Home အယ်ဒီတာ့အာဘော် တိုက်ပွဲများနှင့် မြန်မာပြည်

တိုက်ပွဲများနှင့် မြန်မာပြည်

2418

ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးကို အဓိက ဦးစား‌ပေးလုပ်‌ဆောင်မည်ဟု ‌ပြောဆို ထားသည့် အစိုးရသစ်လက်ထက်တွင် မြန်မာပြည်အတွင်း စစ်မက်ဖြစ်ပွားမှု ရပ်တန့်သွားခြင်းမရှိဘဲ တိုက်ပွဲများ ဖြစ်ပွား‌နေမှုများ ဆက်ရှိ‌နေ‌သေးသည်။

မြန်မာပြည်တွင် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့အကြား တိုက်ပွဲများဖြစ်ပွား‌နေမှု အ‌ခြေအ‌နေမှာ ၂၀၁၇ ခုနှစ်အတွင်း ၁၃၅ ရက်ရှိခဲ့သလို ၂၀၁၈ ခုနှစ်အတွင်း ၁၂၈ ရက်ရှိခဲ့သည်ဟု BNI က ပြုစုသည့် ” မြန်မာ့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို ပုံ‌ဖော်ခြင်း လမ်းညွှန်အကိုးအကား ၂၀၁၇-၁၈” စာအုပ်တွင်‌ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၉ မတ်လအထိ သုံးလအတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ၇၄ ရက်ထိရှိကာ ၂၀၁၇- ၂၀၁၈ ခုနှစ် များ ထက် ရာခိုင်နှုန်း ၃ ဆ ပိုများလာသည်။ တိုင်းရင်းမီဒီယာများဖြင့် စုဖွဲ့ထားသည့် BNI ငြိမ်းချမ်း‌ရေး‌စောင့်ကြည့် ‌ရေးအဖွဲ့၏ အဆိုရ မြန်မာပြည်တွင် ဖြစ်ပွား‌နေသည့် တိုက်ပွဲများတွင် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက် ကိုင်တပ်များအကြားတွင်သာ ဖြစ်ပွား‌နေခြင်းမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အချင်းချင်းကြား တွင်လည်း တိုက်ပွဲ ဖြစ်ပွားမှု ရှိ‌နေသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ၂၀၁၇ ခုနှစ်တွင် တိုက်ပွဲ ဖြစ်ပွားသည့် ရက်‌ပေါင်း ၉ ရက်သာ ရှိ‌သော်လည်း ၂၀၁၈ ခုနှစ်တွင် ၄၃ ရက်ထိရှိကာ ယခု ၂၀၁၉ ခုနှစ်မတ်လအထိ ၁၅ ရက်ရှိခဲ့သည်။

အဆိုပါ တိုက်ပွဲများသည် ရှမ်းပြည်နယ်‌မြောက်ပိုင်း ‌ဒေသများတွင် ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် တအာင်း တပ်ဖွဲ့တို့အကြား ဖြစ်ပွားခြင်းမှာ အများဆုံးဖြစ်ပြီး မြန်မာပြည်‌အောက်ပိုင်းတွင် ကရင်နှင့် မွန်လက်နက်ကိုင် အဖွဲ့များ၊ ‌ကေအဲန်ယူနှင့် ဒီ‌ကေဘီ‌အေ (ခွဲထွက်) အဖွဲ့များအကြား ဖြစ်ပွားမှုများလည်း ရှိသည်။

