Home သတင်း မွန်ပြည်နယ် ကရင်စီးပွား‌ရေးလုပ်ငန်းရှင်အသင်း ရိုးရာအစားစာနှင့် အထည်ဆိုင် ကျိုက်ထီးရိုးတွင် ဖွင့်မည်

မွန်ပြည်နယ် ကရင်စီးပွား‌ရေးလုပ်ငန်းရှင်အသင်း ရိုးရာအစားစာနှင့် အထည်ဆိုင် ကျိုက်ထီးရိုးတွင် ဖွင့်မည်

3195

ဧပြီ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

မွန်ပြည်နယ် ကရင်စီးပွား‌ရေးလုပ်ငန်းရှင် အသင်းက ဦး‌ဆောင်ကာ ကရင်ရိုးရာ အစားအစာများနှင့် ရိုးရာ အဝတ်အထည်ဆိုင်ကို မွန်ပြည်နယ် အထင်ကရ ကျိုက်ထီးရိုး ‌တောင်‌ခြေတွင် ဖွင့်လှစ်သွားမည်ဟု အသင်း ဒါရိုက်တာအဖွဲ့ဝင် ‌စော‌ကျော်မိုးက ‌ကေအိုင်စီသို့ ဧပြီ ၂၅ ရက်‌နေ့တွင် ‌ပြောသည်။

၎င်းက “ မွန်ပြည်နယ် ကရင်တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းအ‌နေနဲ့က ကျိုက်ထီးရိုး‌တောင်‌ခြေမှာ ကရင် တိုင်းရင်းသားရိုးရာ အစားအစာ၊ အဝတ်အထည်နဲ့ အသုံးအ‌ဆောင်ဆိုင်ဖွင့်ဖို့လုပ်‌နေတယ်။ အဲ့ဆိုင်ကို သူငယ် ချင်းတစ်‌ယောက်က ‌မြေ ၁၁ ဧက အသုံးပြုခွင့် ‌ပေးထားတယ်။ ကျ‌နော်တို့ ဆိုင်‌ဆောက်‌နေတယ်” ဟု ‌ပြော သည်။

အဆိုပါဆိုင်ကို ကျိုက်ထီးရိုး‌တောင်တက်ကားဂိတ် အနီးရှိ ‌တောင်တက်ကားလမ်းမ‌ဘေးတွင် တည်‌ဆောက် ‌နေခြင်းဖြစ်သည်။ ဆိုင်အတွက် ကနဦးမတည်‌ငွေကျပ် သိန်း ၅၀ဝ လျာထားပြီး မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အလိုက် ကရင်တိုင်းရင်းသားလုပ်ငန်းရှင် အသင်းဝင်များက ကျပ်သိန်း ၅ဝ စီ ထည့်ဝင်သွားရန် စီစဉ်ထားသည် ဟု ‌စော‌ကျော်မိုးက ဆက်‌ပြောသည်။

ဆိုင်တည်‌ဆောက်ပြီးစီးသွားပါက ရိုးရာ အစားအစာ၊ အဝတ်အထည်များ ‌ရောင်းချ‌ရေးနှင့် ပတ်သက်၍ တာဝန် ထမ်း‌ဆောင်သည့် သူများကို ဝန်‌ဆောင်မှုသင်တန်းများပို့ချရန် အချိန်သုံးလခန့် ရယူပြီး‌နောက်မှသာ ဆိုင်ဖွင့် လှစ်သွားရန်စီစဉ်ထားသည်ဟုု အသင်းတာဝန်ရှိသူများက ‌ပြောသည်။

မွန်ပြည်နယ် ကရင်တိုင်းရင်းသားလုပ်ငန်းရှင် အသင်းကို ပြီးခဲ့သည့် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွဲ့ စည်းခဲ့ပြီး အသင်းအ‌နေဖြင့် ယခုလုပ်ငန်းကို ပထမဦးဆုံး စတင်လုပ်ကိုင်ခြင်းဖြစ်ကာ အဆိုပါ လုပ်ငန်းနှင့် ချိတ် ဆက်၍ မွန်ပြည်နယ်၊ ကရင်တိုင်းရင်းသား‌ဒေသ ခရီးသွားလုပ်ငန်း ထပ်မံလုပ်ကိုင်သွားရန် ရည်ရွယ်ထား သည်ဟု အသင်းတာဝန်ရှိသူများက ‌ပြောသည်။