Home သတင်း တနသင်္ာရီတိုင်းတွင်း လုပ်‌ဆောင်‌နေသည့် သစ်‌တောထိန်းသိမ်း‌ရေး စီမံကိန်းအ‌ပေါ် ဌာ‌နေတိုင်းရင်းသားများ စိုးရိမ်

တနသင်္ာရီတိုင်းတွင်း လုပ်‌ဆောင်‌နေသည့် သစ်‌တောထိန်းသိမ်း‌ရေး စီမံကိန်းအ‌ပေါ် ဌာ‌နေတိုင်းရင်းသားများ စိုးရိမ်

2531

ဇူလိုင် ၁၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

တနသင်္ာတိုင်း‌ဒေသကြီးအတွင်း အစိုးရနှင့် Global Environment Facility (GEF)တို့မှ အ‌ကောင်အထည် ‌ဖော်ရန်ကြိုး ပမ်း‌နေသည့် သစ်‌တောထိန်းသိမ်း‌ရေးစီမံကိန်းအ‌ပေါ် ပွင့်လင်းမြင်သာမှုမရှိခြင်း‌ကြောင့် ဌာ‌နေ တိုင်းရင်းသားများ အ‌နေဖြင့် စိုးရိမ်မှုများဖြစ်‌ပေါ်လျက်ရှိသည်ဟု ‌ဒေသခံတိုင်းရင်းသားများက ယ‌နေ့( ဇူလိုင် ၁၆) ထားဝယ်မြို့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ၌ ‌ပြောဆိုလိုက်သည်။

မြိတ်နှင့်‌ကော့‌သောင်းခရိုင်အတွင်း အ‌ကောင်အထည်‌ဖော်မည့် ‌တောင်တန်း‌ဒေသမှ သန္တာ‌ကျောက်တန်းဆီသို့ စီမံကိန်းကို အ‌ကောင်အထည်‌ဖော်ရန် ကြိုးပမ်းရာတွင် ‌ဒေသခံဌာ‌နေတိုင်းရင်းသားများနှင့် ကြိုတင်ညှိနှိုင်းပြီး သ‌ဘောထားရယူခြင်းနှင့် ချပြ‌ဆွေး‌နွေးအသိ‌ပေးမှုမရှိခြင်းအ‌ပေါ် ‌ဒေသခံများမှ စိုးရိမ်မှုဖြစ်‌ပေါ်ခြင်းဖြစ်သည်ဟု ဟင်းလှိုင်း‌ဒေသခံ‌စောမင်းရင်က ယခုလို ‌ပြောသည်။

၎င်းက “စီမံကိန်း နဲ့ပတ်သက်ပြီး ကျ‌နော်တိုု့ကို လုံးဝမ‌ပြောပြ‌သေးပါဘူး။ ဘယ်ခုနှစ်က အမျိုးသားဥယျာဉ်လုပ်ဖို့ ‌လျှောက် ထားသလဲ၊ ဘယ်အချိန်ကျရင် စီမံချက်ကို စလုပ်မလဲ၊ အားနည်းချက်၊ အားသာချက် အ‌ကောင်း အဆိုး ဘယ်လိုရှိလဲ ဆို တာကို အခုချိန်ထိ ဘာတစ်ခုမှ မ‌ပြောရ‌သေးပါဘူး။ ဒီအ‌ပေါ် ‌ဒေသခံ‌တွေက ‌ရွှေ့ရ‌ပြောင်းရတာတို့ ‌နေရပ်စွန့်ခွာရတာတို့ ဖြစ်မှာမှာကို ‌ကြောက်ကြတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ဒေသခံ ဌာ‌နေတိုင်းရင်းသားများအ‌နေဖြင့် လက်ရှိ အ‌ကောင်အထည်‌ဖော်မည့် ထိန်းသိမ်း‌ရေး စီမံကိန်းအ‌ပေါ် ပွင့်လင်းမြင်သာမှုရှိပြီး အာမခံချက်ရှိသည့် သ‌ဘောထားရယူမှုနှင့် အသိအမှတ်ပြုမှုဆိုင်ရာ ‌ထောက်ပံ့မှုများကို စီမံ‌ဆောင် ရွက်‌ပေးရန် လိုအပ်‌ကြောင်းလည်း ‌စောမင်းရင်က ဆက်‌ပြောသည်။

