Home ဆောင်းပါး ပန်း‌ရောင်အဆိပ်‌တွေ ဝါးမြိုခံ‌နေရတဲ့ ဝင်း‌ရော်‌မြေ

ပန်း‌ရောင်အဆိပ်‌တွေ ဝါးမြိုခံ‌နေရတဲ့ ဝင်း‌ရော်‌မြေ

3283

အယ်ကလို‌ဖော (စက်တင်ဘာ ၉ ရက်၊ ၂ဝ၁၈ ခုနှစ်။)

မိုး‌နှောင်းပိုင်းဖြစ်‌သော်လည်း စက်တင်ဘာ ၅ ရက်‌နေ့ နံနက်ပိုင်းတွင် ဝင်း‌ရော်‌ဒေသ၌တမနက်လုံး မိုးဖွဲဖွဲရွာ ‌နေသည်။ မိုးရွာ‌နေ‌သော်လည်း မွန်ပြည်နယ် မုဒုံနှင့် ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူသို့ ဆက်သွယ် ထား သည့် လမ်းမ‌ပေါ်တွင်တည်ရှိသည့် ဝင်း‌ရော်‌ဒေသတွင် ပုံမှန်အတိုင်း ကားများ၊ ဆိုင်ကယ်များ တစီးချင်းစီ ဖြတ် သန်းသွားလာ‌နေကြသည်။

ဝင်း‌ရော်‌ဒေသသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တည်ရှိပြီး မွန်ပြည်နယ် မုဒုံမြို့မှ ဆိုင်က ယ်ဖြင့် သွားမည်ဆိုလျှင် တစ်နာရီ‌ကျော်ခန် ့စီးလျှင်‌ရောက်မည်ဖြစ်‌သော်လည်း ကားတစ်စီးစာသာသွားလာနိုင် ပြီး ချိုင့်ခွက်များ ကြိုကြားကြိုကြားဖြစ်‌နေသည့်လမ်း‌ပေါ်တွင် ‌မော်‌တော်ကားဖြင့် မုဒုံမှ သွားမည်ဆိုလျှင်တစ်နာခွဲ ‌ကျော်ကြာမြင့်နိုင်သည်။

အဆိုပါ‌ဒေသသည် မြန်မာပြည်‌တောင်ဘက်ပိုင်း ‌ဒေါန‌တောင်တန်းနှင့် ‌တောင်ညို‌တောင်တန်းကြီးနှစ်ခုက ကာရံ ထားပြီး ဇမိမြစ်နှင့် ဝင်း‌ရော်မြစ်နှစ်သွယ် ရစ်‌ခွေ ဖြတ်သန်းစီးဆင်းသွားသည့် ‌ကျေးရွာ ၆ဝ ‌ကျော်တို့ကို ဝင်း‌ရော် မြစ်အား အစွဲပြု၍ ဝင်း‌ရော်‌ဒေသဟု အမည်‌ခေါ်တွင်လာခဲ့ခြင်းဖြစ်သည်။

ယခုလို ‌တောင်တန်းနှစ်ခု၏ ‌တောင်စွယ်များ ‌ပေါများသည့် ဝင်း‌ရော်‌ဒေသတွင် ထူးခြားမှုအ‌နေဖြင့် ‌တောင်များ ကို အမှီသဟဲပြုကာ ရွာတည်ထားမှုများရှိပြီး ကျုံခဝန်ရွာတွင် ကျုံခဝန်‌တောင်ရှိသလို ‌တောင်းဒီ၊ ဖားပြ၊ ထီမံထို၊ ‌ကျောက်ဘီလူး၊ ဖာဒရယ် ရွာများတွင်လည်း ရွာအလိုက် ‌တောင်တစ်လုံးစီ ရှိသည်ကို ‌တွေ့ရသည်။

