Home သတင်း ဇွဲကပင်ရင်ပြင် တိုးချဲ့ခင်းရန် လိုအပ်သည့် မှန်ချပ်များ သယ်‌ဆောင်‌ရေး အခက်အခဲများ ဖြစ်‌ပေါ်‌နေ

ဇွဲကပင်ရင်ပြင် တိုးချဲ့ခင်းရန် လိုအပ်သည့် မှန်ချပ်များ သယ်‌ဆောင်‌ရေး အခက်အခဲများ ဖြစ်‌ပေါ်‌နေ

2810

‌ဖေ‌ဖော်ဝါရီ ၇ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ကရင်ပြည်နယ်၏ အထွဋ်အမြတ်ထားရာ အမှတ်သ‌ကေင်္တ တစ်ခုဖြစ်သည့် ဇွဲကပင်‌တောင်‌ပေါ်ရှိ ဆံ‌တော်ရှင် ဇွဲကပင် ‌စေတီ‌တော်ရင်ပြင် တိုးချဲ့ခင်းကျင်းရန်အတွက် လိုအပ်‌သော ‌ဆောက်လုပ်‌ရေးပစ္စည်းဖြစ်သည့် မှန်ချပ်များ ‌တောင်‌ပေါ်သို့ သယ်ယူရာတွင် လတ်တ‌လော အခက်အခဲများ ကြုံ‌တွေ့‌နေရ‌ကြောင်း ဇွဲကပင်‌ဂေါပကအဖွဲ့ တာဝန်ရှိသူများက ‌ပြောသည်။

ဇွဲက‌တောင်‌ပေါ် ရင်ပြင်တိုးချဲ့‌ရေးအတွက် ဇွဲကပင်ဆရာ‌တော်ဘုရား၏ ဦး‌ဆောင်လမ်းညွှန်မှုဖြင့် ဇွဲကပင်‌ဂေါပက အဖွဲ့မှ ‌ဆောင်ရွက်ခြင်း ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ လှူဒါန်းထားသည့်အလှူ‌ငွေများအပြင် ဆရာ‌တော်၊ သံဃာ‌တော်များ၊ ကိုရင်များ ၊ တပည့်ဒါယကာများ၏ လုပ်အား‌ပေးမှုဖြင့် စတင်အ‌ကောင် အထည်‌ဖော် ‌ဆောင်ရွက်‌နေခြင်း လည်း ဖြစ်သည်။

‌စေတီ‌တော် ရင်ပြင်တိုးချဲ့‌ရေး ဦးစီးလုပ်‌ဆောင်‌နေသည့် ဇွဲကပင်‌ဂေါပကအဖွဲ့ဥက္ကဌ ‌စောသာမြ‌အောင်က “မှန်ချပ်က ၇၀။ အ‌ပေါ်ကို ငါးချပ်ပဲ ‌ရောက်‌သေးတယ်။ တစ်ချပ်ကို ထမ်းတင်ခ တစ်သိန်း ‌ပေးရတယ်။ ဒါ‌တောင်မှ ဘယ်သူမှမထမ်းချင်ဘူး။ တစ်ချပ်ကို လူ ၈ ‌ယောက် အနည်းဆုံးထမ်းရတယ်။ ဒီဘက်နယ်က ဆရာ‌တော်‌တွေ ၊ အုန်းတစ်ပင်ဆရာ‌တော်ရဲ့ တပည့်သံဃာ ဒါယကာ‌တွေနဲ့ ဝိုင်းကူတာ သံ‌တွေ၊ သဲ‌တွေ‌တော့ အကုန်သယ်ပြီးပြီ။ မှန်ချပ် ထမ်းတင်ဖို့က ကျန်‌သေးတယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလက်ရှိ အ‌နေဖြင့် ရင်ပြင်‌ပေါ်တွင် သံ‌ဘောင်ဖွဲ့ခြင်းများ လုပ်‌ဆောင်‌နေပြီး စ‌နေ ‌ထောင့်‌နေရာရှိ ရင်ပြင်‌တော်၏ ခိုင်ခံ့မှုအားနည်း‌နေခြင်းအပြင် ဘုရားဖူးလာသူများ လုံခြုံစိတ်ချစွာဖြင့် ကျယ်ကျယ်ဝန်းဝန်း ဖူး‌မျှော်နိုင်‌ရေး၊ ဇွဲကပင်‌တောင် ‌စေတီ‌တော်‌ရေရှည်တည်တံ့‌ရေး စသည့် ရည်ရွယ်ချက်များဖြင့် ရင်ပြင်‌တော်တိုး ချဲ့ခြင်း လုပ်ငန်းများကို လုပ်‌ဆောင်ခြင်းဖြစ်‌ကြောင်းလည်း တာဝန်ရှိသူများက ‌ပြောသည်။

