Home သတင်း သတင်း‌ထောက်များကို ပုဒ်မ ၆၆ဃဖြင့် အမှုဖွင့်ခံရခြင်းအ‌ပေါ် ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့

သတင်း‌ထောက်များကို ပုဒ်မ ၆၆ဃဖြင့် အမှုဖွင့်ခံရခြင်းအ‌ပေါ် ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့

2655

ဇွန် ၃ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဆက်သွယ်‌ရေးဥပ‌ဒေ ပုဒ်မ ၆၆ ဃဖြင့် သတင်းမီဒီယာများကို အမှုဖွင့်ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချပွဲတစ်ခုကို ယမန်‌နေ့ (ဇွန်လ ၂ ရက်)က မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြစန္ဒီ ပန်းခြံတွင် သတင်းမီဒီယာသမား ၁ဝ ဦးခန့်က ပြုလုပ်ခဲ့ကြသည်။

မြဝတီမြို့ရှိ သတင်းမီဒီယာသမားများကို ၁ဝ ရက်အတွင်း အမှု ၂ မှု ဖွင့်ခံရခြင်းအ‌ပေါ် မဖြစ်သင့်သည့် အတွက် ကန့်ကွက်ရှုတ်ချပွဲကို ပြုလုပ်ရခြင်းဖြစ်သည်ဟု မြဝတီမြို့နယ် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဝင် ဦးသက်ဦးနိုင်က ယခုလို ‌ပြောသည်။

၎င်းက “သတင်းသမား‌တွေကို မီဒီယာဥပ‌ဒေနှင့်မဟုတ်ပဲ အခြား ပုဒ်မများဖြင့် အမှုဖွင့်တာ မဖြစ်သင့်ပါဘူး။ မီဒီယာသမားတစ်ဦးကို သတင်း‌ရေးသား‌ဖော်ပြမှုနဲ့ပတ်သက်ပြီး အမှုဖွင့်ခြင်းကို တာဝန်ရှိသူ‌တွေအ‌နေနဲ့ သူ့ရဲ့လုပ်ငန်းစဉ်အလိုက် အထက်ဌာန‌တွေဖြစ်တဲ့ သတင်းမီဒီယာ‌ကောင်စီ၊ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း အစရှိတဲ့‌နေရာ‌တွေကို တိုင်ကြား‌စေပြီး ‌ဖြေရှင်း‌ပေးမှုကို ‌ကျေနပ်မှုမရှိမှသာ အမှုဖွင့်‌ပေးသင့်ပါ တယ်။ မြဝတီမြို့မှာမှ မဟုတ်ပါဘူး။ တစ်နိုင်ငံငံလုံးမှာရှိတဲ့ သတင်း မီဒီယာများအ‌ပေါ် သတင်း‌ရေးသားမှုနဲ့ ပတ်သက်ပြီး အခြားဥပ‌ဒေပုဒ်မများဖြင့် အမှုဖွင့်တရား စွဲဆိုမှုများကို ကန့်ကွက်ရှုတ်ချတယ်” ဟု ‌ပြောသည်။

ပြီးခဲ့သည့် ‌မေလ ၁၅ ရက်‌နေ့က မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ ‌နေအိမ်တစ်ခုတွင် ပြုလုပ်‌သော သတင်းစာ ရှင်းလင်းပွဲ၌ ကာယကံရှင် အမျိုးသမီးတစ်ဦး၏ ‌ပြောဆိုချက်အား လူမှုကွန်ယက်စာမျက်နှာတွင် ‌ရေးသား ခဲ့မှုအ‌ပေါ် တစ်ဖက်မှ ၆၆ ဃ ဖြင့် သတင်း‌ရေးသားသည့် မီဒီယာသမား ၅ ဦးနှင့် ‌မေလ ၂၄ ရက်‌နေ့က မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ‌ရေပူရွာ စာသင်‌ကျောင်းနံ‌ဘေး ‌မြေယာကိစ္စ အငြင်းပွားမှု၏ ပဋိပက္ခဖြစ်စဉ်အား လူမှုကွန်ယက်စာမျက်နှာတွင် Live လွင့်ခဲ့‌သော သတင်းသမားတစ်ဦးကို မြဝတီမြို့မရဲစခန်းတွင် ဆက်သွယ်‌ရေးဥပ‌ဒေ ပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။