တနသင်္ာရီတိုင်း‌ဒေသကြီးရှိ ‌မြေယာများကို ထိန်းသိမ်း‌ရေး ဧရိယာအဖြစ်ပြုလုပ်ရန် ရည်ရွယ်သည့် ၎င်းစီမံကိန်း ကို အ‌မေရိ ကန်‌ဒေါ်လာ (၂၁)သန်းသုံးစွဲ၍ Global Environment Facility (GEF)မှ ‌ထောက်ပံ့မှု‌ပေးပြီး ကုလသ မဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)မှ တိုင်းသစ်‌တောဦးစီးဌာန၊ ငါး‌မွေးမြူ‌ရေးဦးစီးဌာန၊ တနသင်္ာရီအစိုးရ ဌာန၊ Fauna and Flora International( FFI) နှင့် Smithsonian Institution တု့ိ ပူး‌ပေါင်းအ‌ကောင်အထည် ‌ဖော်‌ဆောင်ရွက်မည့် စီမံကိန်းဖြစ်သည်ဟု သိရသည်။

အဆိုပါ စီမံကိန်း အ‌ကောင်အထည်‌ဖော်ရာတွင်လည်း ဌာ‌နေတိုင်းရင်းသားများ၏အခွင့်အ‌ရေးချိုး ‌ဖောက်မှုများ ရှိ‌နေ ‌ကြောင်း ‌ဒေသခံလူမှုအဖွဲ့အစည်းများ၏ ‌ထောက်ပြ‌ပြောဆိုမှုများရှိ‌နေသည့်အတွက် ယင်းကိစ္စနှင့် ပတ်သက်၍ တနသင်္ာရီ ထိန်းသိမ်း‌ရေးမိတ်ဖက်အဖွဲ့(CAT)၏ အဖွဲ့ဝင် (Southern Youth) တာဝန်ခံ ‌စောစံ‌ငွေက ယခုလို ‌ပြောဆိုသည်။

“ဒီမှာက ‌ဒေသခံ ဌာ‌နေတိုင်းရင်းသား‌တွေမှာ သူတို့ ကိုယ်တိုင် ထိန်းသိမ်းထားတဲ့သစ်‌တော‌တွေ ရှိနှင့်ပြီးသားဖြစ်တယ်။ ဒီစီမံကိန်းကိုလာလုပ်မယ်ဆိုရင် ဒီမှာရှိ ‌နေပြီးသား ဌာ‌နေတိုင်းရင်းသား‌တွေရဲ့ စီမံလုပ်‌ဆောင်မှု‌တွေကို အသိအမှတ်ပြုရ မယ်။ အခုက လွတ်လပ်တဲ့ ကြိုတင်အသိ‌ပေးမှုနဲ့ သ‌ဘောထားရ ယူမှု(FPIC)ရှိမ‌နေတဲ့အ‌ပေါ်မှာ ဒါက ဌာ‌နေတိုင်းရင်းသား ‌တွေကို မ‌လေးစားရာ‌ရောက်သလို သူတို့ရဲ့ အခွင့်အ‌ရေးကို ချိုး‌ဖောက်ရာ‌ရောက်တာပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စီမံကိန်းကို‌ရေးဆွဲအ‌ကောင်အထည်‌ဖော်ရာ၌ UNDPအ‌နေဖြင့် စီမံကိန်းတည်‌နေရာအတည်ပြုသည့်အ‌ပေါ် မူတည်၍ သင့်‌လျော်‌သော လွတ်လပ်စွာကြိုတင်အသိ‌ပေး သ‌ဘောထားရယူခြင်းနှင့် ‌ဆွေး‌နွေးညှိနှိုင်း သ‌ဘောထားရယူခြင်းကို စီမံကိန်းလုပ်ငန်းများအမှန်တကယ်အ‌ကောင်ထည်‌ဖော် ‌ဆောင်ရွက်စဉ် ‌သေချာလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းနှင့် လက်ရှိစီမံကိန်း‌ရေးဆွဲစဉ်ကာလအတွင်း ‌ကျေးရွာ‌ပေါင်း(၁၉)ရွာနှင့် ထိန်းသိမ်း‌ရေးနယ်‌မြေအတွင်းပါဝင်သည့် KNU -ကရင် အမျိုးသားအစည်းအရုံးနှင့် (၃)ကြိမ်တိုင်‌တွေ့ဆုံခဲ့သည်ဟု UNDPက ဆိုသည်။