ထိုသို့ရင်ပြင်တိုးချဲ့‌ရေးလုပ်ငန်းများ‌ဆောင်ရွက်ရာတွင် ဇွဲကပင်‌တောင်‌ပေါ်ရှိ ‌စေတီ၏စ‌နေ‌ထောင့် ‌ချောက်ကမ်း ပါးဘက်သို့ အရှည် ‌ပေ ၁၀ဝ နှင့် အကျယ် ၁၅ ‌ပေဖြစ်‌အောင် သံ‌ဘောင်များဖြင့် ထပ်မံတိုးချဲ့ထားခြင်းဖြစ်ပြီး အလျားအနံ ၄ ‌ပေပတ် လည်နှင့် အထူ ၁ လက်မရှိသည့် မှန်ချပ် ၇ဝ ချပ်နှင့် သံ‌ချောင်းများဖြင့် တပ်ဆင်သွားမည် ဖြစ်သည်။

ဇွဲကပင်ရင်ပြင် တိုးချဲ့ခြင်းလုပ်ငန်းများကို ‌ဆောင်ရွက်အ‌ကောင်အထည်‌ဖော်ရာတွင်လည်း ‌ဆောက်လုပ် ‌ရေးအ‌တွေ့အ ကြုံရင့်ကျက်သူများဖြင့်သာ ကိုယ်ထူကိုယ်ထလုပ်‌ဆောင်‌နေကြခြင်းဖြစ်ပြီး ထိုသို့လုပ်‌ဆောင် ခြင်းအတွက် ရင်ပြင် ‌တော်ခိုင်ခံ့မှု၊ ‌ဘေးအန္တရယ်ကင်းရှင်းမှု၊ လုံခြုံစိတ်ချရမှုစသည့် အချက်များအ‌ပေါ် အ ချို့‌ပြောဆို‌ဝေဖန်မှုများလည်း ရှိ‌နေသည်။

ရင်ပြင်‌တော် တိုးချဲ့ခင်းကျင်းမှုများနှင့်ပတ်သက်ပြီး ‌စောသာမြ‌အောင်က “အင်ဂျင်နီယာပိုင်းဆိုင်ရာကို အစကတည်းက ကျ‌နော်က သူတို့ကိုလာကြည့်ပါ။ ဝိုင်းအကြံဉာဏ်‌ပေးပါ။ အကူအညီ‌တောင်း‌ပေမယ့် မလာဘူး။ ပြည်နယ်အစိုးရ အ‌နေနဲ့ လည်း အကြံအဉာဏ်‌ပေးတာ၊ ပံ့ပိုးတာ၊ ကန့်ကွက်တာ ဘာမှ မရှိဘူး။ ဇွဲကပင် အလှူခံရ‌ငွေ နဲ့ပဲ လုပ်တာပါ ”ဟု‌ပြောသည်။

ဇွဲကပင်ရင်ပြင် တိုးချဲ့သည့် လုပ်ငန်းကိစ္စများကို ၂၀၁၈ခုနှစ်၊ ဇွန်လတွင် စတင် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၁၉ခုနှစ်၊ တ‌ပေါင်း(မတ်လ)လပြည့် ဘုရားပွဲ‌တော်တွင် ‌ရေစက်ချအလှူပြုလုပ်ရန်နှင့် အပြီး သတ်‌ဆောင်ရွက်နိုင်ရန် ရည်မှန်းထားခြင်းဖြစ်သည်ဟုလည်း ဦးစီးလုပ်‌ဆောင်သူများက ‌ပြောသည်။