Home သတင်း ဧရာဝတီတိုင်းအဆင့် ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်တွင် ရိုးရာလက်‌ဝှေ့ စိန်‌ခေါ်ပွဲ ထည့်သွင်းကျင်းပမည်

ဧရာဝတီတိုင်းအဆင့် ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်တွင် ရိုးရာလက်‌ဝှေ့ စိန်‌ခေါ်ပွဲ ထည့်သွင်းကျင်းပမည်

3096

ဒီဇင်ဘာလ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

လာမည့်နှစ်၊ ဇန်နဝါရီလ ၆ ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်နှစ်သစ်ကူး‌နေ့ကို ဂုဏ်ပြု‌သောအားဖြင့် ဧရာဝတီတိုင်း ‌ဒေသကြီး အိမ်မဲမြို့နယ်၊ ရွာသစ်အုပ်စု ‌တောင်စု‌ကျေးရွာ၌ ကျင်းပမည့် တိုင်းအဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ ‌တော်တွင် မြန်မာ့ရိုးရာလက်‌ဝှေ့ စိန်‌ခေါ်ပြိုင်ပွဲကြီးကို ထည့်သွင်းကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာ လက်‌ဝှေ့စိန်‌ခေါ်ပြိုင်ပွဲကို ဧရာဝတီတိုင်းအဆင့်ကျင်းပမည့် ကရင်နှစ်သစ်ကူး‌နေ့နှင့် ကရင်ရိုးရာ ‌ကောက်သစ်စားပွဲ‌တော်ကို ဂုဏ်ပြု‌သောအားဖြင့် ကျင်းပခြင်းဖြစ်သည့်အပြင် တိုင်းရင်းသားအချင်းချင်း ‌သွေးစည်း ညီညွတ်‌စေရန် ရည်ရွယ်ပြီး တိုင်းအစိုးရအဖွဲ့မှ ဦး‌ဆောင်ကာ ထည့်သွင်းကျင်းပခြင်းဖြစ်သည်ဟု လက်‌ဝှေ့ဖြစ်‌မြောက်‌ရေး ‌ကော်မတီ ဥက္ကဌ ‌ဒေါက်တာ မန်း‌အောင်မြတ်‌ကျော်က ‌ပြောသည်။

‌ဒေါက်တာ မန်း‌အောင်မြတ်‌ကျော်က“ တို့ ဧရာဝတီတိုင်းမှာ ရိုးရာလက်‌ဝှေ့က ‌ပျောက်ကွယ်‌နေတာ ကြာပြီ ။ ကရင်နှစ်သစ် ကူးပွဲ‌တွေမှာ လက်‌ဝှေ့က ပါစမြဲပဲ‌လေ။ လက်‌ဝှေ့နဲ့ ကရင်၊ ကရင်နဲ့လက်‌ဝှေ့ဆိုတာ ခွဲခြားလို့ မရ‌အောင်ဖြစ်တာ‌ကြောင့် တို့ဧရာဝတီမှာလည်း လက်‌ဝှေ့သမား‌တွေ ထွက်‌ပေါ်လာ‌အောင် ကျင်းပတာလည်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ့ရိုးရာလက်‌ဝှေ့ စိန်‌ခေါ်ပြိုင်ပွဲတွင် ပြိုင်ပွဲ‌ပေါင်း (၂၀) ပါဝင်မည် ဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်နှင့် ၅ ရက်‌နေ့များတွင် ည ၇ နာရီအချိန်မှ စတင်ကာ တစ်ညလျှင် အမျိုးသမီးပွဲစဉ် တစ်ပွဲပါဝင်သည့် စိန်‌ခေါ်ပြိုင်ပွဲ (၁၀)ပွဲ နှင့် ဧရာဝတီတိုင်းအတွင်းမှ တက်‌ရောက်လာ‌သော လက်‌ဝှေ့ဝါသနာရှင်များအတွက်လည်း ကြားပွဲသုံးပွဲစီ ကျင်းပ သွားမည် ဖြစ်‌ကြောင်း လက်‌ဝှေ့ပွဲ တာဝန်ရှိသူများက ‌ပြောသည်။

