Home သတင်း ‌ရွှေမြစန္ဒီအိမ်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ‌နေထိုင်သူများ ခြိမ်း‌ခြောက်ခံ‌နေရဟု ဆို

‌ရွှေမြစန္ဒီအိမ်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ‌နေထိုင်သူများ ခြိမ်း‌ခြောက်ခံ‌နေရဟု ဆို

2672

ဧပြီ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်‌ကျေးရွာ၊ ကုန်သွယ်‌ရေးဇုန်အ‌နောက်ဘက်ရှိ ‌ရွှေမြစန္ဒီအိမ်ရာ အငြင်းပွားမှုနှင့် ပတ်သက်၍ အစိုးရနှင့်လက်နက်ကိုင်များက ‌နေထိုင်သူများကို ခြိမ်း‌ခြောက်မှုများရှိ‌နေသည်ဟု ‌နေထိုင်သူများနှင့် သွား‌ရောက်ကူညီလုပ်‌ဆောင်‌ပေး‌နေသူ အမျိုးသမီးနိုင်ငံ‌ရေးသမား ‌နော်အုန်းလှက ‌ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အိမ်ရာဝင်းအတွင်း ‌နေထိုင်သူများက ဦး‌ဆောင်ကာ ရန်ကုန်မြို့၊ ဗိုလ်တ‌ထောင်မြို့ နယ်၊ ၄၈ လမ်း၊ အထက်ဘ‌လောက်ရှိ မြန်မာဂျာနယ်လစ်ရုံးခန်း၌ ယ‌နေ့ (ဧပြီ ၂၆ ရက်)တွင် ပြုလုပ်သည့် ‌ရွှေမြစနီ္ဒ အိမ်ရာ‌နေပြည် သူများ နစ်နာမှုအ‌ပေါ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အသီးသီး ထုတ်‌ဖော်‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ‌မြေရာကိစ္စနစ်နာမှု၊ ခြိမ်း‌ခြောက်ခံရမှုများအ‌ပေါ် နိုင်ငံ‌တော်သမ္မတ၊ ပြည်သူ့လွှတ်‌တော်ဥက္ကဌ၊ အဂတိ လိုက်စားမှု တိုက်ဖျက်‌ရေး‌ကော်မရှင်၊ အမျိုးသားလူ့အခွင့်အ‌ရေး‌ကော်မရှင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ‌ကေအဲန်ယူ -ကရင်အမျိုးသားအ စည်းအရုံး ဥက္ကဌနှင့် DKBA-ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် စစ်ဦးစီးချုပ်တို့ထံ ဧပြီ ၂၅ ရက်‌နေ့တွင် အ‌ရေးယူ ‌ပေးရန် တိုင်ကြားစာ‌ပေးပို့ ထားသည်ဟု အိမ်ရာ‌နေ ပြည်သူများက ‌ပြောသည်။

‌ကေအဲန်ယူ၏ ၂၁ ရာစုပင်လုံညီလာခံကိုယ်စားလှယ်အဖြစ် တက်‌ရောက်ခဲ့ဖူးသူ ‌နော်အုန်းလှက “ ငြိမ်းစုစီ တင်ပြီး ‌နောက် တစ်‌နေ့ ညမှာပဲ DKBAက ဗိုလ်ကြီး မင်းမင်း‌ဆွေဘာ‌ပြောလဲဆို‌တော့ ငြိမ်းစုစီ ‌လျှောက်ထားတဲ့ ဦး‌မောင်ဦးကို ̔ခင်ဗျား ‌ခေါင်းအပိုပါလား̕ ဘယ်မှ မသွားနဲ့ ဒီမှာပဲ‌နေလိုရင်‌ခေါ်မယ်လို့ ‌ပြောတယ်။ ဒါလူထု‌တွေကို ခြိမ်း‌ခြောက်တဲ့ ကိစ္စပဲ။ DKBA ရဲ‌ဘော်‌တွေက လူထု‌တွေကို ဆဲတယ်။ ဒါကို ကျမဆက်ဆံ‌ရေးရုံးကို ဖုန်းဆက်‌ပြောလိုက်တယ်”သတင်းစာရှင်းလင်းပွဲတွင် ‌ပြောသည်။

