Home သတင်း ‌ရေကြီးမှု‌ကြောင့် ပြည်နယ်အတွင်း လူ ၁ဝ ဦး ‌သေဆုံးဟု ကနဦး သတင်းရရှိ

‌ရေကြီးမှု‌ကြောင့် ပြည်နယ်အတွင်း လူ ၁ဝ ဦး ‌သေဆုံးဟု ကနဦး သတင်းရရှိ

3724
ဖားအံမြို့နယ် ‌ကျောက်ကလပ်ရွာတွင် ‌ရေနစ်‌သေဆုံးခဲ့သည့် ညီအစ်မနှစ်ဦး ( Photo_Saw Myint Zaw)

ဩဂုတ် ၁ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၂ ရက်‌နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ‌ရေကြီးမှုများ ဖြစ်‌ပေါ်ခဲ့သည့် အတွက် လူ ၁ဝ ဦး‌သေဆုံးခဲ့သည်ဟု ‌ရေ‌ဘေးကူညီကယ်ဆယ်‌ရေး လုပ်‌ဆောင်‌နေသည့် အရပ်ဖက်အဖွဲ့ အစည်းများထံမှ ‌ကေအိုင်စီက ကနဦးသတင်းရရှိထားသည်။

အဆိုပါ ဖြစ်စဉ်‌ကြောင့် ‌သေဆုံးသွားသူများမှာ လှိုင်းဘွဲမြို့နယ်တွင် ကျား ၂ ဦးနှင့် သားအမိ ၂ဦး၊ ဖားအံမြို့နယ် ဝဲကရင်‌ကျေးရွာတွင် စက်‌လှေ‌မှောက်သည့်အတွက် ခြံလုပ်သား ကျား ၃ ဦး၊ ‌ကျောက်ကလပ်‌ကျေးရွာတွင် ညီ အစ်မ ၂ ဦး ‌ရေနှစ်‌သေဆုံးသလို ဖားအံမြို့တွင် ကျားတစ်ဦး ‌ရေနစ်‌သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အရပ်ဖက် ကယ်ဆယ်‌ရေးအဖွဲ့ များက ‌ပြောသည်။

လှိုင်းဘွဲမြို့နယ် Youth Network အဖွဲ့ တာဝန်ခံ ‌စောစည်သူ‌ဌေးက “ ဇူလိူင် ၂၂ ‌နေရက်‌နေ့ လှိုင်းဘွဲမြို့နယ် ဒိုင်းပြရွာနဲ့ ဒိုင်းပြကုန်းကြားမှာ ဆိုင်ကယ်နဲ့ဖြတ်ပြီး ‌ရေစီးထဲပါသွားတာ ၂ ‌ယောက်‌ပေါ့‌နော်။ တစ်‌ယောက်က ပြန် ကယ်လို့ ရသွားတယ်။
သစ်‌တောဝန်ထမ်း တစ်‌ယောက်‌တော့ ဆုံးသွားတယ်။ ‌နောက်မနက်မှာ အ‌လောင်း တစ်‌လောင်း ထပ်‌တွေ့တယ်။ ‌လှေနဲ့ သားအမိနှစ်‌ယောက် ကပ္ပလီရွာက‌နေ သာယာကုန်းဘက်သွားရင်း ‌လှေမြှုပ်လို့ ၂ ‌ယောက်စလုံး ဆုံးသွားတယ်” ဟု ဇူလိုင် ၃၁ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ဖားအံမြို့တွင် ‌ရေ‌ဘေးကူညီကယ်ဆယ်‌ရေး လုပ်‌ဆောင်‌နေသူ ‌စောမြင့်‌ဇော်က “ ‌ကျောက်ကလပ်ရွာ မှာ ညီအစ်မနှစ်‌ယောက် ‌ရေရုတ်တရက်ကြီးလာလို့ ပစ္စည်း‌ရွှေ့‌ပြောင်းရင်း ‌ရေနစ်‌သေဆုံးသွားတယ်။ ဝဲကရင် ရွာက ခြံလုပ်သား ၃ ‌ယောက် စက်‌လှေ‌မှောက်လို့ ‌ရေနစ်‌သေတယ်။ ‌ကော့ကျိုက်ရွာမှာ က‌လေးမ‌လေးတစ် ‌ယောက်လည်း ‌ရေနစ်‌သေဆုံးသွားတယ်။ ဖားအံမြို့‌ဈေး ပစ္စည်းသွားဝယ်ရင်း ကျားတစ်‌ယောက် ‌ရေနစ် ‌သေတယ်” ဟု ဇူလိုင် ၃၁ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ပြည်နယ်အတွင်း ‌ရေကြီးမှု‌ကြောင့် လူ ၁ဝ ဦး ‌သေဆုံးသည်ဟု အရပ်ဖက်အဖွဲ့အစည်းများ က‌ပြောဆို ထား‌သော်လည်း ‌ကေအိုင်စီက သီးခြားအတည်ပြုချက်မရရှိ‌သေးလို ပြည်နယ် ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ဦးစီးဌာနအ‌နေဖြင့်လည်း ‌သေဆုံးသူ ၂ ဦးကိုသာ အတည်ပြုနိုင်‌သေးပြီး ကျန်သူများကို စိစစ်ဆဲ ဖြစ်သည်ဟု ‌ပြောသည်။

ကရင်ပြည်နယ် ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဦးစီးမှူး ဦးလင်းထွဋ်က “ လူအ‌သေ‌ပျောက် စာရင်း ပို့တာ လှိုင်းဘွဲ့က ၂‌ယောက် လမ်းဖြတ်ကူးရင်း ‌ပျောက်ဆုံးသွားတယ်။ အဲဒါပဲ ရ‌သေးတယ်ဗျ။ တချို့က စာရင်း မရ ‌သေးဘူး။ တချို့ကျ‌တော့ ‌ရေကြီးမှုနဲ့ ဆိုင်လား မဆိုင်လားဆို‌တော့ စဉ်းစားရတာ‌ပေါ့‌နော်။ ကျ‌နော်တို့က သဘာဝ‌ဘေး‌ကြောင့်သာ ‌သေဆုံးမှုနဲ့ ပတ်သက်ပြီး‌တော့ ‌ထောက်ပံ့မှု‌တွေ လုပ်တာကိုး။ သက်ဆိုင်လား မသက် ဆိုင်လား မစိစစ်ရ‌သေးဘူး။ သတင်းတက်လာတာ‌တွေ‌တော့ ရှိတယ်” ဟု ဇူလိုင် ၃၁ ရက်‌နေ့တွင် ‌ပြောသည်။

ပြည်နယ်အတွင်း ‌ရေကြီးမှု‌ကြောင့် ဇူလိုင် ၃၁ ရက်‌နေ့အထိ စာရင်းများအရ ဖားအံ၊ လှိုင်းဘွဲ၊ ‌ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူဦး‌ရေး ၁၃,ဝဝဝ ‌ကျော် ကယ်ဆယ်‌ရေးစခန်းများတွင် ခိုလှုံ ‌နေရ‌ကြောင်း သတင်းရရှိသည်။