Home သတင်း ဖားအံမြို့မ အားကစားကွင်းကို ပြန်လည်ရရှိရန် လက်မှတ်ထိုး ‌တောင်းဆိုသွားမည်

ဖားအံမြို့မ အားကစားကွင်းကို ပြန်လည်ရရှိရန် လက်မှတ်ထိုး ‌တောင်းဆိုသွားမည်

2223
ဇွန် ၁၁ ရက်(ယမန်‌နေ့)က ဖားအံမြို့၊ မဂ္ဂင်‌ကျောင်းတိုက်တွင်ပြုလုပ်‌သော အစည်းအ‌ဝေး (Photo_KIC)

ဇွန် ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ဖားအံမြို့၊ မြို့မ‌ကျောက်တိုင် ‌ဘောလုံးကွင်း‌မြေ‌နေရာအား ပြည်နယ်ကျက်သ‌ရေ‌ဆောင်သာသနာ့ဗိမ္မာန် တည် ‌ဆောက်‌ရေး‌မြေ‌နေရာအဖြစ် သံဃာ‌တော်များ သ‌ဘောတူဆုံဖြတ်ပြီး‌နောက် ‌ဒေသခံများက မူလအားကစား ကွင်းအတိုင်း လူထုလက်ဝယ်သို့ ပြန်လည်ရရှိရန် လက်မှတ်‌ရေးထိုး‌တောင်းဆိုသွားမည်ဟု သိရသည်။

ဇွန် ၁၁ ရက်(ယမန်‌နေ့)က ဖားအံမြို့၊ မဂ္ဂင်‌ကျောင်းတိုက်တွင်ပြုလုပ်‌သော အစည်းအ‌ဝေး၌ သမိုင်းဝင်မြို့မအား ကစားကွင်း လူထုလက်ဝယ်သို့ ပြန်လည်ရရှိ‌ရေး‌ကော်မတီမှ ထိုသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ‌ကော်မတီ ဥက္ကဌ ဆရာဦးမြင့်‌ရွှေက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

̏ သာသနာ့ဗိမ္မာန်က ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့လူ‌တွေ အတွက်အကျိုးပဲဖြစ်‌နေတယ်။ ဒီ‌ဘောလုံးကွင်းပြန်ရဖို့ ‌တောင်းဆိုခဲ့တဲ့လူ‌တွေအထဲမှာ အခြားဘာသာဝင်‌တွေလည်းပါမှာပဲ။ ဥပ‌ဒေအရ အများပြည်သူအကျိုး‌ဆောင် ရွက်ရမယ်ဆို‌တော့ အများပိုင်‌ဘောလုံးကွင်းကို ‌ဘောလုံးကွင်းအတိုင်း ရှိ‌စေချင်တယ်။ သာသာနာ့ဗိမ္မာန်က အခြား ကြိုက်တဲ့‌နေရာမှာ ‌ဆောက်ရင် ကျ‌နော်တို့ လက်ခံပါတယ်”ဟု‌ပြောသည်။

ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် တည်ရှိပြီး ‌မြေဧရိယာ ၂ ဒသမ ၅၅၆ ဧကရှိ မြို့မ‌ဘောလုံးကွင်းအတွင်း မြ‌ဌေးကြွယ်လင်း ကုမ္ပဏီ၏ ဟိုတယ်‌ဆောက်လုပ်မှုကိစ္စကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစတင်ကာ ဖားအံမြို့မိ မြို့ဖများနှင့် သံဃာ‌တော်များစု‌ပေါင်းပြီး အကြိမ်ကြိမ် ကန့်ကွက် ‌တောင်းဆိုမှုများပြုလုပ်ခဲ့ရာ ယခု သမိုင်းဝင်မြို့ မ ‌ဘောလုံးကွင်းအတွင်း တည်‌ဆောက်‌ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။

ယခုတဖန် ပြည်နယ်သံဃာ့နာယကအဖွဲ့မှ သံဃာ‌တော်များက သာသနာ့ဗိမ္မာန်တည်‌ဆောက်ရန် ဆုံးဖြတ် လိုက်ခြင်းနှင့်ပတ်သက်၍ လက်ရှိ ပြည်သူ့အစိုးရအ‌နေဖြင့် သံဃာလက်ထဲမအပ်သင့်ဘဲ ပြည်သူပိုင် ‌ဘောလုံး ကွင်းအား ပြည်သူလက်ထဲသာ ပြန်အပ်သင့်‌ကြောင်းကို ပြည်နယ်အစိုးရသို့ စာ‌ရေးသား‌ပေးပို့သွားမည်ဟု ဦးမြင့် ‌ရွှေက ဆက်လက်‌ပြောဆိုသည်။

ထို့အပြင် ဖားအံမြို့၊ ရပ်ကွက်အသီးသီးရှိ ‌ဒေသခံများက သမိုင်းဝင်မြို့မ အားကစားကွင်း လူထုလက်ဝယ်သို့ ပြန်လည်ရရှိ‌ရေးအတွက် လက်မှတ်‌ရေးထိုး ‌တောင်းဆိုသွားမည်ဖြစ်ပြီး အ‌ခြေအ‌နေထူးခြားလာမှု မရှိပါက နိုင်ငံ ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ စာ‌ရေးသား‌တောင်းဆိုသွားမည်ဖြစ်‌ကြောင်း အဆိုပါ‌ကော်မတီဝင်များက ‌ပြောသည်။

သာသနာ့ဗိမ္မာန်တည်‌ဆောက်‌ရေး ‌မြေ‌နေရာအတွက် ဇွန်လ ၇ ရက်‌နေ့က ပြည်နယ်သံဃာ့နာယက အဖွဲ့နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ ဖားအံမြို့ ၊ မိုးကယ်‌ကျောင်းတိုက်တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြရာ ဝန်ကြီးချုပ်မှ ဖားအံ ကမ်းနားလမ်းရှိ ‌ဘောလုံးကွင်း‌ဟောင်း‌နေရာနှင့် တက္ကသိုလ်‌ရှေ့ရှိ ‌မြေလွတ်‌နေရာများထဲမှ အဆင်‌ပြေမည့် တစ်‌နေရာအား ‌ပေးရန်စီစဉ်ထား‌ကြောင်း ‌ပြောဆိုမှုများရှိခဲ့သည်။

ထို့‌နောက် ကရင်ပြည်နယ်အစိုးရမှ ခွင့်ပြု‌ပေးရန် လျာထားသည့် ဖားအံမြို့၊ မြို့မ‌ကျောက်တိုင်‌ဘောလုံးကွင်း ‌မြေ‌နေရာအား ပြည်နယ် ကျက်သ‌ရေ‌ဆောင်သာသနာ့ဗိမ္မာန်တည်‌ဆောက်‌ရေး‌မြေ‌နေရာအဖြစ် သံဃာ‌တော်များက ဇွန်လ ၉ ရက်‌နေ့က သ‌ဘောတူလက်ခံ ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

သမိုင်းဝင်မြို့မ အားကစားကွင်း လူထုလက်ဝယ်သို့ ပြန်လည်ရရှိ‌ရေး‌ကော်မတီအား ဆရာ‌တော်ကြီးများနှင့် ဒါယိကာ/မ များစု‌ပေါင်း၍ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။