ထို့အပြင် မြန်မာနိုင်ငံ သံဖြူဇရပ်မှ ထိုင်းနိုင်ငံ ဘန်‌ပေါမြို့သို့ ဆက်သွယ်ထားသည့် ဒုတိယကမ္ဘစစ် အတွင်း ‌ဖောက်လုပ်ခဲ့သည့် ကမ္ဘာ‌ကျော် ‌သေမင်းတမန်ရထားလမ်းသည်လည်း ဝင်း‌ရော်‌ဒေသကို ဖြတ်သန်းသွား သည်။ ဝင်း‌ရော်‌ဒေသတွင် ကရင်၊ မွန်၊ ဗမာ၊ ရှမ်း၊ ပအိုဝ်း၊ တိုင်းရင်းသား‌တွေ အများစု‌နေထိုင်ကြပြီး လက်ရှိ ‌ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် အစိုးရတို့ ‌ရော‌နှော အုပ်ချုပ်‌နေသည့် ‌ဒေသတစ်ခုဖြစ်သည်။

မိုးရာသီဖြစ်သည့်အတွက် ဝင်း‌ရော်‌ဒေသရှိ ‌တောင်များ၊ ‌တောင်တန်းများကို မြူနှင့် တိမ်များ ဖုံး‌နေပြီး ‌တောင် ‌ခြေရင်းမှစ၍ စိမ်းစို‌နေသည့်‌တောအုပ်၊ ဖူး‌ဝေစပြု အစိမ်းရင့်ရင့် စပါးခင်းများ၊ စားပင်စုံ စိုက်ပျိုးထားသည့် လူ‌နေ ခြံများ၊ ‌ရွှေဖြူ‌ခေါ် ရာဘာခြံများဖြင့် သဘာဝအတိုင်း လှပ တိတ်ဆိတ်ငြိမ်သက်‌နေသည့် ဝင်း‌ရော်‌ဒေသ၏ ‌ကျော်လွန်ခဲ့သည့် ဆယ်စုနှစ် သုံးစုခန့်ကို ပြန်ကြည့်မည်ဆိုလျှင် ကံကြမ္မာ ရိုင်းရိုင်းကို ဖြတ်သန်းခဲ့ရပြီး ပြည် တွင်း စစ်ဒဏ်ကို ခံခဲ့ရသည်။

ယခုလို ‌တော၊ ‌တောင်များဝန်းရံထားပြီး စိမ်းစို‌အေးချမ်း‌နေသည့် ဝင်း‌ရော်‌ဒေသကို ဖြတ်သန်းသွားလာသူများ၊ လာ‌ရောက်လည်ပတ်သူများအ‌နေဖြင့် စိတ်‌အေးချမ်းသာယာမှုကို ကနဦးကြုံရမည်ဖြစ်‌သော်လည်း ယင်းနှင့် ဆန့်ကျင်ဘက် ‌ဒေသအ‌ခေါ် ̔ပန်းသီး̕ ဟု တင်စားထားသည့် စိတ်ကြွရူးသွပ်‌ဆေးများ၏ အန္တရာယ်ကို ဆိုးရွားစွာ ရင်ဆိုင်‌နေရကာ ပြီးခဲ့သည့် ‌မေလအတွင်းက KNPF -ကရင်ရဲတပ်ဖွဲ့၏ ပြုစုထုတ်ပြန်ချက်အရ ဝင်း‌ရော်‌ဒေသ အတွင်း ၇၅ ရာခိုင်နှုန်းခန့် ‌ရောင်းဝယ်သုံးစွဲမှု ရှိ‌နေသည်ဟု ဆိုသည်။

