Home သတင်း လက်နက်ချ တပ်ဖွဲ့ဝင် ‌ခေါင်း‌ဆောင်သည် ‌ငွေ‌ကြေးအရှုတ်အ‌ထွေးရှိထားသူဟု KNU/KNLA-PC ‌ပြော

လက်နက်ချ တပ်ဖွဲ့ဝင် ‌ခေါင်း‌ဆောင်သည် ‌ငွေ‌ကြေးအရှုတ်အ‌ထွေးရှိထားသူဟု KNU/KNLA-PC ‌ပြော

2917

ဇူလိုင် ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

တပ်မ‌တော်ထံ လက်နက်ချခဲ့သည့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC)အဖွဲ့ဝင် အင်အား ၂၃ဦး၏ ဦး‌ဆောင်သူ ဗဟိုဌာနချုပ်မှ ဗိုလ်မှူး‌စော‌ဒွေး‌အောင်သည် ‌ငွေ‌ရေး‌ကြေး‌ရေး အရှုတ်အ‌ထွေးရှိထားသူတစ်ဦးဖြစ်သည်ဟု KNU/KNLA-PC ဗဟိုမှ တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စော‌ကျော်ညွန့်က ‌ပြောသည်။

“ဒီထွက်သွားတဲ့သူ‌တွေက ကျ‌နော်တို့ဆီက‌တော့ ဟုတ်တယ်။ ဒါ‌ပေမဲ့ သူ‌ပြောတဲ့ ‌ဒေသဖွံ့ဖြိုး‌ရေးဌာနဆိုတာက‌တော့ ကျ‌နော်တို့ဆီမှာ မရှိ‌သေးဘူး။ ဦး‌ဆောင်ထွက်သွားတဲ့သူကလည်း ‌ငွေ‌ရေး‌ကြေး‌ရေး အရှုတ်အရှင်းကိစ္စ‌လေး‌တွေရှိတယ်။ ‌ငွေ‌ရေး‌ကြေး‌ရေးနဲ့ပတ်သက်ပြီး‌တော့ နစ်နာတဲ့ ‌ဒေသခံ‌တွေရဲ့ တိုင်ကြားမှု‌တွေ‌ကြောင့် ဗဟိုကဆင့်‌ခေါ်ပြီး‌တော့ အကြိမ် ကြိမ် သတိ‌ပေး‌ပြောဆိုပြီး အပြစ်‌ပေးဖို့အထိရှိတယ်။ အဲ့ဒါ‌ကြောင့် ထွက်သွားတယ်လို့ ယူဆတယ်”ဟု ဗိုလ်မှူးကြီး‌စော‌ကျော် ညွန့်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

(KNU/KNLA-PC)အဖွဲ့၊ ဗဟိုဌာနချုပ်မှ ဗိုလ်မှူး‌စော‌ဒွေး‌အောင် ဦးစီးသည့် အင်အား ၂၃ဦးသည် ယမန်‌နေ့ (ဇူလိုင် ၁၈ရက်) နံနက် ၁၁နာရီခန့်က ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ ‌တောင်က‌လေးနယ်‌မြေခံတပ်ရင်းထံ လက်နက်နှင့် ငြိမ်းချမ်း‌ရေး လဲလှယ်ပြီး ဥပ‌ဒေ‌ဘောင်အတွင်း ဝင်‌ရောက်ခဲ့‌ကြောင်း တပ်မ‌တော် ကာကွယ်‌ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူး‌စော‌ဒွေး‌အောင်နှင့် အဖွဲ့ဝင်များသည် သာမန်ပြည်သူဘဝဖြင့် ‌အေးချမ်းစွာ‌နေထိုင်လိုခြင်း၊ မိသားစုဘဝ တိုးတက်‌ရေး အတွက် ဥပ‌ဒေနှင့်အညီ လွတ်လပ်စွာ‌ဆောင်ရွက်လိုခြင်းတို့‌ကြောင့် လက်နက်၊ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့်အတူ ဥပ‌ဒေ ‌ဘောင်အတွင်း ဝင်‌ရောက်ခဲ့ခြင်းဖြစ်သည်ဟု တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

KNU/KNLA-PC အဖွဲ့သည် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ (၁၅)ရက်‌နေ့တွင် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားခဲ့သည့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့အနက် တစ်ဖွဲ့ ဖြစ်သည်။