Home သတင်း အပစ်ရပ်အဖွဲ့နယ်‌မြေရှိ ကိုယ်ဝန်‌ဆောင်မိခင်များ၊ ၂ နှစ်‌အောက်က‌လေးများအတွက် KDHWမှ တဆင့် အစိုးရ ‌ထောက်ပံ့

အပစ်ရပ်အဖွဲ့နယ်‌မြေရှိ ကိုယ်ဝန်‌ဆောင်မိခင်များ၊ ၂ နှစ်‌အောက်က‌လေးများအတွက် KDHWမှ တဆင့် အစိုးရ ‌ထောက်ပံ့

2599

‌ဖေ‌ဖော်ဝါရီ ၈ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ကရင်ပြည်နယ်အတွင်း အပစ်ရပ်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အ‌ခြေစိုက်ရာ နယ်‌မြေ၊ ‌ဝေးလံ‌ခေါင်ပါး‌ဒေသရှိ ကိုယ်ဝန်‌ဆောင်မိခင်များနှင့် အသက်(၂)နှစ်‌အောက် က‌လေးငယ်များအတွက် ‌ထောက်ပံ့‌ငွေများကို ပြည်နယ်အစိုးရက ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန (KDHW)ထံမှ တဆင့် စတင်‌ပေးအပ်‌နေပြီဟု သိရသည်။

မိခင်နှင့် က‌လေးငယ်များ အာဟာရပြည့်ဝ‌စေရန်ရည်ရွယ်ပြီး ကရင်ပြည်နယ် ဗမာတိုင်းရင်းသား‌ရေးရာဝန်ကြီး ဦး‌တေဇထွဋ်လှိုင်‌ထွေးက ကိုယ်ဝန်‌ဆောင်မိခင် ၂၈ဝ ဦး၊ ၂ နှစ်‌အောက်က‌လေးငယ် ၉၁ ဦး စုစု‌ပေါင်း ၃၇၁ ဦးအတွက် မြန်မာကျပ်‌ငွေ ၁၄၂ သိန်းငါး‌သောင်း (၁၄,၂၅၀,၀၀၀)အား ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီ ၇ ရက်) ဖားအံမြို့ က‌မော့ကစင်ရွာသစ်ရှိ (KDHW)ရုံး၌ ‌ထောက်ပံ့‌ငွေ‌ပေးအပ်ခဲ့ခြင်းဖြစ်သည်။

(KDHW) လက်‌ထောက်ဒါရိုက်တာ ‌စောဟင်နရီထွန်းက “သင်တန်း ‌ပေးထားပြီးသား ‌ဒေသခံ‌တွေနဲ့ ကျန်းမာ‌ရေးမှူး‌တွေကို ချိတ်ဆက်ပြီး‌တော့ သူတို့က တစ်ဆင့်ပြန်‌ပေးမှာဘဲဖြစ်ပါတယ်။ အခုလက်ရှိ ချိတ်ဆက်လို့ရတဲ့ ‌ဒေသခံ‌တွေကို စ‌ပေး‌နေပါပြီ” ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

ထိုသို့‌ပေးအပ်ရာတွင် က‌လေးငယ်များအတွက် ၂၀၁၈ ခုနှစ်၊ ‌အောက်တိုဘာ ၁ ရက်‌နေ့‌နောက်ပိုင်း ‌မွေးဖွားသူများကိုသာ အကျုံးဝင်မည်ဖြစ်ပြီး ကိုယ်ဝန်‌ဆောင် မိခင်များနှင့် အသက် (၂) နှစ်‌အောက် က‌လေးငယ်များ အာဟာရပြည့်ဝ ‌စေရန်အတွက် တစ်လလျှင် ၁၅,၀၀ဝ ကျပ်ဖြင့် ၃ လ တစ်ကြိမ် ‌ထောက်ပံ့‌ပေးအပ်ခြင်းဖြစ်သည်ဟု သိရသည်။

ယခုလက်ရှိ‌ကောက်ယူရရှိထားသည့် စာရင်းများမှာ ငြိမ်းချမ်း‌ရေးရယူထား‌သော ကရင်လက်နက်ကိုင်များ အ ‌ခြေစိုက်ရာ ‌ဝေးလံ‌ခေါင်ပါး‌ဒေသများမှ စာရင်းများဖြစ်ပြီး အချိန်တို‌တောင်းသဖြင့် အချို့ ကျန်ရှိ‌နေ‌သေးသည့် ‌ဒေသများလည်းရှိ‌နေ‌သေးသည်ဟု KNU-ကရင်အမျိုးသား အစည်းအရုံး ဗဟို‌ကော်မတီဝင် ၊ ကရင်ကျန်းမာ‌ရေး နှင့်ကယ်ဆယ်‌ရေးဌာန အကြီးတန်းအတိုင်ပင်ခံ ‌ဒေါက်တာမာသာက ‌ပြောသည်။

‌ထောက်ပံ့‌ကြေး‌ငွေများကို နိုင်ငံ‌တော်အစိုးရ၏ ပြည်‌ထောင်စုဘတ်ဂျက်ဖြင့် လူမှုဝန်ထမ်းကယ်ဆယ်‌ရေး နှင့် ပြန်လည်‌နေရာချထား‌ရေးဦးစီးဌာနမှ လူမှုကာကွယ်‌စောင့်‌ရှောက်‌ရေး မဟာဗျူဟာ စီမံချက်အရ ပြည်နယ်လူ မှုဝန်ထမ်း ဦးစီးဌာန၊ ကျန်းမာ‌ရေးဝန်ကြီးဌာန နှင့်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူးဌာနတို့မှ ပူး‌ပေါင်းပြီး ကရင်ကျန်းမာ ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန (KDHW) ဖြင့် ချိတ်ဆက်ကာ ‌ထောက်ပံ့‌ငွေများ ‌ပေးအပ်ခြင်းဖြစ်သည်။