ထို့အပြင် ပြည်နယ် ရဲမှူးကြီး ကြည်လင်းက “ ခလယ်၊ တံခွန်တိုင်၊ ဖားပြ ဒီဘက်ရွာ‌တွေမှာ မွန်ပြည်နယ် ကျိုက် မ‌ရော၊ ‌မော်လမြိုင်တို့မှာ ဖမ်းမိတဲ့မူးယစ်‌ဆေး‌တော်‌တော်များများက ဒီဘက်က‌နေ လာ‌ရောင်းတယ်လို့ ဒီလိုပဲ စွပ်စွဲတယ်။ နာမည်ပျက်တာ‌ပေါ့။ စက်‌တွေရိုက်ပြီး ‌ရောင်းတဲ့အဆင့်‌လောက်ထိ ‌ပြောပါတယ်။ ရွာသား‌တွေထဲမှာ ဝိသမ ‌လောဘ‌ပေါ့။ ပိုက်ဆံအမြတ်များများလိုချင်တဲ့လူက ‌ရောင်းတယ် ” ဟု ဇွန် ၄ ရက်‌နေ့က ဖားပြရွာတွင် ပြုလုပ်သည့် JMC -S အခမ်းအနား၌ မှတ်ချက်ပြု‌ပြောသည်။

ဝင်း‌ရော်‌ဒေသခံ လူလတ်ပိုင်းများ၏ အဆိုအရ ၁၉၉၃-၉၄ ခုနှစ်မတိုင်က ‌ဒေသတွင်း စိတ်ကြွ‌ဆေးပြားများသုံးစွဲ ‌ရောင်းဝယ်ခြင်းများ မရှိခဲ့‌သော်လည်း ၁၉၉၅ ခုနှစ်ခန့်မှစ၍ ရိုးသားသည့် ‌တောင်သူများကို ရင်ကြပ်‌ရောဂါနှင့် ‌လေဖြတ်သူများကို ‌ရောဂါ သက်သာ‌ပျောက်ကင်းသည်ဟု ဆိုကာ ‌ဒေသအ‌ခေါ် ̔ မြင်း‌ဆေး̕ ပန်း‌ရောင်အလုံးကို အမှုန့်ကြိတ် ‌ရေနှင့် ‌ဖျော်တိုက်ရာမှ တစ်ဆင့် စတင်သုံးစွဲမှု အချို့ဖြစ်လာခဲ့သည်။

ထို‌နောက် ‌ဒေသတွင်း ပွဲလမ်းသဘင်များ၊ သာ‌ရေးနာ‌ရေး အခမ်းအနားများတွင် အညာ‌ဒေသက ‌ရေ‌နွေးကြမ်း နှင့် ထန်းလျက်ခဲတို့ဖြင့် ဧည့်ခံသည်နည်းတူ အချိုရည်ဖြင့်‌သော်လည်း‌ကောင်း မီးနှင့် အပူ‌ပေးပြီး အ‌ငွေ့ရှူသုံးစွဲ ခြင်းဖြင့်လည်း‌ကောင်း ‌ဒေသတွင်း လူငယ်များ အချင်းချင်း အစဉ်အလာတစ်ခုလို သုံးစွဲလာကြသလို မြင်း‌ဆေး များကိုလည်း ဟင်းသီးဟင်းရွက်‌ရောင်းသည့် ပုံစံများ အလွယ်တကူ ‌ပေါ်တင်‌ရောင်းဝယ်မှုများရှိခဲ့ကာ အစပိုင်း တွင် ပညာ‌ပေးအ‌ရေးယူမှု မရှိခဲ့သည့် အ‌ခြေအ‌နေမျိုးထိ ဖြစ်ခဲ့သည်။

‌ဒေသတွင်းအုပ်ချုပ်‌ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် ‌ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံးအ‌နေဖြင့် အမျိုး သားလုံခြုံ‌ရေးအတွက် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှစတင်ကာ မူးယစ်‌ဆေး သုံးစွဲ ‌ရောင်းဝယ်သူများကို ၂၀၁၄ ‌ကော် သူး‌လေ မူးယစ်အထူးဥပ‌ဒေဖြင့် အရှိန်မြင့်ဖမ်းဆီးအ‌ရေးယူမှုများ ခပ်စိပ်စိပ် ပြုလုပ်ခဲ့သည်။ အလားတူ အစိုးရ တာဝန်ရှိသူများကလည်း ဖြန့်ချိ ‌ရောင်းချသူများကို ရွာများအထိ လာ‌ရောက်ဖမ်းဆီးမှုများ ပြုလုပ်လာသည်။

