Home သတင်း ဗိုလ်ချုပ်‌ကြေးရုပ်ဖျက်သိမ်း‌ရေး သပိတ်စခန်း ဖြိုခွဲခံရ အ‌ယောက်(၄၀)ဖမ်းဆီးသွား

ဗိုလ်ချုပ်‌ကြေးရုပ်ဖျက်သိမ်း‌ရေး သပိတ်စခန်း ဖြိုခွဲခံရ အ‌ယောက်(၄၀)ဖမ်းဆီးသွား

3227

‌ဖေ‌ဖော်ဝါရီလ ၇ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်‌ကော်မြို့ရှိ၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ရုံးချုပ် ‌ရှေ့တွင် ‌ဖေ‌ဖော်ဝါ ရီလ ၃ရက်‌နေ့ကတည်းက စတင်ဖွင့်လှစ်ထား‌သော ကရင်နီပြည်လူငယ်အင်အားစု၏ ဗိုလ်ချုပ်‌ကြေးရုပ်ဖျက်သိမ်း‌ရေး သပိတ်စခန်းကို ‌ဒေသခံအာဏာပိုင်ရဲများမှာ ယ‌နေ့မွန်းလွဲပိုင်းတွင် စတင်ဖြိုခွဲခဲ့ပြီး ပါဝင်သူ အ‌ယောက် (၄၀)ကို ဖမ်းဆီး‌ခေါ်‌ဆောင်သွားသည်ဟု သပိတ်စခန်း၏ ‌ပြောခွင့်ရ ခူးရီးရယ်က ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းက “အဓိကသူတို့‌ပြောတာက ကျ‌နော်တို့လုပ်တာ ဥပ‌ဒေနဲ့မညီဘူး‌ပေါ့ဗျာ။ ဥပ‌ဒေနဲ့မညီဘူး၊ ခင်ဗျာတို့ စာ (၁၄၈) နဲ့မပြည့်ဘူးဆိုပြီး ကျ‌နော်တို့ကို လာဖြိုခွဲ တယ်။ ဒါ‌ပေမဲ့ ဒီ‌နေရာက သူတို့ ကန့်သတ်ထား တဲ့ နယ်‌မြေ ဧရိယာထဲမှာလည်း မပါပါဘူး”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထိုသို့ ဖမ်းဆီးသွားခဲ့ပြီး‌နောက် ပိုင်း သပိတ်စခန်းတွင် ကျန်ရှိ‌နေ‌သေး သည့် လူငယ်အင် အား ၃၆ဦးကိုပါ ဖယ်ရှားခိုင်း ထား‌သော်လည်း သပိတ်စခန်း လူငယ်များက လွိုင်‌ကော်မြို့ တွင် လက်ရှိတည်‌ဆောက် ထားပြီး သား ဗိုလ်ချုပ်‌အောင်ဆန်းမြင်းစီး‌ကြေးရုပ်တုကို ဖြိုဖျက်‌ပေးရန် (သို့မဟုတ်) ‌ရွှေ့‌ပေးသွားရန် ‌တောင်းဆို ထားပြီး ၎င်းတို့၏ ‌တောင်းဆိုချက်မရမ ချင်းသပိတ်စခန်းဆက်ထိုင်သွားမည်ဟုလည်း ခူးရီးရယ် က ဆက်‌ပြောသည်။

‌ဒေသခံတာဝန်ရှိရဲများမှ သပိတ်စခန်း ထိုင်‌နေသည့် ပိုစတာဆိုင်းဘုတ်များ၊ လူအိပ်တဲ များ၊ အမိုးအကာများ ကို ဖြုတ်ဖျက်သွားပြီး သပိတ်စခန်းကိုဦး‌ဆောင်သည့် ခူကြူးဖယ်‌ကေး၊ ခွန်ရဲမင်း‌ကျော်၊ ‌ဂျော်လယ်နှင့် မူ့ အက်ကနက် စသည့် ဦး‌ဆောင်သူ (၄)ဦးကို ယ‌နေ့မွန်းလွဲပိုင်းတွင် ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့ပြီးဖြစ်သည်ဟု ၎င်းလူငယ်များက ‌ပြောသည်။

ယခုလ ‌ဖေ‌ဖော်ဝါရီလ ၂ရက်‌နေ့မှစ၍ NLD ၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ-CEC ‌ပြော‌ရေးဆိုခွင့်ရှိသူ များ လာ‌ရောက် သွားသည့်အ‌ပေါ် ‌တွေ့ဆုံရန် ‌စောင့်ဆိုင်းရာကစပြီး ‌နောက်‌နေ့မနက် ‌ဖေ‌ဖော်ဝါရီလ ၃ရက် ‌နေ့တွင် သပိတ်စခန်းကို စတင် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ကရင်နီလူငယ်များက ဆိုသည်။

ဗိုလ်ချုပ်မြင်းစီး‌ကြေးရုပ်တုအား ထားရှိရန် ကယားပြည်နယ်အစိုးရမှ ပြီးခဲ့သည့်နှစ်က စတင်စီစဉ်ခဲ့ရာ ၎င်းအစီအစဉ်အ‌ပေါ် ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ တို်င်းရင်းသားလူငယ် အင်အားစုများက လက်ကမ်းစာ‌စောင် ဖြန့်‌ဝေကာ ကန့်ကွက်ခြင်း၊ လမ်း‌လျှောက်ဆန္ဒ‌ဖော်ထုတ်ကန့်ကွက်ခြင်းများကို ယမန်နှစ် ဇွန်နှင့် ဇူလိုင်လများ က ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ ကန့်ကွက်ဆန္ဒပြခဲ့‌သော် လည်း ပြည်နယ်အစိုးရ ၏ အစီအစဉ်ဖြင့် ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၂ရက်‌နေ့ က လွိုင်‌ကော်မြို့၊ ဂန္ဓာ‌ဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်‌ကြေးရုပ်တုဖွင့်ပွဲကို ပြုလုပ်ခဲ့ပြီး ၎င်း‌ကြေးရုပ်ထားရှိမှုအ‌ပေါ် ‌ဒေသခံပြည်သူလူထုအချို့က ‌ဖေ‌ဖော်ဝါရီ ၂ ရက်‌နေ့တွင်လည်း ‌ထောက်ခံဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။