Home သတင်း အီးတူထာ့ IDP စခန်းတွင် သံလွင်မြစ်‌ရေလျှံတက်မှု‌ကြောင့် ပျက်စီးဆုံးရှုံးမှုများရှိ‌နေ

အီးတူထာ့ IDP စခန်းတွင် သံလွင်မြစ်‌ရေလျှံတက်မှု‌ကြောင့် ပျက်စီးဆုံးရှုံးမှုများရှိ‌နေ

2352

စက်တင်ဘာ ၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

မူ‌တြော်(ဖာပွန်)ခရိုင်အတွင်း ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းန‌ဘေးရှိ အီတူးထာ့ စစ်‌ပြေး‌ရှောင် (IDP)စခန်းတွင် စက်တင်ဘာလ ၅ ရက်(ယမန်‌နေ့)‌နေ့က သံလွင်မြစ်‌ရေ ရုတ်တရက် မြှင့်တက်လာခြင်း ‌ကြောင့် လူ‌နေအိမ်အချို့ နစ်မြှုပ်ခဲ့ပြီး ‌ဒေသခံအချို့မှာ ‌ဘေးလွတ်ရာသို့ ယာယီ‌ပြောင်း‌ရွှေ့‌နေထိုင်‌နေကြရ သည်ဟု စခန်း၏ လူမှု‌ရေးတာဝန်ခံ ‌စော‌ပေါလယ်ကာလီလာမူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ သံလွင်မြစ်‌ရေ ရုတ်တရက်‌ရေကြီးမှု‌ကြောင့် စခန်းတွင်းရှိ လူ‌နေအိမ်တစ်လုံးမှာ လုံးဝ‌ရေနစ်မြှုပ်ခံရပြီး လူ‌နေအိမ် (၁၅)လုံးအတွင်း ‌ရေဝင်‌ရောက်ကာ အခြား လူ‌နေအိမ် ၁၃ လုံးမှာ စိုးရိမ်ရသည့်အ‌ခြေအ‌နေတွင် ရှိ‌နေသည်ဟု သူက ‌ပြောသည်။

၎င်း‌ရေနစ်မြှုပ်ခံရသည့် ‌ဒေသခံများသည့် ၎င်းတို့၏ နီးစပ်ရာ ‌နေအိမ်များတွင် သွား‌ရောက်‌နေထိုင်ကြရပြီး လက်ရှိအချိန်အထိ ‌ရေ‌လျော့ကျသွားခြင်းမရှိ‌သေးဘဲ ‌ရေနစ်မြှုပ်မှုတွင် အိမ်သာများပါ ပါဝင်ခြင်း‌ကြောင့် ကျန်းမာ‌ရေး အတွက် အ‌ရေး‌ပေါ် ‌ဆေးဝါးများလိုအပ်‌နေပြီး ‌ရေဆက်လက်မြှင့်တက်လာမည်ကိုလည်း ‌ဒေသခံများက စိုးရိမ်လျက်ရှိသည်။

အီတူးထာ့ စခန်း ‌ရေကြီး‌နေစဉ် Photo_Sawporlie Kalihlia

အီတူးထာ့ စစ်‌ရှောင်းစခန်းသည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ (၂)နယ်‌မြေအား နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ (နအဖ) စစ်အစိုးရ တပ်မ‌တော်မှ ထိုးစစ်ဆင် မှု‌ကြောင့် ‌နေရပ်စွန့်ကာ ထွက်‌ပြေးတိမ်း‌ရှောင်လာသူများကို ယာယီခိုလှုံနိုင်ရန် ထိုင်း-မြန်မာနယ်စပ် မူ‌တြော်ခရိုင် နယ်‌မြေ သံလွင်မြစ် ကမ်းနံ‌ဘေးတစ်‌နေရာတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လတ်တ‌လောတွင် လူဦး‌ရေ နှစ်‌ထောင်‌ကျော် ခိုလှုံလျက်ရှိသည်။

အီတူးထာ့ စစ်‌ရှောင်စခန်းတွင် ယခင်နှစ်များက သံလွင်မြစ်‌ရေ မြှင့်တက်လာမှု‌ကြောင့် နှစ်စဉ်နီးပါး ‌ရေနစ်မြှုပ်မှုများရှိခဲ့‌သော်လည်း ယခုလို စိုးရိမ်ရသည့် အ‌ခြေအ‌နေတွင် မရှိ‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြောသည်။