‌ကေအဲန်ယူ အ‌နေဖြင့် ၂၀၁၆ ဇူလိုင်မှ ၂၀၁၈ ‌မေအထိ ‌ဒေသတွင်းမူးယစ်‌ဆေးသုံးစွဲ ‌ရောင်းဝယ်သူ ၂၀ဝ ဦး ‌ကျော်နှင့် ‌ဆေးပြား အလုံး‌ရေ တစ်သိန်း‌ကျော် ဖမ်းဆီးကာ အများပြည်သူ‌ရှေ့တွင် ၄ ကြိမ်တိုင် မီးရှို့ဖျက်ဆီးမှု လုပ်‌ဆောင်ခဲ့‌သော်လည်း လက်ရှိတွင် ‌ရောင်းဝယ်သုံးစွဲမှု သိသိသာသာ ကျဆင်းသွားခြင်းမရှိ‌သေး‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

“ KNU ဘက်က တာဝန်အရ မူးယစ်‌ဆေးဝါး‌တွေကို ဖမ်းဆီးနှိမ်နှင်းတယ်။ လက်‌တွေ့မှာ‌တော့ ခုထိရွာတိုင်းမှာ အရက်၊ ဘီယာ‌ရောင်းသလိုမျိုး ‌ပေါ်‌ပေါ်တင်တင် ‌ရောင်းဝယ်သုံးစွဲမှု‌တွေ ယခင်အတိုင်းပဲ ရှိ‌နေတယ်။ ဖမ်းဆီး နှိမ်နှင်းတဲ့ နည်းစနစ်အပိုင်း အားနည်းတယ်လို့ မြင်တယ်။ နိုင်ငံ‌တော်ရဲနဲ့ ‌ကော်သူး‌လေရဲအဖွဲ့ ပူး‌ပေါင်းပြီး လုပ် မယ် ဆိုရင် ‌ပျောက်နိုင်တယ်။ တိုင်ကြားမှုအပိုင်းမှာ လူထု‌တွေသတင်း‌ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကြားမှာ လူထု‌တွေ အသတ်ခံရမယ့်အန္တရာယ်ရှိ‌နေတယ်” ဟု ဝင်း‌ရော်‌ဒေသ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု တာဝန်ခံ ‌စော‌ယောင့်သာအဲဆန်က မှတ်ချက်ပြု‌ပြောသည်။

ထိုအပြင် ဆိုင်ရာအဖွဲ့အစည်းများ၏ မူးယစ်‌ဆေး နှိမ်နှင်းမှုအပိုင်းကို အားမရသည့် ‌ဒေသခံများက ၂၀၁၆ ခုနှစ် တွင် မိမိ‌ကျေးရွာအလိုက် ကာကွယ်သည့်သ‌ဘောဖြင့် ‌ရောင်းဝယ်သုံးစွဲသူများကို ‌ခေါ်ယူကာ ခံဝန်ကတိ လက် မှတ် ထိုးခိုင်းမှုမျိုးပြုလုပ်ခဲ့‌သေးသည်။ ‌ရောင်းဝယ် သုံးစွဲမှု အထိုက်အ‌လျောက်‌လျော့ကျ ခဲ့‌သော်လည်း ‌နောက်ပိုင်း ဦး‌ဆောင်သူ ရွာသားတချို့ အသက်အန္တရာယ်ကြုံလာခဲ့ရမှုများ ဖြစ်‌ပေါ်လာပြီး ယင်းနည်းလမ်းဖြင့် ‌ရေရှည်‌ဆောင်ရွက်ရန် ခက်ခဲသွားသည်ဟု ဦး‌ဆောင်သူများက ဆိုသည်။

“ထိန်းချုပ်နယ်‌မြေမှာရှိတဲ့ ‌ကျေးရွာ‌တွေမှာ ၂ဝ၁၇ ဩဂုတ်က‌နေ ၂ဝ၁၈ ‌မေ အထိ‌ပေါ့။ WY မူးယစ်‌ဆေးပြား အလုံး‌ရေ တစ်သိန်းတစ်‌သောင်းနဲ့ တရားခံ ၇ ဦးကို မူးယစ်ဥပ‌ဒေနဲ့ အ‌ရေးယူ ခဲ့တယ်။ လုပ်‌တော့ လုပ်‌နေတာပဲ စမ်းတဝါးဝါးကြီးဖြစ်‌နေတယ်။ ၇၅ ရာခိုင်နှုန်း ဖြန့်ဖြူးသုံးစွဲမှုရှိတဲ့အတွက် လူထုပဲဖြစ်ဖြစ်၊ KNLA ပဲဖြစ်ဖြစ် ဒီထက်ပိုပြီး ပူး‌ပေါင်း‌ဆောင်ရွက်သင့်တယ်”ဟု KNPF ကရင်ရဲတပ်ဖွဲ့ အမှတ် ၄ စခန်းမှူး‌စောငြိမ်းချမ်းက သူ၏ အမြင်ကို ‌ပြောသည်။

ဝင်း‌ရော်‌ဒေသတွင် မူးယစ်‌ဆေးသုံးစွဲသူအများစုမှာ အသက် ၂ဝ နှင့် ၄ဝကြား လူငယ်၊ လူလတ်ပိုင်းများ အများစု ဖြစ်ကာ ပန်း‌ရောင် မူးယစ်‌ဆေးကြာင့် ‌သေ‌ကြောင်းကြံမှုများ၊ လူသတ်မှုနှင့် ခိုးဆိုးမှုများ ‌ဒေသတွင်း တစ်စ တစ်စ များလာခဲ့သည်။ ထို့အပြင် ရန်ကုန်၊ ရွာသာကြီးရှိ စိတ်‌ရောဂါကု‌ဆေးရုံသို ့‌ဆေးဖြတ်ရန် ဝင်း‌ရော်‌ဒေသမှ လူငယ် ၂ဝ ဦး‌ကျော်ကို ပို့‌ဆောင်ထား‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

ယခုလို အ‌ခြေအ‌နေများ‌ကြောင့် ‌ဒေသတွင်း လူငယ်များကို မူးယစ်‌ဆေးဝါးကင်းစင်‌ရေးနှင့် အသိပညာ‌ပေး လုပ်ငန်းများ လုပ်‌ဆောင်ရန် ၂၀၁၇ ခုနှစ်တွင် ကျင်းပသည့် ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ်၊ ၆ ကြိမ်‌မြောက် လူငယ်ညီလာခံ၌် ဝင်း‌ရော်‌ဒေသမူးယစ်‌ဆေးဝါးကင်းစင်‌ရေး လုပ်ငန်းစဉ်(၈)ရပ် ချမှတ်ပြီး အသိပညာ‌ပေး လုပ်‌ဆောင်ရန် လူငယ်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။

အဆိုပါ လူငယ်အဖွဲ့အ‌နေဖြင့် ဝင်း‌ရော်‌ဒေသ ‌ကျေးရွာများသို့ နှစ်လ ကြာ ပညာ‌ပေး ‌ဟော ‌ပြောမှုများ နှစ် လခန် ့ လိုက်လံ လုပ်‌ဆောင် ခဲ့‌သော်လည်း ဘက်‌ပေါင်းစုံ စိန်‌ခေါ်မှုများ‌ကြောင့် လက်ရှိတွင် လုပ်ငန်း ရပ်ဆိုင်း ထားလိုက်ရသည်။