တိုက်ပွဲအများစုမှာ မြန်မာ့တပ်မ‌တော်၏ ထိုးစစ်ဆင်၊ နယ်‌မြေရှင်းလင်းတိုးချဲ့မှုများ‌ကြောင့် တိုက်ပွဲအများစု ဖြစ်ပွားခဲ့ရသည်ဟု ငြိမ်းချမ်း‌ရေး‌စောင့်ကြည့်‌ရေးအဖွဲ့က ‌ပြောဆိုထားသလို တိုက်ပွဲများ‌ကြောင့် စစ်‌ဘေး‌ရှောင် များ ‌သောင်းနှင့်ချီကာ ‌နေရပ်စွန့်ခွာ ထွက်‌ပြေးရသလို အချို့ဆိုလျှင် စစ်လက်နက်ကျည်စများ ထိမှန်သည့် အတွက် ဒဏ်ရာရခြင်း အသက်ဆုံးရှုံးရခြင်းများလည်း ဖြစ်ပွားခဲ့သည်။

ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲများ တရားဝင်‌သော်လည်း‌ကောင်း အလွတ်သ‌ဘော ‌တွေ့ဆုံမှုများ‌သော်လည်း‌ကောင်း ပြုလုပ်‌နေ‌သော်လည်း တိုက်ပွဲများရှိ‌နေခြင်းသည် ငြိမ်းချမ်း‌ရေးအတွက် အလှမ်း‌ဝေး‌နေဆဲသာ ဖြစ်သည်။

ထို့အပြင် တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်က ၂၀၂ဝ ပြည့်နှစ်တွင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အပြီးသတ်နိုင် ‌ရေးရည်မှန်းထားသည်ဟု ‌ပြောဆိုမှုမှာလည်း ယခုလို တိုက်ပွဲများ‌ကြောင့် လက်‌တွေ့ဖြစ်ရန်မှု မလွယ်ကူသည့် အ‌ခြေအ‌နေဖြစ်‌နေသည်။

မြန်မာပြည်၏ ပြည်တွင်းစစ်ဖြစ်ပွားမှု‌နောက်ခံသည် နိုင်ငံ‌ရေးအရ မ‌ပြေလည်မှု‌ကြောင့်ဖြစ်သည်ကို သက်ဆိုင်သူ အားလုံးသိရှိ‌သော်လည်း ‌ဖြေရှင်းနိုင်‌ရေးအတွက်ကိုမူ အ‌လျှော့‌ပေးနိုင်ခြင်းမရှိဖြစ်‌နေသည့်အတွက် ယခုလို ပြည်တွင်းစစ် ရှည်ကြာ‌နေခြင်းဖြစ်ကာ အကျိုးဆက်အ‌နေဖြင့် အင်အားကြီးနိုင်ငံများ၏ ဝင်‌ရောက်စွက်ဖက်မှုများ ကိုလည်း ရင်ဆိုင်‌နေရသည်ကို ‌တွေ့ရသည်။

သို့‌သော်‌ဖြေရှင်း၍ မရသည့် အ‌ခြေအ‌နေမဟုတ်ဘဲ အနာသိ‌ဆေးရှိဆိုသည့်အတိုင်း နည်းမှန်လမ်းမှန် အ‌ဖြေ ရှာရမည်ဖြစ်သည်။ ထို့အတွက် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အ‌ခြေခံအကျဆုံးဖြစ်သည့် တိုက်ပွဲများ ‌လျှော့ချ‌ရေးကို ကနဦးလုပ်‌ဆောင် ရန်လိုသည်။

ထိုအတွက် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အားလုံး တစ်နိုင်ငံလုံး အပစ်ရန် လိုပြီး အထူးသဖြင့် အင်အားအကြီးဆုံး မြန်မာ့တပ်မ‌တော်အ‌နေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်ကြာင်း ‌ကြေညာကာ ငြိမ်းချမ်း‌ရေးစကားဝိုင်းဆီသို့ ဦး‌ဆောင်တက်လှမ်းရမည်ဖြစ်သည်။ တိုက်ပွဲများ မ‌လျှော့ချဘဲ ယခုကဲ့သို့ ဆက် သွားမည်ဆိုလျှင် ငြိမ်းချမ်း‌ရေး ခရီး အလှမ်း‌ဝေး‌နေဦးမည်သာဖြစ်သည်။