Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် က‌လေးငယ် ၃ ဦး သားမယားပြုကျင့်ခံရမှု သတင်းအမှားသာဟု ရဲမှူး‌ပြော

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် က‌လေးငယ် ၃ ဦး သားမယားပြုကျင့်ခံရမှု သတင်းအမှားသာဟု ရဲမှူး‌ပြော

3609

ဇူလိုင် ၅ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ငှက်‌ပျော‌တောရွာတွင် ဇွန်လ ၁၈ ရက်‌နေ့က က‌လေးငယ် ၃ ဦးအား သကင်္န်းဝတ်ထားသူ လူနှစ်ဦးမှ သားမယားပြုကျင့်သတ်သွားသည်ဟု ‌ဖေ့ဘွတ်လူမှုကွန်ယက်‌ပေါ် ‌ရေးသားဖြန့် ‌ဝေမှုမှာ သတင်းအမှားသာဖြစ်သည်ဟု မြို့နယ် ရဲမှူးဝင်းနိုင်က ယ‌နေ့(ဇူလိုင် ၅ ရက်)တွင်‌ပြောသည်။

သံဃာ‌တော်နှစ်ပါးက ငှက်‌ပျော‌တောရွာရှိ က‌လေးငယ် ၃ဦးအား သားမယားပြုကျင့် သတ်ဖြတ်ခဲ့သည်ဟု ‌ဖေ့ဘွတ်လူမှုကွန်ယက် စာမျက်နှာ‌ပေါ်တွင် ပျံ့နှံ့‌နေမှုအ‌ပေါ် မြို့နယ်ရဲမှူးအား ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းစဉ် ရဲမှူးက ယခုလို ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တင်တဲ့‌ကောင်‌တွေကို အ‌ရေးယူရမှာ။ ၂ဝ၁၆ ခုနှစ်က က‌လေး‌ရေနစ်‌သေတာကို လိုက်ဖွထားတာပါ။ ဘုန်း ကြီးပုံ‌တွေနဲ့ ‌လျှောက်တင်ပြီး‌တော့ ‌ပေါက်ကရ‌လျှောက်လုပ်ထားတာ။ အခုကာလမှာ အ‌ရောင်‌လေး‌တွေရှိတာနဲ့ အ‌ရောင်‌တွေ လိုက်ဆိုး‌နေကြတာ‌နေမှာပါ။ ဖြစ်စဉ်လုံးဝမဟုတ်ဘူး။” ဟု ရဲမှူးဝင်းနိုင်က ‌ပြောသည်။

လွန်ခဲ့သည့် ၂ဝ၁၆ ခုနှစ်က ကြာအင်းဆိပ်ကြီးမြို့နယ် ငှက်‌ပျော‌တောရွာမှ မိန်းက‌လေးငယ် ၃ ဦး ကြာကန်ထဲ ကြာသွားခူးရင်း ‌ရေနစ်‌သေဆုံးမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကို လူမှုကွန်ယက်‌ပေါ်တွင် ၎င်းက‌လေးငယ် ၃ ဦး ‌သေဆုံး မှုမှာ သကင်္န်းဝတ်ထားသူ လူ ၂ ဦးမှ သားမယားပြုကျင့်သတ်သွားသည်ဟု ‌ရေးသားဖြန့်‌ဝေမှုအ‌ပေါ် အမြင်သ‌ဘောထား အမျိုးမျိုးဖြင့် ‌ဝေဖန်‌ရေးသား‌နေကြသည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့‌နေ လူမှုကယ်ဆယ်‌ရေးအဖွဲ့ဝင် ကိုနိုင်လင်း‌အောင်က “က‌လေး‌တွေ ‌ရေ‌ဆော့ရင်း ‌ရေနစ် သွားတဲ့ဟာကို မဟုတ်မမှန်သတင်းလုပ်တာ။ မနှစ်က‌ရော၊ အခု‌ရော ပြန်ဖွထားတာပါ။ က‌လေး‌တွေ သူ့ဟာနဲ့ သူ‌ရေနစ်‌သေတာဘဲ။ ဘုန်းကြီး‌တွေနဲ့ ဘာမှမဆိုင်ဘူး။ ဖွတဲ့လူက မ‌လေးရှားမှာ ‌နေတယ်။ ယုံတဲ့သူက ယုံ‌နေ ကြပြီး။ မနှစ်ကလည်း ဖွထားတယ်။ အခုလည်း ‌နေ့ရက်အသစ်နဲ့ ပြန်ဖွထားတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

၂ဝ၁၆ ခုနှစ်က ‌ရေနစ်‌သေဆုံးသွားခဲ့သည့် မိန်းက‌လေးငယ် ၃ ဦး ဖြစ်စဉ်နှင့်ပတ်သက်၍ ထိုစဉ်က က‌လေးအုပ် ထိန်းသူများကို သက်ဆိုင်ရာမှ ‌ခေါ်ယူ‌မေးမြန်ခဲ့ပြီး အတည်ပြုချက်ရယူကာ တင်ပြထားရှိခဲ့သည့် ဖြစ်စဉ်‌ဟောင်း တစ်ခုသာဖြစ်‌ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။