Home သတင်း ဖားအံမြို့တွင် နိုင်ငံတကာ အဆင့်မီ ‌ဈေးဝယ်စင်တာတည်‌ဆောက်ရန် UHM ကုမ္ပဏီ တင်ဒါ‌အောင်မြင်

ဖားအံမြို့တွင် နိုင်ငံတကာ အဆင့်မီ ‌ဈေးဝယ်စင်တာတည်‌ဆောက်ရန် UHM ကုမ္ပဏီ တင်ဒါ‌အောင်မြင်

3522

ဇွန် ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ဖားအံမြို့တွင် နိုင်ငံတကာအဆင့်မီ ‌ဈေးဝယ်စင်တာ- Shopping Center (Plaza) တည်‌ဆောက်ရန် တင်ဒါ‌လျှောက် ထားသည့် ကုမ္ပဏီများထဲမှ UHM Development Co.Ltd မှာ ဇွန် ၂၁ ရက်‌နေ့တွင် တင်ဒါ‌အောင်မြင်သွားခဲ့သည်ဟု သိရသည်။

UHM ကုမ္ပဏီ Managing Director ဦးထွန်း‌အောင်‌ရွှေက “အမှတ်အများဆုံးရသွားတဲ့ ကျ‌နော်တို့ ကုမ္ပဏီကို ‌ရွေးလိုက်တယ်။ အဓိက‌တော့ ကျ‌နော်တို့က ဖားအံမြို့‌ဒေသခံရဲ့ လိုအပ်ချက်‌တွေ၊ ဘယ် ‌လောက်ထိ အသုံးတည့်မလဲဆိုတာ‌တွေကို စဉ်းစား‌ပေးတာတို့၊ ပြန်ပြီး ‌ဈေး‌ရောင်းဖို့ စီစဉ်‌ပေးတာတို့ အဲဒါ‌တွေ‌ကြောင့် ‌ရွေးချယ်ခံရတယ်လို့ထင်ပါတယ်”ဟု ယ‌နေ့(ဇွန် ၂၂ ရက်) ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဇွဲကပင်ပလာဇာ” ဟု နာမည်‌ပေးရန်လျာထားသည့် ‌ဈေးဝယ်စင်တာထဲတွင် ‌ဈေးဆိုင်ခန်းများအပြင် က‌လေးကစား ကွင်းများ၊ ရုပ်ရှင်ရုံ၊ စား‌သောက်ဆိုင်၊ စည်း‌ဝေးခန်းမ၊ ရုံးခန်းများ စုံစုံလင်လင် ပါရှိသွားမည်ဖြစ်ပြီး ‌ငွေကျပ် (၁၁) ဘီလီယံ အကုန်ကျခံ တည်‌ဆောက်သွားမည်ဟု UHM ကုမ္ပဏီထံမှ သိရသည်။
̏
‌မြေငှားပြီးလုပ်ရတဲ့အတွက် BOT စနစ်လို့ ‌ပြောလို့ရသလို BOT စစ်စစ်လို့လဲမဟုတ်ပါဘူး။ BOT ဆိုတာက လုပ်ငန်းရှင်က‌နေ အားလုံးစီမံခန့်ခွဲပြီး နှစ်ပြည့်မှ အစိုးရဆီ ပြန်လွှဲရတာ။ ခုက စီမံကိန်း ပြီးတာနဲ့ ဧရိယာတချို့ကို အစိုးရအဖွဲ့ဆီ ပြန်လွှဲ‌ပေးတဲ့အတွက် BOTလို့ ‌ပြောလို့ရသလို အ‌ပေးအယူ သ‌ဘောမျိုး၊ BOT ထက်ပို‌ကောင်းတဲ့ နှစ်ခု ‌ပေါင်းစပ်ထားတဲ့ စနစ်မျိုးပါ↔ဟု ဦးထွန်း‌အောင်‌ရွှေက ‌ပြောသည်။

Shopping Center အတွက် လွန်ခဲ့‌သော မတ်လက စတင်တင်ဒါ‌ခေါ်ယူခဲ့ရာတွင် ကုမ္ပဏီ ၁ဝ ခု‌ကျော် ‌လျှောက်ထားခဲ့ရာ ထိုအထဲမှ ချစ်လင်းမြိုင်အစုအဖွဲ့၊ ဂမုန်းပွင့်၊ UHM စ‌သော ကုမ္ပဏီများကို ‌မေလ ၃၁ ရက်‌နေ့တွင် ပဏာမ‌ရွေးချယ်ခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့က အဆိုပါ ကုမ္ပဏီ ၃ ခုမှ ‌ရွေးချယ်ခံရသည့် UHM ကုမ္ပဏီ၏ အမည်ကို ယမန်‌နေ့တွင် ‌ကြေညာခဲ့ပြီး စီမံကိန်းစတင်လုပ်‌ဆောင်ရန် ပြည်နယ်အစိုးရနှင့် စာချုပ်ချုပ်သည့် အချိန်တွင် ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် ကျပ်သိန်း ၅,၀၀ဝ ‌ပေးအပ်သွားမည်ဟုလည်း ဦးထွန်း‌အောင်‌ရွှေက ‌ပြော သည်။

၎င်း Shopping Mall ကို ဖားအံမြို့၊ အမှတ် ၉ ရပ်ကွက်ရှိ စု‌ပေါင်း‌မြေဧရိယာ ၃ ဒသမ ၃၃၄ ဧကရှိ‌သော ကားဝင်း ‌ဟောင်းတွင် ၂ နှစ် ၃ လအတွင်း အပြီးတည်‌ဆောက်သွားရမည်ဖြစ်ပြီး ကုမ္ပဏီ အ‌နေဖြင့် ပြည်သူအတွက် အကျိုး အမြတ်ရှိ‌သောလုပ်‌ဆောင်ချက်များရှိခြင်း၊ အမှန်တကယ် လုပ်‌ဆောင်‌ပေးခြင်း ရှိမရှိ၊ ‌ဈေး‌ရောင်းခြင်းအတတ် ပညာရှိမရှိ် စသည့် စံနှုန်းများအ‌ပေါ်တွင် မူတည်ကာ ‌ရွေးချယ်သွားမည် ဖြစ်‌ကြောင်း ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင် သာယာ‌ရေးဝန်ကြီးဦးသန်းနိုင်က ‌မေလ ၃၁ ရက်‌နေ့တွင် ‌ပြောကြားခဲ့သည်။

ယခု Shopping Mall တည်‌ဆောက်မည့် ယခင်ကားဝင်း‌ဟောင်းအထဲတွင် ယခင်က ‌ဈေးဆိုင်ခန်းများ၊ ကားဝပ်‌ရှော့ပ်များ၊ စား‌သောက်ဆိုင်ခန်းများရှိခဲ့ပြီး ၎င်းတို့ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်လည်ပိုင်းက ဖျက်သိမ်းမှုများ ပြုလုပ်ခဲ့ပြီး‌နောက် နစ်နာသူများကို ