Home သတင်း ဖာပွန်‌မြောက်ပိုင်းတွင် သံသယဖြစ်ဖွယ် ဝက်သက်(Measles)‌ရောဂါ ဆိုးဝါးစွာ ကူးစက်ဖြစ်ပွား‌နေ

ဖာပွန်‌မြောက်ပိုင်းတွင် သံသယဖြစ်ဖွယ် ဝက်သက်(Measles)‌ရောဂါ ဆိုးဝါးစွာ ကူးစက်ဖြစ်ပွား‌နေ

3071
Photo_BPHWT

စက်တင်ဘာ ၆ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ် ‌မြောက်ပိုင်း၊ မူ‌တြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ထီးသဘလုထာ့ ‌ကျေးရွာအုပ်စုတွင် သံသယဖြစ်ဖွယ် ဝက်သက်(Measles)‌ရောဂါ (‌ဆေးပညာရှု‌ထောင့်အရ အတည်ပြုနိုင်ပြီ)သည် ဆိုးဝါးစွာ ကူးစက်ဖြစ်ပွား‌နေ‌ကြောင်း နယ်စပ်အ‌ခြေစိုက် နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့(BPHWT)က ‌ပြောသည်။

ထီးသဘလုထာ့‌ကျေးရွာအုပ်စုတွင် ‌ကျေးရွာ‌ပေါင်း (၁၂) ရွာအနက် (၄)ရွာဖြစ်‌သော ‌ဘွေး‌ထောရု၊ ကပီခီး၊ ဝါ‌သောကလား နှင့် ထီး‌လော်သီထာ့ စသည့်‌ကျေးရွာများတွင် ယခင် ဩဂုတ်လ ၂၄ ရက်‌နေ့စ၍ က‌လေးငယ် ၅၃ ဦး စတင်ဖြစ်ပွားရာမှ ယခုအချိန်တွင် က‌လေးငယ်‌ပေါင်း ၈ဝ ‌ကျော်အထိ တိုး၍ ဖြစ်ပွားလာ‌နေသည်ဟု BPHWTမှ ‌ဆေးမှူး ‌စောဒဲလ်ဒဲလ်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

၎င်းက “ ဖြစ်တာက ဝက်သက်‌ရောဂါလက္ခဏာရပ်‌တွေချည်းပါပဲ။ ‌ဆေးပညာရှု‌ထောင့်အရ အတည်ပြုလို့ရ တယ်။ ဒါ‌ပေမဲ့ (Diagnosis Text) လုပ်ပြီး အတည်ပြုဖို့ ခက်‌နေတုန်းပဲ။ စဖြစ်တုန်းက ၅၃ ‌ယောက်ဖြစ်တယ်။ ကျ‌နော်တို့ရဲ့ နယ်‌မြေခံ ကျန်းမာ‌ရေးလုပ်သား‌တွေက တစ်ရက်တစ်ခါ သတင်း‌ပေးပို့ချက်အရ ဖြစ်ပွားမှုက ပိုတိုးလာပြီး အခုဆို ၈၀‌ကျော် ‌လောက်ရှိလာတယ်။ အဲ့ထဲက သက်သာသွားတဲ့သူလည်း ရှိတာ‌ပေါ့ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Photo_BPHWT

လက်ရှိတွင် ဒွယ်လိုး မြို့နယ်အပြင် ဘူးသိုမြို့နယ်ရှိ ‌ကျေးရွာ တစ်ရွာကိုပါ ဆက်လက်ဖြစ်ပွား ‌နေပြီး ၎င်းဖြစ်ပွားမှုကို BPHWT ၏ နယ်‌မြေခံ ကျန်းမာ‌ရေးလုပ်သား (၁၂)ဦးသည် မယ်‌တော်‌ဆေးခန်း-MTC၊ HSS Program အဖွဲ့တို့ထံမှ အ‌ရေး‌ပေါ်လိုအပ်သည့် ‌ဆေးဝါးများကို အကူအညီရယူ၍ ‌စောင့်ကြည့် ပြုစု ကုသ‌ပေး‌နေရဆဲဟုလည်း ‌စောဒဲလ်ဒဲလ်က ဆက်‌ပြောသည်။

‌ရောဂါဖြစ်ပွားသူ ဦး‌ရေးတိုးလာခြင်း‌ကြောင့် ကျန်းမာ‌ရေးလုပ်သား ၁၂ဦးကို မတူညီသည့် ‌နေရာသို့ တာဝန်ခွဲ ‌ဝေ‌စောင့်ကြည့်ကုသမှု‌ပေး‌နေပြီး အ‌ရေး‌ပေါ်‌ဆေးဝါးများလည်း ထပ်မံလိုအပ်လျက်ရှိကာ ယမန်‌နေ့ (စက်တင် ဘာ ၅ရက်) အထိ ‌နောက်ဆုံးရရှိသည့် စာရင်များအရ လူဦး‌ရေ (၉၀)ဦးအထိ ဖြစ်ပွား‌နေပြီး ၎င်းအနက် ၁ဝဦးကို ကာကွယ်ကုသထားနိုင်ပြီးဖြစ်သည်ဟု BPHWTက ဆိုသည်။

၎င်းသံသယဖြစ်ဖွယ်‌ရောဂါကို ဝက်သက်‌ရောဂါဖြစ်‌ကြောင်းအတည်ပြုနိုင်ရန် BPHWTအပြင် SMRUကျန်း မာ‌ရေးအဖွဲ့တို့မှ ပူး‌ပေါင်းကူညီ‌ပေးသွားမည်ဖြစ်ပြီး အလားတူ ‌ရောဂါဖြစ်ပွားမှုသည် ယခင်က ၎င်း‌ဒေသတွင် ဖြစ်ပွားသူ အချို့သာရှိခဲ့ရာ ယခုနှစ်အတွင်း အဆိုးဝါးဆုံးအ‌နေဖြင့် ပထမဦးဆုံးအကြိမ်ဖြစ်ပွား‌နေ ခြင်းဖြစ် သည်ဟု နယ်‌မြေခံ ကျန်းမာ‌ရေး လုပ်သားများက ‌ပြောသည်။