လက်‌ဝှေ့စိန်‌ခေါ်ပြိုင်ပွဲတွင် ထိုး‌ကြေးအမြင့်ဆုံး ကျပ် ၁၅ သိန်းနှင့် အနိမ့်ဆုံး ၃သိန်းအထိ ချီးမြှင့်သွားမည်ဖြစ်ပြီး ဃှူး(ရှူး)ခလိန်းမင်း၊ လက်သီးမိုး၊ ‌စောဆဝါး၊ ပိုက်‌ထွေး ၊ ဆလိုင်းချမ်း‌မြေ့ကို၊ ဆလိုင်းဟိန်းထက်ကို၊ ‌သော်‌နေထူး၊ မားရီးနား၊ စိန်တစ်ပွင့်၊ ငြိမ်းအိ ၊ ‌ချောညို၊ ‌စောချစ်သဲ၊ ရှင်‌မွေးသာ၊ ‌မောင်စန်း စသည့် ရိုးရာလက်‌ဝှေ့သမားများ ပါဝင် ထိုးသတ်မည်လည်း ဖြစ်သည်။

“ကရင်အမျိုးသား‌တွေရဲ့ ‌နေ့ထူး‌နေ့မြတ်‌တွေမှာ ကရင်ရိုးရာ လက်‌ဝှေ့ဆိုတာ ပါသင့်တယ်။ ကရင်လူထု‌တွေကလည်း ရိုးရာ လက်‌ဝှေ့ကို နှစ်သက်တယ်။ အထူးသဖြင့် ဧရာဝတီတိုင်းမှာ လက်‌ဝှေ့‌ကျော်‌တွေ သိပ်မရှိဘူး။ ရိုးရာကို ထိန်းသိမ်းတဲ့ အ‌နေ နဲ့လည်း လုပ်သင့်တယ်” ဟု ပုသိမ်မြို့ခံဖြစ်သူ မန်းစိုးမိုးက ‌ပြောသည်။

ထို့အပြင် ရိုးရာလက်‌ဝှေ့စိန်‌ခေါ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများမှာ မြိုင်က‌လေးဘိလပ်‌မြေစက်ရုံ၊ ‌ရွှေသထုံ၊ ‌ရွှေဘားလား(ဖားအံ)၊ A.M.T.2(ရန်ကုန်) ၊ ခြ‌သေင့်္မင်း(ရန်ကုန်) ‌ရွှေ‌ဒေါပုံ(ရန်ကုန်)၊ တိုက်ဂါး(ရန်ကုန်)၊ ‌ရွှေသထုံ(သထုံ)၊ အဖြူ‌ရောင်‌သွေးသစ်၊ ဇာတိမာန်(ရန်ကုန်)၊ ဇာနည်‌မောင်(ဖားအံ)၊ ‌ရွှေမိုးပျံ(သထုံ) စသည့် ကလပ်များမှ ဖြစ်‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ယခု အိမ်မဲမြို့နယ်တွင် ကျင်းပမည့် မြန်မာ့ရိုးရာလက်‌ဝှေ့ စိန်‌ခေါ်ပြိုင်ပွဲသည် ဧရာဝတီတိုင်းအဆင့် ကရင်နှစ်သစ်ကူး‌နေ့ကို ဂုဏ်ပြု‌သောအားဖြင့် ကျင်းပ‌သော ဒုတိယအကြိမ်‌မြောက် ရိုးရာလက်‌ဝှေ့စိန်‌ခေါ်ပွဲဖြစ်ပြီး ပထမအကြိမ်ကို ယခင်နှစ်က ပုသိမ်မြို့နယ်၌ ကျင်းပခဲ့သည့် တိုင်းအဆင့် ကရင်နှစ်သစ်ကူးတွင်လည်း ထည့်သွင်းကျင်းပခဲ့သည်ဟု သိရသည်။