Home သတင်း အမျိုးသမီးကို ‌သေနတ်ဖြင့် ပစ်သတ်သူ စစ်ဖက်ဆိုင်ရာလုံခြုံ‌ရေး ဝန်ထမ်းကို အ‌ရေးယူရန်ရှိ

အမျိုးသမီးကို ‌သေနတ်ဖြင့် ပစ်သတ်သူ စစ်ဖက်ဆိုင်ရာလုံခြုံ‌ရေး ဝန်ထမ်းကို အ‌ရေးယူရန်ရှိ

2739

ဧပြီလ ၂၂ ရက်၊ ၂ဝ၁၉၊ ‌ကေအိုင်စီ။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၃) ရပ်ကွက်တွင် အမျိုးသမီးကို ‌သေဆုံးသည်အထိ ‌သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အဖမ်းခံရသည့် စစ်ဖက်‌ရေးရာ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်အား စစ်စည်းကမ်းဖြင့် အ‌ရေးယူသွားမည်ဟု မြို့နယ်ရဲမှူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့၊ အမှတ် ၃ ရပ်ကွက်‌နေ မသကြင်္န်မိုး အသက် (၂၈)နှစ်အား ကျိုက်မ‌ရောမြို့ စစ်ဖက်‌ရေးရာလုံခြုံ‌ရေး တပ်ဖွဲ့ ဝင် မျိုးထိုက်ဝင်းဆိုသူက မနက် ၉နာရီခွဲခန့်တွင် Honda Fit ကားဖြင့် ‌နေအိမ်တဲ‌ရှေ့‌ရောက်လာပြီး ရိုက်သတ်မည်ဟု‌ပြောဆိုကာ ၎င်းဝတ်ဆင်ထား‌သော ‌ဘောင်းဘီအိတ်ကပ်အတွင်းမှ ၉-မမ ပစ္စတို‌သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းပစ်ခတ်မှု‌ကြောင့် ရင်ဘတ်ဝဲဘက်ခြမ်းရှိ နို့အုံအထက်နားတွင် ကျည်‌ဖောက်ဝင်၍ ‌နောက်‌ကျောမှ ‌ဖောက်ထွက်ဒဏ်ရာ တစ်ချက်ဖြင့်‌သေဆုံးကာ ‌သေနတ်ပစ်ခတ်သူမှာ ထို‌နေ့ ‌နေ့လည် ၁၁နာရီခွဲအချိန်တွင် ‌မော်လမြိုင်မြို့ စစ်ဖက်‌ရေးရာ လုံခြုံ ‌ရေးတပ်ဖွဲ့စု၌ သွား‌ရောက်အဖမ်းခံခဲ့‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မြို့နယ် ရဲမှူးဝင်းနိုင်က “မ‌နေ့မနက်က သူတို့လင်မယားစကားများကြပြီး‌တော့ ရန်ဖြစ်တယ်။ ရန်ဖြစ်‌တော့ ‌ဒေါသအ‌လျောက် စိတ်လိုက်မာန်ပါ လုပ်လိုက်တဲ့သ‌ဘော‌ပေါ့။ ဒဏ်ရာက ဘယ်ဘက်ရင်ဘတ်တစ်ချက်မှန်တယ်။ ကျူးလွန်တာက တပ်မ‌တော်က စရဖ-စစ်ဖက်‌ရေးရာ လုံခြုံ‌ရေးတပ်ဖွဲ့ကပါ။ တပ်မ‌တော်သားဖြစ်‌နေ‌တော့ သူတို့က စစ်စည်းကမ်းနဲ့ အ‌ရေးယူမယ်။ ကျ‌နော်တို့က လည်း သူတို့နဲ့ ချိတ်ဆက်ပြီးမှ စာ‌တွေနဲ့‌မေးမြန်သွားမယ်။ ကျ‌နော်တို့ဘက်မှာ အမှုဖွင့်ထားတယ်။ သူတို့ဘက်ကလည်း စစ်ဘက် နဲ့ အ‌ရေးယူတာရှိတယ်။ ဘယ်လိုဥပ‌ဒေနဲ့အ‌ရေးယူမလဲဆိုတာ ‌မေးမြန်းပြီး‌တော့ ဆက်လက်‌ဆောင်ရွက်သွားမယ်။”ဟု ယ‌နေ့ (ဧပြီလ ၂၂ ရက်) ‌ပြောသည်။

အမှုကို ‌သေဆုံးသူ မသကြင်္န်မိုး၏ မိခင် ‌ဒေါ်‌အေး‌မော်က တရားလိုပြုလုပ်တိုင်ကြားပြီး ကြာအင်းဆိပ်ကြီးမြို့မရဲစခန်းမှ ကပ အမှတ် တ-၇၂ ၁၃၁၅ အရ မျိုးထိုက်ဝင်းအား (ပ) ၄၃/၂ဝ၁၉ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အ‌ရေးယူထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

ထို‌နေ့ ဧပြီလ ၂၁ ရက်‌နေ့တွင်ပင် ကြာအင်းဆိပ်ကြီးမြို့နယ် ‌တောင်ဒီး‌ကျေးရွာတွင် အ‌ဒေါ်ဖြစ်သူကို ဓားဖြင့် ခုတ်သတ်ပြီး မိမိ ကိုယ်ကိုယ် ဆွဲကြိုးချ သတ်‌သေမှုတစ်ခုဖြစ်ပွားခဲ့ရာ ယခု ပစ်သတ်မှု အပါအဝင် တစ်ရက်အတွင်း လူ ၃ ဦး‌သေဆုံးခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခု ဧပြီလ ၅ ရက်‌နေ့တုန်းကလည်း အနန်းကွင်းရွာတွင် က‌လေးငယ်သုံးဦး အပါအဝင် အရပ် သား ၈ဦးကို တပ်မ‌တော်သားနှစ်ဦးက ‌သေနတ်ဖြင့် ပစ်သတ်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့‌သေးသည်။