Home သတင်း အပတ်စဉ် ကရင်ဘာသာရုပ်သံ ထုတ်လွှင့်ချိန် ‌ပြောင်းလဲမှု အသိ‌ပေးခြင်း

အပတ်စဉ် ကရင်ဘာသာရုပ်သံ ထုတ်လွှင့်ချိန် ‌ပြောင်းလဲမှု အသိ‌ပေးခြင်း

2536

DVB ရုပ်သံလိုင်းမှ အပတ်စဉ် ထုတ်လွှင့်‌ပေးလျှက်ရှိသည့် တိုင်းရင်းဘာသာရုပ်သံအစီအစဉ်ကို အချိန်‌ပြောင်းလဲမှု ပြုလုပ်ထား ပါသည်။
ထို့‌ကြောင့် ‌ကေအိုင်စီက တာဝန်ယူ ထုတ်လွှင့်‌ပေးလျှက်ရှိသည့် ကရင်ဘာသာ ရုပ်သံအစီအစဉ်ကို ယခင် ဗုဒ္ဓဟူး‌နေ့ မနက်ပိုင်း နှင့် ညပိုင်း ထုတ်လွှင့်ချိန်အစား ဗုဒ္ဓဟူး‌နေ့ညနှင့် ကြာသပ‌တေးမနက်ပိုင်းတွင် ‌ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၁၉၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့က စတင်လိုက်ပါပြီ။
ကြည့်ရှုအား‌ပေးသူ ပရိဿတ်များအ‌နေဖြင့် ‌ပြောင်းလဲထုတ်လွှင့်ချိန်ဖြစ်သည့် အပတ်စဉ် ဗုဒ္ဓဟူး‌နေ့ မြန်မာစံ‌တော်ချိန် ည ၉း၁၅နာရီနှင့် ကြာသပ‌တေး‌နေ့ မြန်မာစံ‌တော်ချိန် မနက် ၇းဝဝနာရီတွင် ‌စောင့်‌မျှော် ကြည့်ရှုသွားနိုင်ပါ‌ကြောင်း ‌လေးစားစွာ အသိ‌ပေးအပ်ပါသည်။