Home သတင်း ‌ငွေစက္ကူအတု ကိုင်‌ဆောင်မှုဖြင့် အမှုဖွင့်ခံရသူ ကွင်းလုံးကျွတ်လွတ်‌မြောက်

‌ငွေစက္ကူအတု ကိုင်‌ဆောင်မှုဖြင့် အမှုဖွင့်ခံရသူ ကွင်းလုံးကျွတ်လွတ်‌မြောက်

2661

ဧပြီ ၁၈ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

ပဲခူးတိုင်း‌ဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ ကျပ်တစ်‌သောင်းတန် ‌ငွေစက္ကူအတု ကိုင်‌ဆောင်မှုဖြင့် တရားရင်ဆိုင်‌နေရ သူ ‌နော်‌သောသွဲ့ထူး၏ အမှုမှာ ယ‌နေ့ (ဧပြီ ၁၈ရက်) ကွင်းလုံးကျွတ် လွတ်‌မြောက် သွားပြီဟု အမှုကို လိုက်ပါ‌ဆောင်ရွက်‌ပေး‌နေသည့် ‌ရှေ့‌နေဖြစ်သူ ‌စောထူးသာ‌ထော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “စွဲချက် တင်နိုင်‌လောက်တဲ့ သက်‌သေမရှိတဲ့အတွက်‌ကြောင့် ရာဇသတ်ကြီး ၁၃ ဥပ‌ဒေပုဒ်မ ၂၅၃(၁)အရ လွတ်‌ပေး လိုက်တယ်တဲ့။ တရားရှင် လွတ်‌ပေးလိုက်တယ်‌ပေါ့။ ကွင်းလုံးကျွတ်လွတ်‌ပေးတယ်လို့ ‌ပြောလို့ရတယ်။”ဟု ‌ပြောသည်။

‌နော်‌သောသွဲ့ထူးသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်‌နေ့က အဆိုပါ ‌ငွေစက္ကူတစ်‌သောင်းတန်အတု ၁၅၄ ရွက်ကိုင် ‌ဆောင် မှုဖြင့် ဒိုက်ဦးမြို့မ ရဲစခန်း(ပ) ၁၄၂၀/၂၀၁၈၊ မြန်မာနိုင်ငံ‌တော် ဗဟိုဘဏ်ဥပ‌ဒေပုဒ်မ ၁၀၅ /၁၀၆ ဖြင့် အမှုဖွင့်အ‌ရေးယူခံရပြီး ဒီဇင်ဘာလ ၂ဝ ရက်‌နေ့တွင် ပြစ်ဒဏ်ကြီး ပုဒ်မ ၁ဝ၆ အား ပယ်ဖျက်‌ပေးခဲ့သည်။

သူမအ‌နေဖြင့် အဆိုပါ တစ်‌သောင်းတန် ‌ငွေစက္ကူအတုကိုင်‌ဆောင်မှုဖြင့် အချုပ်ခန်းထဲတွင် ၂၅ ရက်ကြာ ‌နေခဲ့ရာမှ ဇန်နဝါရီ ၃ ရက်‌နေ့ တွင် အာမခံဖြင့် ပြန်လည်လွတ်‌မြောက်လာခဲ့ပြီး တရားရုံး၌ ၁၃ကြိမ်‌မြောက် ကြားနာစစ်‌ဆေးမှုတွင် ယခုလို ကွင်းလုံးကျွတ် လွတ်‌မြောက် လာခြင်းလည်း ဖြစ်သည်။

ဗဟိုဘဏ် ဥပ‌ဒေပုဒ်မ ၁ဝ၅ သည် ‌ငွေစက္ကူအတုအား သိလျက်နှင့် သုံးစွဲမှုကို ကျူးလွန်လျှင် ‌ငွေဒဏ်ဖြစ်‌စေ၊ သုံးနှစ်ထက်မပို‌သော ‌ထောင်ဒဏ်ဖြစ်‌စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်‌စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်ပြီး ပုဒ်မ ၁၀၆ သည် ‌ငွေတုပြုလုပ်ခြင်း၊ ‌ငွေတုအား ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်ပမှတင်သွင်းခြင်းပြုလုပ်လျှင် အနည်းဆုံး ‌ထောင်ဒဏ် ၁ဝနှစ်မှ အများဆုံး နှစ် ၂ဝအထိ ချမှတ်နိုင်သည်ဟု သိရသည်။

‌နော်‌သောသွဲ့ထူး အမှုအတွက် ပဲခူးတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး အပါအဝင် လူမှုအဖွဲ့ အစည်းအချို့တို့မှ ဝိုင်းဝန်းကူညီ‌ပေးခဲ့ကြသည့်အပြင် ဖဒို၊ အင်းတ‌ကော်နှင့် ဒိုက်ဦးမြို့နယ်များမှ ‌ရှေ့‌နေသုံးဦးကလည်း လိုက်လံကူညီ ‌ဆောင်ရွက်‌ပေးလျက်ရှိသည့်အမှုဖြစ်သည်။

ပဲခူးတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေးက “ကျမတစ်‌ယောက်ထဲ ကူညီတာမဟုတ်ပါဘူး။ အဖွဲ့အစည်းအားလုံး၊ လွှတ်‌တော်ကိုယ်စားလှယ်အပါအဝင် စသဖြင့် ကူညီ‌ဆောင်ရွက်‌ပေးမှုဖြစ်ပါတယ်။ ဒီ‌နေ့‌တော့ ကွင်းလုံးကျွတ် လွတ်‌မြောက်သွားပါပြီ။ ဒီသတင်းကို ကြားရတဲ့ ပြည်တွင်း၊ ပြည်ပ ‌နေထိုင်သူ‌တွေအားလုံး ဝမ်း‌မြောက်ဝမ်းသာဖြစ်လိမ့်မယ်လို့‌မျှော်လင့်ပါတယ်။ ”ဟု ‌ပြောသည်။

ဒိုက်ဦးမြို့နယ် လယ်ကြား‌မြောင်‌ကျေးရွာတွင် ‌နေထိုင်သူ ‌နော်‌သောသွဲ့ထူးမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း က စကင်္ာပူနိုင်ငံသို့ အိမ်အကူအလုပ်ဖြင့် သွား‌ရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး‌နောက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလဆန်းပုိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်‌ရောက်ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက် ၎င်းရရှိသည့် လုပ်အားခများကို အိမ်ရှင်မှ စကင်္ာပူနိုင်ငံရှိ MM Sharife Trader တွင် ‌ငွေလဲလှယ်‌ပေးခဲ့ခြင်းဖြစ်သည်ဟု ‌နော်‌သောသွဲ့ထူးတုို့ဘက်က ထုုတ်‌ဖော်‌ပြောဆုိုထားပြီး ရဲတပ်ဖွဲ့ဘက်ကမူ သတင်းအရ ဒီဇင်ဘာ ၆ ရက်‌နေ့တွင် ‌နော်‌သောသွဲ့ထူးအိမ်သို့ သွား‌ရောက်ရှာ ‌ဖွေရာ ရရှိလာ‌သော မြန်မာကျပ်‌ငွေများမှာ ‌ငွေစက္ကူအတုများဖြစ်‌ကြောင်း သိရှိရသဖြင့် အ‌ရေးယူထား‌ကြောင်း သတင်းထုတ်ပြန်ထားခဲ့သည်။