Home သတင်း ကရင်ပြည်နယ်တွင် ၇ လအတွင်း ‌သွေးလွန်တုပ်‌ကွေးဖြစ်ပွားသူ ၄၃၆ ဦး အထိရှိ

ကရင်ပြည်နယ်တွင် ၇ လအတွင်း ‌သွေးလွန်တုပ်‌ကွေးဖြစ်ပွားသူ ၄၃၆ ဦး အထိရှိ

3123

ဇူလိုင် ၁၇ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် နှစ်စမှစတင်ပြီး ယခုလ(ဇူလိုင်)ဆန်းပိုင်းအထိ ‌သွေးလွန်တုပ်‌ကွေး ဖြစ်ပွားသူ ၄၃၆ ဦး အထိရှိ‌ကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာ‌ရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၁၄ ရက်အထိ ‌သွေးလွန်တုပ်‌ကွေး ဖြစ်ပွားသူ ၄၃၆ ဦးအနက် ဖားအံမြို့နယ်တွင် ဖြစ် ပွားသူ ၃၀၆ဦး၊ ‌ကော့ကရိတ်မြို့နယ်တွင် ၃၅ ဦး၊ လှိုုင်းဘွဲ ၃၉ဦး ၊ မြဝတီ ၂ဝဦး၊ ကြာအင်းဆိပ်ကြီး ၈ ဦး၊ ဖာပွန် ၂၂ဦး နှင့် သံ‌တောင် ၆ ဦးတို့ဖြစ်ပြီး ဖားအံမြို့နယ်တွင် အများဆုံးဖြစ်‌ကြောင်း သိရသည်။

ပြည်နယ်ပြည်သူ့ကျန်းမာ‌ရေး ဦးစီးဌာနမှူး ‌ဒေါက်တာထွန်းမင်းက“မိုးရာသီမှာ စိုစွတ်‌တော့ ခြင်‌ပေါက်ဖွား မှုများပြီး‌တော့ ‌သွေးလွန်တုပ်‌ကွေး ပိုဖြစ်တယ်။ ‌သွေးလွန်တုပ်‌ကွေးမှာဆိုရင် Grade 1,2,3,4 ဆိုပြီး‌တော့ အဆင့်ရှိတယ်။ Grade 1 က‌တော့ အ‌ပျော့ဆုံး အဆင့်‌ပေါ့‌နော်။ အဲ့ဒါက‌တော့ လက်ရှိမှာ ဖြစ်ပွားတာ အများ ဆုံးပဲ။ Grade 4 က‌တော့ ‌ရှော့ခ် (Shock)ရပြီး‌ဆေးရုံတက်ရတဲ့အဆင့် အဲ့ဒါက‌တော့ ဖြစ်တာနည်းပါတယ် ။ အ‌သေအ‌ပျောက်က‌တော့ အဲ့ဒါက ဖြစ်တာဆို‌တော့ သတိထားရတယ်” ဟု ‌ပြောသည်။

‌သွေးလွန်တုပ်‌ကွေးဖြစ်ပွားမှုတွင် အသက် ၅နှစ်မှ ၉နှစ်အတွင်း ဖြစ်ပွားနှုန်းပိုများကာ ယ‌နေ့အထိ အသက်ဆုံးရှုံးမှု မရှိ‌ကြောင်းနှင့် ကျန်းမာ‌ရေးဌာနမှ ရပ်ကွက်အတွင်း အပတ်စဉ် လှည့်လည်ပြီး ပိုး‌လောက်လမ်း ကာကွယ်‌ဆေးများ ခတ်ခြင်း၊ ‌ဆေးမှုတ်ခြင်းများ ၊ (ဖုံး၊ သွန်၊ လဲ၊ စစ်)ကို ‌ဆောင်ရွက်‌စေရန် ဝိုင်းဝန်းကြီး ကြပ်‌ပေးခြင်းများနှင့် ကျန်းမာ‌ရေး ဆိုင်ရာ ပညာ‌ပေးခြင်းများကို ပြုလုပ်‌ပေးလျက်ရှိ‌ကြောင်းလည်း ‌ဒေါက်တာထွန်းမင်းက ‌ပြောသည်။

ထို့အပြင် မိုးရာသီအချိန်တွင် ၁၅နှစ်‌အောက် က‌လေးများ အဖျားကြီးခြင်း ၊ အနီစက်များထွက်ခြင်း၊ အန်ရာတွင် ‌ကော်ဖီ ‌ရောင် အညိုအမည်း‌လေးများပါခြင်း ၊ ဝမ်းအမည်း‌ရောင်သွားခြင်း၊ ‌သွေး‌ပေါင်ချိန်ကျခြင်း၊ ‌သွေးလန့်သည့်လက္ခဏာ၊ ‌ရှော့ခ်(Shock)ရသည့် လက္ခဏာများဖြစ်ပါက ‌ဆေးရုံ‌ဆေးခန်းများတွင် သွား‌ရောက် ကုသ‌ဆေးစစ်ခြင်းများ ‌ဆောင် ရွက်‌ပေးရန် လိုအပ်‌ကြောင်း ကျန်းမာ‌ရေးဌာနမှ ထုတ်ပြန်ထားသည်။

“ အ‌ရေးအကြီးဆုံးက‌တော့ ပြည်သူလူထု‌တွေရဲ့ ပူး‌ပေါင်းပါဝင်မှုပဲ။ အိုး‌တွေ၊ ပုံး‌တွေနဲ့ ‌ရေသို‌လှောင်ပြီး သုံးရမယ်ဆိုရင် ခြင်ဝင်ပြီး မဥနိုင်‌အောင် အဖုံး‌တွေ ‌သေချာဖုံးရမယ်။ ‌ရေကျန်‌တွေဆိုရင် အုန်းဆံဖတ်‌တွေနဲ့ ‌သေချာတိုက်ချွတ်‌ဆေး ‌ပေးရမယ်။ ဘုရားပန်းအိုး‌တွေ မှန်မှန်လဲ‌ပေးမယ်။ အိမ်တွင်း၊ အိမ်ပြင် သန့်သန့်ရှင်းရှင်းထားမယ် စတဲ့ ခြင်မ‌ပေါက်ဖွား နိုင်‌အောင် ကြိုတင်ကာကွယ်ထားတာက‌တော့ အ‌ကောင်းဆုံး‌ပေါ့‌နော်” ဟု ‌ဒေါက်တာ ထွန်းမင်းက အကြုံပြု‌ပြောကြား သည်။

‌သွေးလွန်တုပ်‌ကွေးဖြစ်ပွားမှုများအရ ယခုလက်ရှိတွင် လူဦး‌ရေ ထူထပ်‌သော ရန်ကုန်တိုင်းတွင် ဖြစ်ပွားမှု အများဆုံး ဖြစ်ပြီး ဧရာဝတီတိုင်းတွင် ဒုတိယအများဆုံးနှင့် တနသင်္ာရီတိုင်းသည် တတိယ ဖြစ်ပွားမှု အများ ဆုံးဖြစ်‌ကြောင်း ကျန်း မာ‌ရေးဌာန၏ စာရင်းအရ သိရသည်။