Home သတင်း KNU၏ မူ‌တြော်‌ဒေသအတွင်း သဘာဝ‌ဘေးထိခိုက်ပျက်စီးမှုကြုံရသူများ အ‌ရေး‌ပေါ်အကူအညီများလိုအပ်

KNU၏ မူ‌တြော်‌ဒေသအတွင်း သဘာဝ‌ဘေးထိခိုက်ပျက်စီးမှုကြုံရသူများ အ‌ရေး‌ပေါ်အကူအညီများလိုအပ်

3151

စက်တင်ဘာ ၅ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

မူ‌တြော်(ဖာပွန်)ခရိုင် လူ‌သော၊ ဒွဲ့လိုးနှင့်ဘူးသို စသည့်မြို့နယ်များတွင် ပြီးခဲ့သည့် ဩဂုတ်လ ‌နောက်ဆုံး အပတ်အတွင်း မိုးကြီး‌ရေလျှံမှုများ‌ကြောင့် ‌ဒေသခံများ၏ လယ်‌မြေ၊ ‌တောင်ယာ၊ ဥယျာဉ်ခြံနှင့် ဆည်‌ရေ ‌မြောင်းငယ်များ ပျက်စီးဆုံးရှုံးမှုများဖြစ်‌ပေါ်ခဲ့ပြီး လက်ရှိတွင် အ‌ရေး‌ပေါ်အကူအညီများ လိုအပ်‌နေသည်ဟု သိရသည်။

ဩဂုတ်လ ၂၃ ရက်မှ ၂၆ ရက်‌နေ့အတွင်း ဖြစ်ပွားခဲ့သည့် မိုးကြီး‌ရေလျှံ၍ ‌မြေပြိုမှုများ‌ကြောင့် ‌ဒေသခံများ၏ လယ်‌မြေ၊ ဥယျာဉ်ခြံနှင့် ‌တောင်ယာများ အတွင်း စိုက်ပျိုးထားသည့် သီးနှံများ ‌ရေလွှမ်းပျက်စီးခံခဲ့ရပြီး ၎င်း စိုက်ပျိုးမှု အ‌ထောက်အကူပြု ဆည်‌မြောင်းငယ်များ ပျက်စီးဆုံးရှုံခဲ့ရသည့်အပြင် ‌ဒေသခံရွာသားအချို့ ထိခိုက်‌သေဆုံးမှုများရှိခဲ့သည်ဟု ၎င်းတို့ကို အကူအညီ‌ပေး‌နေသည့် လူမှုအဖွဲ့အစည်းအချို့က ‌ပြောသည်။

ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလုပ်ရှားမှုကွန်ယက်(KESAN)၏ လူမှုဖူလှုံ‌ရေးတာဝန်ခံ ‌စော‌နေ‌ကော်က “အကူအညီအ‌ထောက်အပံ့က တကယ့်ကို လိုအပ်‌နေတယ်။ လယ်‌မြေ၊ ‌တောင်ယာပျက်စီး သွားတဲ့သူ‌တွေ လာမယ့်နှစ်ဆို စားဖို့‌သောက်ဖို့အတွက် ဆန်စပါးစိုက်ပျိုးဖို့က ရှိ‌သေးတဲ့အ‌ပေါ်မှာ အခု အချိန်ထိ ‌တော့ အကူအညီတစ်စုံတစ်ရာလာ‌ပေးတာမျိုး‌တော့ မ‌တွေ့ရ‌သေးဘူး ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းမိုးကြီး‌ရေလျှံမှု‌ကြောင့် ‌ဒေသခံ လယ်‌မြေ‌နေရာ (၂,၂၆၃)ခု မှ (၄၉၉၃.၉၂)ဧက၊ ‌တောင်ယာ (၁၄၃၆)ခင်း၊ ဥယျာဉ်ခြံ(၅၄)ခုမှ (၁၃၈.၆၂) ဧက၊ ဆည်‌မြောင်းငယ် (၁၂၆)ခု၊ စာသင်‌ကျောင်း (၃)‌ကျောင်း၊ အိမ်‌ခြေ (၆၉) လုံး၊ စပါးကျီ(၃၆)လုံးမှ စပါး (၁,၅၃၄)တင်း ပျက်စီးဆုံးရှုံးလျက်ရှိပြီး အိမ်‌ထောင်စု(၃,၈၇၉)စုမှ လူဦး‌ရေ (၁၇, ၉၅၇)ဦး အခက်အခဲနှင့် ရင်ဆိုင်ကြုံ‌တွေ့‌နေရသလို ‌ဒေသခံရွာသား (၈)ဦး‌သေဆုံးကာ (၈)ဦးထိခိုက်ဒဏ်ရာရ ရှိမှုဖြစ်‌ပေါ်ခဲ့သည်ဟု KNU မူ‌တြော် (ဖာပွန်) ခရိုင်၏ မှတ်တမ်းအရ သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ ‌ကျေးရွာသူ၊ ရွာသားများမှာ ၎င်းတို့လယ်တဲများတွင်သာ ခိုလှုံလျှက်ရှိပြီး အစား အ‌သောက် နှင့် ‌နေထိုင်‌ရေး၊ ကျန်းမာ‌ရေး အခက်အခဲများအတွက် ကူညီ‌ပေးရန် ‌ကေအဲန်ယူ၊ ဖာပွန်ခရိုင်က စီစဉ်‌ဆောင် ရွက်‌နေသလို သက်ဆိုင်ရာ ဗဟိုသို့လည်း အကူအညီများအတွက် တင်ပြ‌တောင်းခံထားသည်ဟု KNU မူ‌တြော်ခရိုင်က ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် လများအတွင်း အစိုးရ တပ်မ‌တော်၏ လူ‌သောမြို့နယ်အတွင်း လမ်း‌ဟောင်း လာ‌ရောက် ‌ဖောက် လုပ်မှု‌ကြောင့် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တင်းမာမှုအတွင်း ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည့် ‌ဒေသခံများ မှာ ၎င်းတို့၏ ‌နေရာ‌ဒေသသို့ ပြန်လည်ဝင်‌ရောက်လုပ်ကိုင်မှု ‌နောက်ကျခြင်းနှင့် ကြွက်များဝင်‌ရောက်ဖျက်စီးမှု ပိုမိုများလာခြင်းစသည့် အခက်အခဲများလည်း ကြုံ‌တွေ့‌နေရသည်ဟု ‌ဒေသခံများက၏ ‌ပြောပြချက်အရ သိရသည်။