‌ဒေသအတွင်း မူးယစ်‌ဆေးဝါးတားဆီးနှိမ်နှင်းမှုနဲ့ ပတ်သက်၍ ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ် ဥက္ကဌ ပဒို ‌စော‌မောင် ‌ရွှေက “မိမိတို့အဖွဲ့အားနည်းချက်‌တွေ‌ကြောင့် ထိထိ‌ရောက်‌ရောက် မကိုင်တွယ်နိုင်‌သေးသည့် အတွက် အမျိုး သားလုံခြုံ‌ရေးအ‌နေနဲ့ ရှိတဲ့အင်အားနဲ့ လုပ်‌ဆောင်သွားမယ်” ‌ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက နိုင်ငံ‌တော် သမ္မတ ဦးဝင်းမြင့်က မူးယစ်‌ဆေးဝါးကိစ္စကို ထိထိ‌ရောက်‌ရောက် နှိမ်နှင်း သွားမည်ဖြစ်ပြီး ပြည်သူများ တိုင်းကြားနိုင်ရန် တိုင်ကြား‌ရေးအတွက် လမ်းဖွင့်‌ပေးခဲ့‌သော်လည်း ကရင်ပြည်နယ်အတွင်း မူးယစ်‌ဆေးနှင့် ပတ်သက်၍ တိုင်ကြားမှုအနည်းငယ်သာ ရှိ‌သေးသည်ဟု တာဝန်ရှိ သူများထံမှ သိရသည်။

ယခုလို ဝင်း‌ရော်‌ဒေသ အုပ်ချုပ်‌ရေးပိုင်း အဖွဲ့အစည်းများ ကိုယ်တိုင် ပန်း‌ရောင် စိတ်ကြွမူးယစ်‌ဆေးကို တားဆီး နှိမ်နှင်း‌ရေး မနိုင်မနှင်းဖြစ်‌နေသည့် အ‌ခြေအ‌နေတွင် ‌ဒေသခံများအ‌နေဖြင့် လက်ဖက်ရည်ဆိုင်တွင်ပင် ယင်းအ ‌ကြောင်း မ‌ပြောဆိုရဲသည့် အ‌ခြေအ‌နေဖြစ်‌နေပြီး ‌ရောင်းဝယ်သူများ၏ ခြိမ်း‌ခြောက်ခံရမှုကို ရင်ဆိုင်‌နေရသည်။

“လူငယ် ၁ဝ ‌ယောက်မှာ ၈ ‌ယောက်‌လောက် သုံး‌နေတယ်။ တားဆီးတဲ့ မိဘပြည်သူ‌တွေက ‌ရောင်းသူ‌တွေကို ပြန်‌ကြောက်‌နေရတယ်။ မြင်း‌ဆေးအ‌ကြောင်း တိုင်ကြားတာမ‌ပြောနဲ့လက်ဖက်ရည်ဆိုင်မှာ‌တောင် ‌ပြောလို့မရဲတဲ့ အ‌ခြေအ‌နေဖြစ်‌နေတယ်။ နိုင်ငံအကျိုးစီးပွား အမျိုးသား‌တွေရဲ့အ‌ရေးကို သိမြင်ခံစားတတ်မယ်ဆိုရင် ဒီအတိုင်း ကြည့်‌နေမှာ မဟုတ်ဘူး။ ‌ဒေသအတွင်း ငြိမ်းချမ်း‌ရေး‌တွေ ဖြစ်လာခဲ့‌ပေမယ့် မူးယစ်‌ဆေးကိစ္စကို‌တော့ လျစ်လျူရှု ထားခံ‌နေရတယ်” ဟု ‌ဒေသခံ ‌စောမင်းနိုင်က ဆိုသည်။

