Home သတင်း ဖားအံတွင် ပြုလုပ်မည့် WLC – 8 ရိုးရာလက်‌ဝှေ့ပြိုင်ပွဲ တွဲဆိုင်း ၈ ဆိုင်း ပါဝင်ထိုးသတ်မည်

ဖားအံတွင် ပြုလုပ်မည့် WLC – 8 ရိုးရာလက်‌ဝှေ့ပြိုင်ပွဲ တွဲဆိုင်း ၈ ဆိုင်း ပါဝင်ထိုးသတ်မည်

3407

ဧပြီ ၂၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ဖားအံမြို့၊ ချစ်သူမြိုင်အပန်း‌ဖြေဥယျာဉ်၌ ပြုလုပ်မည့် ကမ္ဘာ့ လက်‌ဝှေ့ချန်ပီယံရှစ်-WLC -8 ပြိုင်ပွဲ တွင် တွဲဆိုင်း ၈ ဆိုင်း ပါဝင်ထိုးသတ်သွားမည်ဖြစ်‌ကြောင်း WLC ဥက္ကဌ ဦး‌ဇေသီဟက ယ‌နေ့ (ဧပြီလ ၂၂ ရက်)‌ပြောသည်။

‌မေလ ၅ ရက်‌နေ့တွင် ပြုလုပ်မည့် Karen Spirit (ကရင့်‌သွေး)ဟု အမည်‌ပေးထား‌သော အဆိုပါပြိုင်ပွဲနှင့်ပတ်သက်ပြီး ဦး‌ဇေသီဟက “‌လော‌လောဆယ်မှာ တွဲဆိုင်းက ၈ ဆိုင်းရှိပါတယ်။ ‌ခေါင်ပွဲဖြစ်တဲ့ စိုးကြီး(စိုးလင်းဦး)က ဒဏ်ရာ ပြဿနာ‌တွေ‌ကြောင့် ‌သွေးသစ်ဝင်းလှိုင်ကို ‌ရွေးလိုက်ပါတယ်။ ‌သွေးသစ်ဝင်းလှိုင်ကလည်း ‌ဆေးစစ်လိုက် တဲ့အခါမှာ ဒူးဒဏ်ရာရှိ‌နေလို့ ရန်နိုင်ထွန်းကို ‌ရွေုးလိုက်ပါတယ်။ ရန်နိုင်ထွန်းက‌တော့ အဆင်‌ပြေသွားပါပြီး။ ‌ခေါင်ပွဲအဖြစ် ယှဉ်ပြိုင်သွားမှာပါ”ဟု ‌ပြောသည်။

ယခင်က အဓိကတွဲဆိုင်းတစ်ခုအဖြစ်ပါဝင်သည့် မြန်မာ့လက်‌ဝှေ့အ‌ကျော်အ‌မော် စိုးလင်းဦးနှင့် ဘရုလစ်ခ် (ဂျာမနီ)တို့ ပွဲပါဝင်ခဲ့‌သော်လည်း စိုးလင်းဦးမှာ ပြီးခဲ့သည့် ဧပြီလ ၁၉ရက်‌နေ့က မွန်ပြည်နယ်၊ ‌ရေးမြို့နယ် ‌သောင်ပြင်‌ကျေးရွာတွင် ပြုလုပ်သည့် ‌ရွှေရာမာန်နှင့်ပွဲတွင် ရရှိခဲ့သည့် မျက်ခုံးကွဲဒဏ်ရာ‌ကြောင့် WLC – 8 ပွဲစဉ် နှင့်လွဲ‌ချော်ခဲ့ရခြင်းလည်း ဖြစ်သည်။

လက်ရှိအတည်ပြုလိုက်သည့် တွဲဆိုင်းများမှာ ရန်နိုင်ထွန်းနှင့် ဘရုလစ်ခ်(ဂျာမနီ)၊ မိုက်ရိုင်းနှင့် ရှာမာဇာဒီ အာ‌မေးလ်(အဇာဘိုင်ဂျန်)၊ ‌သွေးသစ်‌အောင်နှင့် ‌ဒေးဗစ် မက်ကာသီ(အိုင်ယာလန်)၊ ‌အောင်‌အောင်ထူးနှင့် ‌စောမင်းမင်း၊ ‌အောင်ဟိန်းနှင့် ‌သွေးသစ်‌မောင်၊ သန်း‌ဇော်နှင့် ဟိန်းထွန်း‌အောင်၊ မင်းထက်‌ကျော်နှင့် ဘဟိန်းတို့ဖြစ်ပြီး အမျိုးသမီးပွဲ စဉ်အဖြစ် နန်းအဲအဲနှင့် Huynh Ha Huu Hieu (ဗီယက်နမ်) တို့ယှဉ်ပြိုင် ထိုးသတ်သွား မည်ဖြစ်သည်။

ကရင်ပြည်နယ်တွင် ပြုလုပ်မည့် WLC–8 ပြိုင်ပွဲတွင် ကရင်ယဉ်‌ကျေးမှုအ‌ငွေ့အသက်များဖြစ်သည့် ဖားစည်၊ ကျွဲချိုတို့ဖြင့် ထည့်သွင်း တန်ဆာဆင်ခြင်း၊ ကရင်ဒုံးအကများ၊ ကရင်‌တေးသီချင်းများကို ‌ရွေးချယ်ပြီး ထည့် သွင်းတင်ဆက်ခြင်း၊ ကရင် ဘာသာဖြင့် အချို့‌သောအစီအစဉ်များတွင် ထည့်သွင်း‌ကြော်ငြာ‌ဖော်ပြခြင်း၊ ကစားသမားအပါအဝင် ပရိဿတ်များပါ ကရင်ရိုးရာဝတ်စုံများဝတ်ဆင်ခြင်းဖြင့် ထင်ဟပ်ပြသခြင်းများ ပြုလုပ်သွားမည် ဖြစ်‌ကြောင်းလည်း သိရသည်။