Home သတင်း ‌ကော့ကရိတ်-အိန္ဒု လမ်းတံတား‌ကြေး‌လျှော့ချရန် အစီအစဉ်မရှိ‌သေးဟု ဝန်ကြီး ဦး‌စောပြည်သာ‌ပြော

‌ကော့ကရိတ်-အိန္ဒု လမ်းတံတား‌ကြေး‌လျှော့ချရန် အစီအစဉ်မရှိ‌သေးဟု ဝန်ကြီး ဦး‌စောပြည်သာ‌ပြော

2744

‌ဖေ‌ဖော်ဝါရီ ၇ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း လုပ်ငန်း ရပ်ဆိုင်းထားရသည့် အိန္ဒု- ‌ကော့ကရိတ်လမ်းပိုင်းတွင် လက်ရှိအချိန် လမ်းဆိုး ရွားစွာ ပျက်စီး‌သော်လည်း ပုံမှန်‌ကောက်ခံ‌နေဆဲဖြစ်‌သော လမ်းတံတား‌ကြေးများကို ‌လျှော့ချ‌ကောက်ခံရန် ယ ခုနှစ်တွင် အစီအစဉ်မရှိ‌သေး‌ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦး‌စောပြည်သာက ‌ပြောသည်။

လက်ရှိဖြစ်‌ပေါ်‌နေသည့် အ‌ခြေအ‌နေများအ‌ပေါ် ခရီးသွားပြည်သူများအတွက် လမ်းတံတား‌ကြေး ‌လျှော့ချ‌ပေး ရန် အစီအစဉ်ရှိမရှိကို မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးသန့်ဇင် ‌အောင်က ယ‌နေ့ ကျင်းပသည့် ကရင်ပြည်နယ်လွှတ်‌တော် နဝမပုံမှန် အစည်းအ‌ဝေး စတုတ္ထ‌နေ့တွင် ‌မေးမြန်း လာမှုအ‌ပေါ် ပြည်နယ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး သစ်‌တောသတ္တုနှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦး‌စောပြည်သာက ထိုသို့ ပြန်လည်‌ဖြေကြားခြင်းဖြစ်သည်။

“လမ်းတံတား‌ကြေး ‌ကောက်ခံ‌နေမှုကို ‌လော‌လောဆယ်ရပ်ဆိုင်းထား‌ပေးရန် အစီအစဉ်မရှိ‌သေးပါ။ အဘယ် ‌ကြောင့်ဆို‌သော် အဆိုပါ လမ်းပိုင်းအတွင်းလက်ရှိ လမ်းတံတား အသုံးပြုခ‌ကောက်ခံ‌နေသည့် လုပ်ငန်းရှင် များက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ကျသင့်‌သော လမ်းတံတား‌လေလံ‌ကြေးများကို နိုင်ငံ‌တော်အစိုးရသို့ ‌ပေးသွင်းထားပြီးဖြစ်တဲ့အတွက်ဖြစ်တယ်။ အကယ်၍ ‌ကော့ကရိတ်လမ်းပိုင်းပြင်ဆင်နိုင်မှုမရှိပါက ၂၀၁၉- ၂၀၂ဝ ခုနှစ်တွင် လမ်းတံတား‌ကြေး ရပ်ဆိုင်းရန်ကိစ္စကို ပြည်‌ထောင်စု အစိုးရကို တင်ပြသွားမည်”ဟု ဝန်ကြီး ‌စောပြည်သာက ပြန်လည်‌ဖြေကြားသည်။

ထို့အပြင် လက်ရှိအချိန်တွင် အိန္ဒုမှ ဇာသပြင်၊ ဇာသပြင်မှ ကျားက‌လေးအထိ ကတ္တရာလမ်းပိုင်းမှ ကားများ သွားလာနိုင်လျက်ရှိ‌သော‌ကြောင့် ကျန်ရှိသည့် ကျားက‌လေးမှ ‌ကော့ကရိတ်အထိ လမ်းပိုင်းကို ပြည်နယ်ရံပုံ ‌ငွေဖြင့် ပြင်ဆင်‌ဆောင်ရွက်နိုင်‌ရေးအတွက် ‌နေပြည်‌တော်ရှိ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာနထံ တင်ပြထားပြီး ဖြစ်သည်ဟု ဝန်ကြီး ‌စောပြည်သာက ဆက်လက်‌ပြောဆိုထားသည်။

