Home သတင်း မြဝတီမြို့၌ ၄၄ကြိမ်‌မြောက် မြို့နယ်အဆင့် မြန်မာ-ထိုင်း နယ်ခြား‌ကော်မတီ အစည်းအ‌ဝေးပြုလုပ်ခဲ့

မြဝတီမြို့၌ ၄၄ကြိမ်‌မြောက် မြို့နယ်အဆင့် မြန်မာ-ထိုင်း နယ်ခြား‌ကော်မတီ အစည်းအ‌ဝေးပြုလုပ်ခဲ့

2749

ဇွန်လ ၁ရက်၊ ၂၀၁၉ခုနှစ်။ ‌နေ‌နော်

မြို့နယ်အဆင့် မြန်မာ-ထိုင်း နယ်ခြား‌ကော်မတီ၏ ၄၄ကြိမ်‌မြောက် အစည်း‌ဝေးကို ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄)ရပ် ကွက်ရှိ ဂရိတ်ဝမ်းဟိုတယ်၌ ‌မေလ ၃၁ရက်၊ ယမန်‌နေ့က ကျင်းပခဲ့ရာ နှစ်နိုင်ငံခြား ‌သောင်ရင်းမြစ်ကမ်းထိန်းနံရံ တည်‌ဆောက် ခြင်း၊ အမှတ်(၂) ချစ်ကြည်‌ရေးတံတား ဖွင့်လှစ်သွားလာနိုင်‌ရေး၊ သဘာဝ‌ဘေးအန္တရာယ် တားဆီးကာကွယ်‌ရေးနှင့် မူးယစ်‌ဆေး ဝါးကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့‌ကြောင်း အစည်းအ‌ဝေးမှတ်တမ်းအရ သိရသည်။

၎င်းအစည်းအ‌ဝေးတွင် မြန်မာနယ်ခြား‌ကော်မတီဥက္ကဌ ဒုတိယဗိုလ်မှူးကြီး‌အောင်ဆန်းဝင်းက အဖွင့်အမှာစကား ‌ပြောကြားရာ၌ ယခုကဲ့သို့ နှစ်နိုင်ငံအကြား ပူး‌ပေါင်း‌ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး စသည့်ကဏ္ဍများတွင် ပိုမိုတိုးတက် လာ‌စေရန် ‌မျှော်လင့်‌ကြောင်း ‌ပြောဆိုခဲ့သလို ထိုင်း နယ်ခြား‌ကော်မတီဥက္ကဌကလည်း အာဆီယံမူ‌ဘောင်နှင့်အညီ အပြန်အလှန် နားလည်သ‌ဘော‌ပေါက်မှုကို အ‌ခြေခံကာ ရရှိလာ‌သော ပူး‌ပေါင်း‌ဆောင်ရွက်မှုများ၏ အကျိုးအမြတ်ဖြစ်သည့် ‌ဒေသတွင်း လူမှု ‌ရေး၊ စီးပွား‌ရေး၊ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် လုံခြုံ‌ရေးတည်‌ဆောက်မှုများသည် နှစ်ဖက်စလုံးအတွက် အမှန်တကယ် ရလဒ်‌ကောင်း များဖြစ်‌ကြောင်း ‌ပြောကြားလိုသည်ဟု ပါရှိသည်။

