Home သတင်း ‌လေးမြို့မြစ်‌ပေါ်တွင် မည်သည့်စီမံကိန်းမျှ မလုပ်‌ဆောင်ရန် CRW ‌တောင်းဆို

‌လေးမြို့မြစ်‌ပေါ်တွင် မည်သည့်စီမံကိန်းမျှ မလုပ်‌ဆောင်ရန် CRW ‌တောင်းဆို

2933

ဒီဇင်ဘာ ၂၄ ရက်။ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ‌လေးမြို့မြစ်‌ပေါ်တွင် ‌ဒေသခံပြည်သူများနှင့် ညှိနှိုင်းမှုမရှိဘဲ မည်သည့် စီမံကိန်း မျှ မလုပ်‌ဆောင်ရန် ချင်းမြစ်‌ချောင်းများကွန်ယက် (CRW)က ယ‌နေ့ (ဒီဇင်ဘာလ ၂၄ရက်) သ‌ဘောထားထုတ်ပြန်‌ကြေ ညာချက် ထုတ်ပြန်ကာ ‌တောင်းဆိုလိုက်သည်။

လက်ရှိတွင် ‌လေးမြို့မြစ်‌ပေါ်တွင် ‌ရေကာတာတည်‌ဆောက်မည့် စီမံကိန်းအ‌ပေါ် မြစ်‌ကြောင်းတစ်‌လျှေက်တွင် ‌နေထိုင်သည့် ‌ဒေသခံများမှာ စိုးရိမ်ပူပန်မှုများဖြစ်‌ပေါ်ကာ ‌လေးမြို့မြစ်ကြီးထာဝစဉ် စီးဆင်းပါ‌စေ‌ကြောင်း ဆု‌တောင်းပွဲကို ပြီးခဲ့သည့် ဒီဇင် ဘာလ ၂၂ ရက်‌နေ့က ပြုလုပ်ခဲ့ပြီး‌နောက် ယခုလို သ‌ဘောထားထုတ်ပြန် ‌ကြေညာလိုက်ခြင်းဖြစ်သည်ဟု CRW ၏ ‌ပြော ခွင့်ရ ဆရာဘူးလွန်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ‌လေးမြို့မြစ်ကိုပဲ ‌ဒေသခံ ပြည်သူလူထု‌တွေက မှီခိုအားထား‌နေရတယ်။ ကားလမ်း‌တွေလဲ မ‌ပေါက်ဘူး။ ‌နောက်ပြီး‌တော့ မြစ်ကမ်းနံ‌ဘေးမှာပဲ ကိုင်း၊ ကျွန်း ‌တွေလုပ်ရတယ်။ သစ်၊ ဝါးခုတ်ရတယ်။ ‌လေးမြို့မြစ်ကို အမှီပြုပြီး‌တော့မှာ အသက်ရှင်သန်‌နေထိုင်ရတယ်‌လေ။ ‌ဒေသခံပြည်သူ‌တွေ အသက်ရှင်သန် ‌နေထိုင်ဖို့က ‌လေးမြို့မြစ်က ထာဝစဉ် စီးဆင်း‌နေ ဖို့လိုတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် ‌လေးမြို့မြစ်‌ပေါ်၌ ‌ရေကာတာ နှစ်ခုကို တည်‌ဆောက်မည့် အစီအစဉ်များရှိ‌နေပြီး ၎င်းစီမံကိန်းများ ဖြစ်‌ပေါ်လာလျှင် ‌ဒေသခံပြည်သူလူထုများမှာ ခန့်မှန်းသက်‌ရောက်နိုင်သည့် ‌ကျေးရွာ‌ပေါင်း ၆ဝ ခန့်ထိခိုက် နစ်နာ မည်ဖြစ်သလို ၎င်းစီမံကိန်း နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ‌ဒေသခံလူထုများနှင့် သ‌ဘောထားရယူ ညှိနှိုင်း တိုင်ပင်မှုများလည်းမရှိ‌ကြောင်း ဆရာဘူးလွန်က ဆက်‌ပြောသည်။

၎င်းစီမံကိန်းကို ပြီးခဲ့သည့် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ ဦး‌ဆောင်သည့် အစိုးရ လက်ထက်တွင် တရုတ်ကုမ္ပဏီမှ စက်ကိရိယာအလုံးအရင်းဖြင့် ဝင်‌ရောက်လုပ်‌ဆောင်ခဲ့ဖူးပြီး ၂၀၁၄ခုနှစ်တွင် စီမံကိန်းကို ‌ခေတ္တဆိုင်းငံ့ထားခဲ့ကာ လက်ရှိ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLDပါတီ ဦး‌ဆောင်သည့် အစိုးရ လက်ထက်တွင်မူ ပြင်သစ် နိုင်ငံမှ လုပ်‌ဆောင်မည်ဟုဆိုကာ ပညာရှင်များက လာ‌ရောက် တိုင်းတာ စမ်းသပ်မှုများပြုလုပ်‌နေသည်ဟု CRW ကဆိုသည်။

လျှပ်စစ်မီး အပြည့်အဝ အသုံးပြုနိုင်ရန်ဟုဆိုကာ ရခိုင်ပြည်နယ်တွင် စိုင်းဒင် ‌ရေအားလျှပ်စစ် စီမံကိန်း၊ သူ‌ဌေး ‌ချောင်း ‌ရေအားလျှပ်စစ် စီမံကိန်းနှင့် ‌လေးမြို့မြစ်‌ရေအားလျှပ်စစ် စီမံကိန်းကို တည်‌ဆောက်မည်ဟု ယခင် စစ်အစိုးရ လက်ထက် ကတည်းက စီမံကိန်းများ‌ရေးဆွဲခဲ့ပြီး ယ‌နေ့အထိ လက်‌တွေ့အ‌ကောင်အထည် ‌ဖော်‌ဆောင်ရွက်ခြင်းမရှိ‌ကြောင်း CRW ‌ပြောသည်။

လက်ရှိတွင် ၎င်းစီမံကိန်းနှင့်ပတ်သက်ပြီး ဖြစ်‌ပေါ်လာခြင်းရှိမရှိအ‌ပေါ် ‌ဒေသခံများမှ ပြည်နယ်အစိုးရကို ‌မေးမြန်းခဲ့ရာ လက်ရှိတွင် စမ်းသပ်ကာလတွင်သာရှိ‌နေပြီး အစိုးရကိုယ်တိုင်ပင် ‌သေချာမသိ‌သေးဘဲ ‌ဒေသခံများအ‌နေဖြင့် မစိုးရိမ်ကြရန် ‌ပြောဆိုထားမှုများရှိသည်ဟု ‌ဒေသခံများက ဆိုသည်။

CRWက ဦး‌ဆောင်ပြီး ‌လေးမြို့မြစ် ထာဝစဉ် စီးဆင်းနိုင်ပါ‌စေ‌ကြောင်း‌ခေါင်းစဉ်ဖြင့် ဆု‌တောင်းပွဲကို ဒီဇင်ဘာလ ၂၂ ရက်‌နေ့က ‌လေးမြို့မြစ်‌ပေါ်ရှိ ‌ရေကာတာတည်‌ဆောက်မည့်‌နေရာတွင် ပြုလုပ်ခဲ့ရာ ‌ဒေသခံလူထု ၉ဝ ဦး ပါဝင်တက်‌ရောက်ခဲ့ကြသည်။