ဝင်း‌ရော်‌ဒေသတွင် ပန်း‌ရောင် စိတ်ကြွမူးယစ်‌ဆေးပြားများကို ယခင် ၂၀၀၉ ခုနှစ်ဝန်းကျင်တွင် တစ်ပြားလျှင် ကျပ် ငါး‌ထောင်၊ ‌ခြောက်‌ထောင်ခန့် ထိ‌ဈေး‌ပေါက်ခဲ့‌သော်လည်း လက်ရှိ အချိန်တွင် တစ်ပြားလျှင် ကျပ် နှစ် ‌ထောင်၊ နှစ်‌ထောင်ငါးရာခန့်သာ ရှိပြီး ၂၄ နာရီလုံး ဝယ်ယူသုံးစွဲနိုင်သည့် အ‌ခြေအ‌နေဖြစ်‌နေသည်။ ထို့အပြင် ယခင်က ရာဇဝတ်မှု ကင်းစင်ပြီး ရိုးသားသည့် တိုင်းရင်းသား‌ဒေသမှာ ယခုအခါ ကြားဝံ့မနာသာ ရာဇဝတ်မှုများ မူးယစ်‌ဆေးနှင့် ဆက်နွှယ်ဖြစ်‌ပေါ်‌နေမှုကို ‌နေ့တဓူဝကြုံ‌တွေ့ ‌နေရသည်။

စက်တင်ဘာ ၅ ရက်‌နေ့တွင် တစ်‌နေ့လုံးနီးပါး တဖွဲဖွဲရွာ‌နေသည့် မိုးက ည‌နေ‌လေး ၄ ရီခန့်တွင် တိတ်သွား ‌သော်လည်း ဝင်း‌ရော်တခွင် တိမ်များ ဖုံးလွှမ်း‌နေသည်။ ‌တော‌တောင်များ ပတ်လည်ဝန်းရံ‌နေပြီး ဇမိမြစ်နှင့် ဝင်း‌ရော်မြစ် နှစ်သွယ် ရစ်‌ခွေ စီးဆင်း‌နေသည့် သဘာဝပကတိ အတိုင်းတည်ရှိ‌နေသည့် ဝင်း‌ရော်‌ဒေသတွင် ပန်း‌ရောင် အဆိပ်က လူငယ်များကို တစ်စ တစ်စ ဝါးမြို‌နေ ပြီး၊ လူငယ် ၁ဝ ဦးတွင် ၈ ဦးခန့် ဝါးမြိုခြင်းခံ‌နေရကာ လူငယ်များ အားလုံး ဝါးမြိုခံရ‌တော့မည့် အ‌ရေးမှာ လက်တကမ်း အလိုသို့ ‌ရောက်ရှိ‌နေပြီးဖြစ်သည်။

ယခုလို ဝင်း‌ရော်‌ဒေသကို ပန်း‌ရောင်အဆိပ် ဝါးမြို‌တော့မည့် ‌ဘေးမှ ကယ်တင်နိုင်‌ရေးအတွင် အစိုးရ၊ လက်နက် ကိုင် အဖွဲ့စည်းများအ‌နေဖြင့် ဦး‌ဆောင်ကာ ‌ဒေသခံများနှင့် ပူး‌ပေါင်းပြီး ထိထိ‌ရောက်‌ရောက် လုပ်‌ဆောင်ရမည် ဖြစ်သည်။ ဘယ်သူ‌သေ‌သေ င‌တေမာရင်ပြီး‌ရောဆိုသည့် မူးယစ်‌ဆေး‌ရောင်းဝယ်သူများကို ‌ကျောသားရင်သား မခွဲဘဲ ကိုယ်ကျိုးစီးပွားကို မကြည့်ဘဲနှင့် ထိထိ‌ရောက်‌ရောက်လုပ်‌ဆောင်ပြီး ဝင်း‌ရော် ‌ဒေသကို ပန်း‌ရောင် အဆိပ်‌ဘေးမှ ကယ်တင်ရန် တိုက်တွန်းလိုသည်။
အယ်ကလို‌ဖော