Home သတင်း ပန်းတ‌နော်မြို့နယ်လုံးဆိုင်ရာ ကရင်စာ‌ပေသင်တန်းဆင်းပွဲ ကျင်းပပြီးစီး

ပန်းတ‌နော်မြို့နယ်လုံးဆိုင်ရာ ကရင်စာ‌ပေသင်တန်းဆင်းပွဲ ကျင်းပပြီးစီး

2738

‌မေလ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုကို ‌ဖော်ထုတ်မြှင့်တင် ထိန်းသိမ်းခြင်းဖြင့် နှစ်စဉ်ပြုလုပ်ကျင်းပမြဲဖြစ်‌သော ပန်းတ‌နော်မြို့နယ် လုံးဆိုင်ရာ ကရင်စာ‌ပေသင်တန်းဆင်းပွဲကို ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတ‌နော်မြို့နယ် ဆု‌တောင်းပြည့် ‌ကျေးရွာအုပ်စု ၊ ဝါး ‌တောစု ‌ကျေးရွာ၌ ‌မေလ ၄ ရက်‌နေ့တွင် ကျင်းပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲကို ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ ဦး‌ဆောင်ကျင်းပခြင်း ဖြစ်ပြီး အစဉ်အလာမပျက် ထိုသို့နှစ်စဉ်ကျင်းပရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဒုဥက္ကဌ မန်းဝင်း‌မောင်က ယခုလို‌ပြောဆိုသည်။

“ ‌ကျောင်း‌တွေမှာ သင်‌ပေမယ့် တစ်ချို့ကလည်း ထိ‌ရောက်တယ်။ တစ်ချို့ကလည်း မထိ‌ရောက်ဘူး။ ကိုယ့်လူမျိုး မ‌ပျောက်ဖို့အတွက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုကို ‌ဖော်ထုတ်မြှင့်တင်တဲ့ အ‌နေနဲ့ ‌ကျောင်း‌တွေမှာ သင်‌ပေမယ့် နှစ်စဉ်နှစ် တိုင်း ‌နွေကရင်စာ‌ပေသင်တန်းကို ပြုလုပ်ပြီး‌တော့ သင်တန်းဆင်းပွဲကို ပြုလုပ်တာဖြစ်တယ် ” ဟု မန်းဝင်း‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုစာ‌ပေသင်တန်းဆင်းပွဲတွင် ပန်းတ‌နော်မြို့နယ် ကရင်စာ/ယဉ် ဥက္ကဌ မန်းဒယ်နီရယ်ချစ်အပြင် ဧရာဝတီတိုင်းစာ/ယဉ် ဥက္ကဌ မန်းအိုင်ခလိန်၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်၊ မြစ်ဝကျွန်း‌ပေါ် ပိုးကရင် အဖွဲ့ချုပ် ဥက္ကဌ ပဒိုမန်း‌ဒေးဗစ် ၊ ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဗဟို ‌ကော်မတီ ဝင်များ ၊ မအူပင်မြို့နယ်နှင့် ‌ညောင်တုန်းမြို့နယ်ရှိ စာ‌ပေအဖွဲ့များ အပါအဝင် ‌ဒေသခံလူထု ၁,၀၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပထမပိုင်း အစီအစဉ်အရ ဆရာ‌တော် မန်းနဲနန္ဒာစာရမှ အဖွင့်အမှာစကား‌ပြောကြားခြင်း၊ ဧရာဝတီတိုင်း ကရင်စာ/ယဉ် ဥက္ကဌ မန်းအိုင်ခလိန်၊ ပန်းတ‌နော် ကရင်စာ/ယဉ် ဥက္ကဌ မန်းဒယ်နီရယ်ချစ် ၊ မြစ်ဝကျွန်း‌ပေါ် ပိုးကရင် အဖွဲ့ချုပ် ဥက္ကဌ ပဒိုမန်း‌ဒေးဗစ်နှင့် KNU ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီ ပဒိုမန်းငြိမ်း‌မောင်တို့မှ အမှာစကားများ ‌ပြောကြားပြီး ‌ဒေါက်တာမန်းခင်‌မောင်စိုးက နိဂုံးချုပ် အမှာစကား ‌ပြောကြားခဲ့သည်။

ထို့အပြင် ဒုတိယပိုင်း အစီအစဉ်အရ ကရင်စာ‌ပေမွမ်းမံသင်တန်း နည်းပြဆရာ/မ များ၊ ‌နွေရာသီ ကရင်စာ‌ပေ သင်တန်း ဆရာ/မများ နှင့် သင်တန်းဆင်းပွဲတွင် ပါဝင်ကူညီ‌သော ကရင်လူငယ်ဘင်ခရာ အဖွဲ့များတို့အား ဂုဏ်ပြုခြင်း၊ ပိုးကရင်စာ‌ပေ စာစီစာကုံးပြိုင်ပွဲ ၊ ‌ကျောင်းချိန်ပြင်ပ နှင့် ‌နွေရာသီ ကရင်စာ‌ပေသင်ကြား‌ရေး မှ ဆုရရှိသူများ၊ ထူးချွန်ထက်မြက်‌သော ကရင်စာသင် ဆရာ/မများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်း၊ ကရင်ရိုးရာယဉ်‌ကျေးမှု ဒုံးအကများဖြင့် ကပြတင်ဆက်ခြင်း ၊ ဒုံးအဖွဲ့များအား ဆုချီးမြှင့်ခြင်းနှင့် ကရင်အမျိုးသား သီချင်းသီဆိုခြင်းဖြင့် အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။

ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီကို ၁၉၆၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၈-၂၀၁၉ပညာ သင် နှစ်တွင် အ‌ခြေခံပညာ‌ကျောင်း စုစု‌ပေါင်း ၁၄၈ ‌ကျောင်းမှ ‌ကျောင်းချိန်ပြင်ပ ကရင်စာ‌ပေသင် ဆရာ/မ ၃၅၆ဦး နှင့် ယခု ၂၇၅၈ ခုနှစ် ‌နွေရာသီကရင်စာ‌ပေသင်ကြား‌ရေးတွင် ပန်းတ‌နော်မြို့နယ်အပြင် မအူပင်၊ ‌ညောင်တုန်း၊ ကျုံ‌ပျော်၊ ဝါးခယ်မ၊ ‌မြောင်းမြ ၊ လှိုင်သာယာနှင့် ‌မှော်ဘီ မြို့နယ်မှ ‌ကျေးရွာ/ရပ်ကွက် စုစု‌ပေါင်း ၃၄ ရွာတို့အား ပန်းတ‌နော်မြို့နယ်ရှိ ဆရာ/ ဆရာမ ၅၈ဦး ဖြင့် စာသင်ဝိုင်းများ ဖွင့်လှစ်ခဲ့‌ကြောင်း ပန်းတ‌နော်စာ/ယဉ် စာရင်းများအရ သိရသည်။