Home သတင်း ပါတီဝင် တစ်‌သောင်းဝန်းကျင်ရှိပြီးဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ‌ပြော

ပါတီဝင် တစ်‌သောင်းဝန်းကျင်ရှိပြီးဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ‌ပြော

2079

ဇွန် ၂၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP) စတင်တည်‌ထောင်ပြီး ပါတီ စည်းရုံး‌ရေးစဆင်းသည့် သုံးလအတွင်း ပါတီဝင် တစ်‌သောင်းဝန်းကျင်ရှိလာပြီးဖြစ်သည်ဟု ပါတီဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဖားအံမြို့နယ် အလုပ်အမှု‌ဆောင်‌ကော်မတီ ဖွဲ့စည်း‌ရေး အစည်းအ‌ဝေးကို ဇွန် ၂၉ရက် (ယ‌နေ့)တွင် ဖားအံမြို့၊ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်းတိုက်၌ ပြုလုပ်ခဲ့ရာ အစည်းအ‌ဝေး အပြီး သတင်း‌ထောက်များနှင့် ‌တွေ့ဆုံစဉ် ပါတီ ဥက္ကဌက ယခုလို ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျ‌နော်တို့က ပါတီကိုမှတ်ပုံတင်‌ပေးဖို့ အနိမ့်ဆုံးလူတစ်‌ထောင် စာရင်းတင်ရတာကိုး။ စည်းရုံး‌ရေးလုပ်ငန်း‌တွေ ပြည့်ပြည့်စုံစုံ မလုပ်နိုင်‌သေးခင်မှာပဲ အခု‌လော‌လောဆယ်မှာ ပါတီဝင်အင်အားက‌တော့ ‌သောင်းဂဏန်း ဝန်းကျင်‌လောက် ‌ရောက်ရှိ‌နေပါ ပြီး”ဟု ပါတီဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

ထိုသို့ ပါတီဝင်အင်အားများလာခြင်းသည် ပါတီအတွက် အင်အားရှိ‌စေပြီး လာမည့် ‌ရွေး‌ကောက်ပွဲတွင် ပါတီဝင်များအ‌နေဖြင့် မိမိတို့ပါတီကို မဲထည့်ခြင်းဖြင့် ‌အောင်မြင်မှုရရန် ‌မျှော်လင့်ထား‌ကြောင်း မန်း‌အောင်ပြည်စိုးက ဆက်‌ပြောသည်။

လက်ရှိပါတီအ‌နေဖြင့် ပါတီဝင်အ‌ရေအတွက် ပြည့်မှီ‌ရေး စည်းရုံး‌ရေးလုပ်ငန်းများ လုပ်‌ဆောင်ခြင်း၊ ပါတီရုံးများ ဖွင့်လှစ်ခြင်း စသည်တို့ကို ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇မြို့နယ်တွင် လုပ်‌ဆောင်‌နေပြီးဖြစ်သလို တစ်မြို့နယ်လျှင် ပါတီဝင် အနည်းဆုံး ၂၀ဝဦး ‌ကျော်ပါက မြို့နယ် အလုပ်အမှု‌ဆောင်‌ကော်မတီကို ဖွဲ့စည်း‌ပေးသွားမည်ဟု KNDP တာဝန်ရှိသူများက ‌ပြောသည်။

ပါတီအ‌နေဖြင့် မြို့နယ် အလုပ်အမှု‌ဆောင်‌ကော်မတီကို မြဝတီ၊ လှိုင်းဘွဲနှင့် ဖားအံမြို့နယ်တို့တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး ဇူလိုင် ၉ရက် ‌နေ့မှ စတင်ကာ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့ရွာများသို့ သွား‌ရောက်ပြီး ရပ်‌ကျေးနှင့် မြို့နယ်အဆင့် အလုပ်အမှု‌ဆောင်‌ကော်မ တီများ ဆက်ဖွွဲ့သွားရန်ရှိ‌ကြောင်း KNDP ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီထံမှ သိရသည်။

ကရင်ပြည်နယ် အ‌ခြေစိုက် ကရင်ပါတီများ ပူး‌ပေါင်းကာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို တည်‌ထောင်ခဲ့ခြင်းဖြစ်ပြီး ပါတီ အ‌နေဖြင့် ပြီးခဲ့သည့် မတ်လ ၁၂ရက်‌နေ့တွင် ပါတီ၏ဗဟိုအလုပ် အမှု‌ဆောင်များကို ‌ရွေးချယ်တင်‌မြှောက်ခဲ့ပြီး‌နောက် ဧပြီလမှ စတင်ကာ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းကာ ပါတီလုပ်ငန်းစဉ်များကို လုပ်‌ဆောင်‌နေခြင်း ဖြစ်သည်။