ထို့‌နောက် မြန်မာဘက်မှ မြို့နယ်အဆင့် တာဝန်ရှိသူများက ‌သောင်ရင်းမြစ်ကမ်းတွင် ကမ်းထိန်းနံရံ တည်‌ဆောက်ခြင်းလုပ်ငန်း နှင့် ပတ်သက်၍ ‌ဆွေး‌နွေးရာတွင် နိုင်ငံတစ်နိုင်ငံသည် ၎င်း၏မြစ်ကမ်းပါးကို ထိန်းသိမ်းကာကွယ်ရန်အတွက် ‌မြေထိန်းနံရံ တည် ‌ဆောက်ခွင့်ရှိ‌ကြောင်း၊ ‌မြေထိန်းနံရံ မတည်‌ဆောက်မီ ရည်ရွယ်ချက်၊ စီမံချက်နှင့် ‌မြေထိန်းနံရံ၏ ခန့်မှန်းဧရိယာများ အ‌သေး စိတ်ကိုလည်း တစ်ဖက်သို့ အ‌ကြောင်းကြားနိုင်‌ကြောင်း ‌ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံဘက်မှ ပြန်လည် ‌ဆွေး‌နွေးရာတွင် ထိုင်းနိုင်ငံအ‌နေဖြင့် ၂၀၁၉-၂၀၂ဝ ဘတ်ဂျက်ဖြင့် ‌ဆောက်လုပ်မည့် ‌သောင်ရင်း မြစ် ကမ်းထိန်းနံရံ (၄)ခုကို ၂၀၁၇၊ ဇူလိုင် ၁၂ရက်မှ ၁၄ရက်‌နေ့အထိ ပြုလုပ်ပြီးခဲ့‌သော (၉)ကြိမ်‌မြောက် ထိုင်း-မြန်မာ ပူးတွဲနယ် နိမိတ်‌ကော်မတီ(Joint Boundary Committee-J.B.C) အစည်းအ‌ဝေး ဆုံးဖြတ်ချက်အရ အဆိုပါကမ်းထိန်းနံရံ တည်‌ဆောက် မည့်လုပ်ငန်းစဉ်ကို ၂၀၁၉ ဩဂုတ်လမှ စတင် ‌ဆောင်ရွက်သွားမည်ဖြစ်ကာ သံတမန်လမ်း‌ကြောင်းမှတဆင့် အ‌ကြောင်းကြား ခြင်းကို ထိုင်းနိုင်ငံဘက်က နိုင်ငံခြား‌ရေးဝန်ကြီးဌာနသို့ ဆက်လက် အ‌ကြောင်းကြားသွားမည်ဟုလည်း ‌ဆွေး‌နွေးခဲ့သည်။

ထို့အပြင် မူးယစ်‌ဆေးဝါးဖမ်းဆီးနှိမ်နင်း‌ရေး၊ နယ်စပ်ဖြတ်‌ကျော်မှုခင်းများ ‌ဖော်ထုတ်ဖမ်းဆီး‌ရေးနှင့် သဘာဝ‌ဘေးအန္တရာယ်များ ကြုံလာပါက နှစ်နိုင်ငံ ပူး‌ပေါင်း‌ဆောင်ရွက်သွားကြမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ သတင်းဖလှယ်အ‌ကြောင်းကြားမှုများအ‌ပေါ် နိုင်ငံဘက်က ‌ကျေးဇူးအထူးတင်ရှိကာ ပူး‌ပေါင်း‌ဆောင်ရွက်မှု ရုပ်လုံး‌ပေါ်လွင်‌စေ‌သော မူးယစ်‌ဆေးဝါးနှိမ်နင်း‌ရေးကို ဆက်တိုက် ‌ဆောင်ရွက်နိုင်ခဲ့‌ကြောင်းလည်း ထိုင်းနိုင်ငံဘက်က ‌ဆွေး‌နွေး‌ပြောဆိုခဲ့သည်။

မြန်မာဘက်က ထပ်မံ ‌ဆွေး‌နွေးသည်မှာ IS အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံရှိ မွတ်ဆလင်မ် NGO, INGO အသင်းအဖွဲ့များကို ‌ခြေ ကုပ်ယူကာ ထိုင်းနိုင်ငံဘက်ကတဆင့် မြန်မာနိုင်ငံဘက်သို့ ဝင်‌ရောက်လာနိုင်‌ခြေရှိသည့်အတွက် နှစ်နိုင်ငံ တာဝန်ရှိသူများက တည်ငြိမ်‌အေးချမ်း‌ရေးအတွက် ပူး‌ပေါင်းပါဝင်‌ဆောင်ရွက်‌စေလို‌ကြောင်း ‌ပြောကြားခဲ့သည်။

အစည်းအ‌ဝေးတွင် နှစ်ဖက်တာဝန်ရှိသူများက ထိုင်းနိုင်ငံအတွင်း သွား‌ရောက်အလုပ်လုပ်‌နေကြသူ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သ မားများအ‌ရေး၊ အမှတ်(၂) ချစ်ကြည်‌ရေးတံတားနှင့် နယ်စပ် စစ်‌ဆေး‌ရေးစခန်း(Border Control Facilities–BCF)များကို အမြန် ဆုံး ဖွင့်လှစ်နိုင်မည်ဆိုပါက တရားဝင်ကုန်သွယ်မှု ကိန်းဂဏန်းများ မှန်ကန်‌စေ‌ရေး၊ တရားမဝင် ကုန်သွယ်မှုများအား ထိန်းချုပ် နိုင်‌ရေးအတွက် နယ်ခြား‌သောင်ရင်းမြစ်တစ်‌လျှောက်ရှိ တရားမဝင်ဂိတ်များကို ‌လျှော့ချနိုင်မည်ဖြစ်‌ကြောင်းလည်း ‌ဆွေး‌နွေး‌ပြော ဆိုခဲ့ကြသည်။