ထို့အပြင် အိမ်ရာ‌မြေ အငြင်းပွား‌နေမှု ကိစ္စနှင့်ပတ်သက်၍ နန်းခင်သိန်းအိမ်၌ ဧပြီ ၂၄ ရက်‌နေ့တွင် အစည်းအ‌ဝေးပြု လုပ်ခဲ့ပြီး‌နောက် နန်းခင်သိန်းကို DKBA တပ်မိသားစုဝင်ဖြစ်သည့်အတွက် DKBAက ဌာနချုပ်သို့ ‌ခေါ်‌ဆောင်သွားကာ ထိပ်တုံးခတ်ခြင်းခံရသည်ဟု ကြားသိရ‌ကြောင်း၊ အိမ်ရာအ‌ရေး ဆန္ဒထုတ်‌ဖော်ခဲ့သည့် ‌ခေါင်း‌ဆောင်များမှလည်း ခြိမ်း ‌ခြောက်မှုများနှင့် ရင်ဆိုင်‌နေရသည်ဟု အိမ်ရာတည်တံ့‌ရေး‌ကော်မတီဝင် ဦးမြင့်သိန်းက ‌ပြောသည်။

“အိမ်‌တွေကို ‌ကေအဲန်ယူ‌တွေ‌ရော DKBA ‌တွေ‌ရော အဖွဲ့စုံက‌နေ ဘက်ဖိုး‌တွေနဲ့ ထိုးဖျက်တယ်။ အစိုးရ ဖျက်ခိုင်းတာ၊ အထက်က ဖျက်ခိုင်းတာလို့ ‌ပြောတယ်။ ပြည်သူ‌တွေက‌တော့ ခံရတာ‌ပေါ့။ ခံ‌ပြောရင် ခြိမ်း‌ခြောက်တယ်။ ကျမတို့ ဆိုနှစ် ရက်သုံးရက် ‌လောက်ပုန်း‌နေရတယ်။ အိမ်ကိုလာပြီး‌တော့ လက်နက်နဲ့ ဝိုင်းတာ ရှိပါတယ်” ဟု အိမ်ရာဝင်းအတွင်း ‌နေထိုင်သူ မငြိမ်းငြိမ်းက ‌ပြောသည်။

‌ရွှေမြစန္ဒီအိမ်ရာသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် မြဝတီမြို့အတွင်း ဆိုင်းဘုတ်‌ထောင်ကာ ဌာနဆိုင်ရာနှင့် မြို့နယ် တစ်ခုလုံးသိရှိပြီး တစ်ကွက်လျှင် ကျပ်ငါးသိန်းနှစ်‌သောင်းနှုန်းဖြင့် ‌ရောင်းချခဲ့ခြင်းဖြစ်သည့်အတွက် ယခုကိစ္စတွင် ‌ရောင်းချသူများတွင်သာ လုံးလုံး တာဝန်ရှိသည်ဟု မငြိမ်းငြိမ်းက ဆက်‌ပြောသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်က တစ်ကွက်ဝယ်တကွက်ရှုံးမည်ဟု ‌ပြောဆိုထားခြင်းကို လက်မခံနိုင်ဘဲ အိမ်ရာ‌မြေ ဝယ်ယူ ထားသူများသည် ထိုင်းနိုင်ငံတွင်‌အောက်‌ခြေသိမ်း အလုပ်လုပ်ကိုင်ကာ စု‌ဆောင်း‌ငွေဖြင့် ဝယ်ယူထားသည့် ‌မြေများဖြစ် ကာ သင့်‌တော်သလို ရှင်းလင်းလုပ်‌ဆောင်‌ပေးသင့်သည်ဟု ‌နော်အုန်းလှက ဆိုသည်။

အဆိုပါ အိမ်ရာ အငြင်းပွားမှုနှင့် ပတ်သက်၍ ဧပြီ ၂၂ရက် နံနက်ပိုင်းတွင် အိမ်ရာတွင်း ‌နေထိုင်သည့် ပြည်သူ ၃,ဝဝဝ (သုံး‌ထောင်)ခန့်က မြဝတီမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်မှုပြုလုပ်ခဲ့ကြပြီး‌နောက် ‌နော်အုန်းလှအပါအဝင် ဆန္ဒပြရာတွင် ဦး‌ဆောင်သူ ၄ ဦးကို ဧပြီ ၂၂ရက်တွင်၊ မြဝတီမြို့မရဲစခန်းက ငြိမ်းချမ်းစွာစု‌ဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပ‌ဒေပုဒ် မ (၁၉/၂၀)ဖြင့် အမှုဖွင့်ဖမ်းဆီးပြီး အာမခံ‌ပေးထားသည်ဟု ကာယကံရှင်များထံမှ သိရသည်။