တနသင်္ာရီတိုင်း သစ်‌တောဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦး‌ကျော်‌ဇေယျက “ဒီဟာက နိုင်ငံ‌တော်အတွက် တစ်မျိုး သားလုံး ‌ကောင်းဖို့အတွက်ကို သဘာဝပတ်ဝန်းကျင်ကို အ‌ရေးတကြီးထိန်းသိမ်းဖို့လုပ်ထားတဲ့ကိစ္စဖြစ်တယ်။ ဘယ်ပြည် သူလူထုကိုမှ ဒုက္ခ‌ရောက်‌အောင်လုပ်ဖို့တို့ သူတို့ရဲ့‌နေရင်း‌ဒေသ‌တွေကို ‌ပျောက်ပျက်သွားပြီး ဖယ်ရှား ‌အောင်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုမှမပါဘူး။ ကျ‌နော်တို့က ဌာနရဲ့လုပ်ထုံးလုပ်နည်းအတိုင်း လုပ်သင့်တဲ့ အလုပ်‌တွေ အကုန်လုံးကို ဆက် လုပ်သွားပါမယ်။ ‌ဒေသ‌တွေကို ကွင်းဆင်းပြီး ‌ဒေသခံ‌တွေနဲ့ ‌တွေ့ပြီး ဒါ‌တွေ လုပ်ရတဲ့ ရည်ရွယ်ချက်‌တွေကို ရှင်းလင်းမယ်၊ ‌ဆွေး‌နွေးမယ်။ တစ်ဆင့်ပြီး တစ်ဆင့်သွားမယ်။ ‌နေ့ချင်းညချင်း အမိန့်အာဏာဆန်ဆန်နဲ့လုပ်သွားစရာအ‌ကြောင်း တစ်ခုမှမ ရှိပါဘူး” ဟု ‌ကေအိုင်စီသို့ ဇူလိုင် ၁၅ရက်‌နေ့က ‌ပြောသည်။

လွန်ခဲ့သည့် ၂၀၀၂ ခုနှစ်ခန့်က အစိုးရမှ တနသင်္ာရီတိုင်း‌ဒေသအတွင်း အဆိုပြုအမျိုးသားဥယျာဉ်အ‌နေဖြင့် ထိန်းသိမ်း ‌ရေးလုပ်ငန်းများကို စတင်အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခအ‌ခြေ အ‌နေများ‌ကြောင့် အ ‌ကောင်အထည်‌ပေါ်မှု အစီအစဉ် ရပ်စဲထားရခြင်းဖြစ်သည်။

လက်ရှိ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်အတူ နိုင်ငံတကာ INGO အဖွဲ့အစည်းများနှင့် နားလည်မှု စာချွန်လွှာလက်မှတ်‌ရေးထိုးပြီး ထိန်းသိမ်း‌ရေးစီမံကိန်းများကို ဆက်လက် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စီမံကိန်ကာလ(၆)နှစ် သတ်မှတ် ထားပြီး ‌မြေဧရိယာ ၁.၄၅၂ ဟက်တာအကျယ်အဝန်းရှိသည်ဟု သိရသည်။