‌ကော့ကရိတ်-အိန္ဒုလမ်းပိုင်းသည် ကရင်ပြည်နယ်အတွင်း‌နေထိုင်သူများအတွက်သာမက နယ်စပ် ကုန်သွယ် ‌ရေး အတွက် အ‌ရေးပါသည့် လမ်း‌ကြောင်းတစ်ခု ဖြစ်‌သော်လည်း လက်ရှိအချိန်တွင် အဆိုပါ လမ်းပိုင်းမှာ ယခင် ထက် ပျက်စီးမှုများဖြစ်‌ပေါ်ကာ သွားလာရခက်ခဲခြင်းအပြင် လမ်းတံတား‌ကြေး ‌လျှော့ချ‌ပေးခြင်း မရှိသည့်အ တွက် ‌ဝေဖန်‌ပြောဆိုမှုများဖြစ်‌ပေါ်‌နေခြင်းလည်း ဖြစ်သည်။

ဖားအံ-မြဝတီ ခရီးသည်တင်ယာဉ်‌ပြေးဆွဲ‌နေသူတစ်ဦးဖြစ်သူ ‌စောသန်းထိုက်က “ အရင်က လမ်းလည်း ဒီအ တိုင်းပဲ‌ပေးရတယ်။ အခုလမ်းမ‌ကောင်း‌တော့လည်း ပုံမှန်ပဲ‌ပေး‌နေရတယ်။ ‌ပေးရမယ်ဆို‌တော့လည်း ‌ပေးရတာ ပါပဲ။ အမှန်ဆိုရင်‌တော့ မဖြစ်သင့်ဘူး‌ပေါ့”ဟု ‌ပြောဆိုသည်။

လက်ရှိ ဖားအံ-မြဝတီအထိ လမ်းတံတား‌ကြေး၊ မြို့ဝင်‌ကြေး ‌ကောက်ခံသည့် ဂိတ်စုစု‌ပေါင်း ၅ ဂိတ်ခန့်ရှိ‌နေပြီး ကားအကြီးအ‌သေး၊ တင်‌ဆောင်သည့်ကုန်ပစ္စည်းအ‌လေးချိန်‌ပေါ်မူတည်၍ ဂိတ်တစ်ခုလျှင် မြန်မာကျပ်‌ငွေ အနည်းဆုံး ၅၀ဝ ကျပ် မှ ၄၂,၀၀ဝ ကျပ်အထိ‌ပေး‌ဆောင်‌နေရ‌ကြောင်း ယင်းလမ်း‌ကြောင်း‌ပေါ်‌ပြေးဆွဲ‌နေသည့် ယာဉ်‌မောင်းသူများထံမှ သိရသည်။

၎င်းလမ်းကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးသန့်ဇင်‌အောင်က“ ရှင်းရှင်း‌ပြောရမယ် ဆိုရင် ဒီလမ်း နဲ့ပတ်သက်ပြီး လွှတ်‌တော်မှာ‌မေးခွန်းတင်တာ ၃ ခါရှိပြီး အခု လမ်းရပ်နားထားတဲ့ အချိန်မှာ ပြည်နယ်အစိုးရဘက်က ပြင်ဆင်‌ပေးဖို့အစီအစဉ်ရှိလား။ တကယ်လို့မရှိရင် ဒီလမ်း‌ပေါ်မှာရှိတဲ့ လမ်းတံတား ‌ကြေး ‌ကောက်ခံ တာ‌တွေကို အမြန်ဆုံး ရပ်ဆိုင်း‌ပေးဖို့ ပြည်နယ်အစိုးရကို တင်ပြတာ၊ ပြည်သူလူထု‌တွေက လည်း ‌အော်‌နေပြီးဆို‌တော့ ဝန်ကြီးချုပ်ကလည်း ကြိုးစားပြီး လုပ်‌ဆောင်‌နေတယ်လို့ ကျ‌နော်တို့ကြားတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အိန္ဒု – ‌ကော့ကရိတ် အဆင့်မြင့်တင်‌ရေးလမ်းပိုင်းသည် လမ်းအရှည် ၄၁ ဒသမ ၂၅ မိုင် (၆၆ ဒသမ ၄ ကီလိုမီ တာ)ရှိပြီး အာဆီယံစံနှုန်းဖြင့် အဆင့်မြင့်တင်ရန် ၂ လမ်းသွား ‌ဖောက်လုပ်သွားမည့်လမ်း ဖြစ်သလို ပြည်‌ထောင် စု အစိုးရနှင့် အာရှဖွံ့ဖြိုး‌ရေးဘဏ် -ADB တို့မှ ‌ငွေ‌ကြေးပိုင်းဆိုင်ရာ သ‌ဘောတူညီချက်နှင့်အတူ CRBC ကုမ္ပဏီမှ ၂၀၁၆ခုနှစ် ဒီဇင်ဘာလမှ စတင်‌ဆောင်ရွက်ပြီး‌နောက်၂၀၁၇ ခုနှစ်တွင် စီမံကိန်း ရပ်ဆိုင်းထားသည်မှာ ယခုအချိန်ထိဖြစ်သည်။