်‌စေရန် စစ်ဘက်ဆိုင်ရာ အရည်အ‌သွေး၊ အ‌ထောက်အကူပြုပစ္စည်းများနှင့် စစ်‌ရေး အတတ် ပ ညာများကို တပ်မ‌တော်တစ်ခုအ‌နေဖြင့် အချိန်ပြည့်ရှိ‌နေရန် လိုအပ်‌ကြောင်းလည်း တိုက်တွန်း ‌ပြောဆိုထားသည်။

လက်ရှိ သွား‌နေသည့် ‌ကေအဲန်ယူနှင့်အစိုးရတို့အကြား ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်များတွင် KNLA အ‌နေဖြင့် တပ်ဖက်ဆိုင်ရာ‌ဆွေး‌နွေးမှုများ၌ ‌ကေအဲန်ယူ၏ နိုင်ငံ‌ရေး ဦး‌ဆောင်မှု‌အောက်တွင် သွား‌နေ‌သော် လည်း ငြိ်မ်းချမ်း‌ရေးဖြစ်စဉ်၏ ‌ဆွေး‌နွေးမှုအချို့အ‌ပေါ် ယခင်နှစ်များက KNLA ထိပ်ပိုင်း‌ခေါင်း‌ဆောင်များနှင့် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်တို့အကြား သ‌ဘောထားကွဲလွဲသည့် သ‌ဘောထားထုတ်ပြန်ချက်များလည်း ‌ပေါ်ထွက်ခဲ့ဖူးသည်။

‌ကေအဲန်ယူနှင့် အစိုးရ၊ တပ်မ‌တော်အကြား ၂၀၁၂ခုနှစ်မှစ၍ ၇ နှစ်‌ကျော်ကြာ အပစ်ရပ်‌ဆွေး‌နွေးမှုများနှင့် ငြိမ်း ချမ်း‌ရေးလုပ်ငန်းစဉ်များ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်လာပြီးသည့်‌နောက် ပြီးခဲ့သည့် နှစ်မှစ၍ NCAအ ‌ပေါ် နှစ်ဖက် မတူညီသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ‌ကြောင့် တစ်ဆို့မှုများဖြစ်‌ပေါ်ခဲ့ပြီး တရားဝင်‌ဆွေး‌နွေး ပွဲများကို ယာယီဆိုင်းငံ့ထားကာ အလွတ်သ‌ဘော‌တွေ့ဆုံမှုများဖြင့် ဆက်လက်အ‌ကောင်အထည်‌ဖော်လျက်ရှိသည်။

အလားတူ NCA လုပ်ငန်းစဉ်များ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်စဉ်ကာလအ‌တောအတွင်း ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေဖြစ်သည့် ဖာပွန်ခရိုင်နှင့် ‌ညောင်‌လေးပင်ခရိုင်တို့တွင် တပ်မ‌တော်ဘက်မှ နယ်‌မြေဖွံ့ဖြိုး‌ရေး အ‌ကြောင်းပြုကာ လမ်း‌ဖောက်လုပ်မှုလုပ်ငန်းများ ဝင်‌ရောက် လုပ်‌ဆောင်မှုများ‌ကြောင့် KNLAနှင့် တပ်မ‌တော် အကြား နှစ်ဖက် ထိ‌တွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟုလည်း KNLAဘက်က ဆိုသည်။

ယ‌နေ့ ကျ‌ရောက်သည့် KNLA ဖွဲ့စည်းခြင်း နှစ် (၇၀)ပြည့်‌နေ့ကို KNLA ဌာနချုပ်တည်ရှိရာ ‌သေ့‌ဘေ့ထာ့၌ ပြု လုပ် ကျင်းပခဲ့ရာ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ၊ KNU ဒုဥက္ကဌ ပဒို‌စောကွယ်ထူးဝင်း အပါအဝင် KNLA တပ်ပိုင်း‌ခေါင်း‌ဆောင်များ၊ ရဲ‌ဘော်များ၊ ကရင်လူငယ်များ စုစု‌ပေါင်း ( ၂၀၀)‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တက်‌ရောက်လာသည့် KNU ‌ခေါင်း‌ဆောင် များနှင့် KNLA တပ်ပိုင်း‌ခေါင်း‌ဆောင်များမှ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်ဖြစ်‌ပေါ်လာပုံနှင့် ဖြစ်‌ပေါ်လာရသည့် အ‌ကြောင်းအရင်းများ၊ ‌လေးစားလိုက်နာ သင့်သည်များ၊ ထားရှိရမည့် သ‌ဘောထားများကို ‌ဟော‌ပြောခဲ့ကြသည်။ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်‌နေ့ အခမ်းအနားကို KNU ၏ သက်ဆိုင်ရာ တပ်မဟာ၊ ခရိုင် အသီးသီးတွင် အလားတူ နှစ်စဉ်ကျင်းပလျက်ရှိသည်။

ကရင့်အမျိုးသား‌တော်လှန်‌ရေးစတင်ပြီး‌နောက် ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၄ရက်‌နေ့တွင် ‌ကော်သူး‌လေ အစိုးရကို ဖွဲ့စည်းခဲ့သည့် တပြိုင်နက် ‌ကော်သူး‌လေ တပ်မ‌တော်ကို ဖွဲ့စည်းတည်‌ထောင်ခဲ့သည်။ ထို့‌နောက် ၁၉၅၆ ခုနှစ် တွင် ကျင်းပသည့် ‌ကေအဲန်ယူ၏ ကွန်ဂရက်တွင် ဇူလိုင်လ ၅ ရက်‌နေ့ကို ‌ကော်သူး‌လေ တပ်မ‌တော်‌နေ့အဖြစ် သတ်မှတ်အတည်ပြုခဲ့ကြပြီး အဆိုပါ ‌ကော်သူး‌လေတပ်မ‌တော်‌နေ့ကို ‌နောက်ပိုင်းတွင် ကရင်အမျိုးသား လွတ် ‌မြောက်‌ရေးတပ်မ‌တော် (KNLA)‌နေ့သို့ ‌ပြောင်းလဲ‌ခေါ်‌ဝေါ်ခဲ့ခြင်းဖြစ်သည်။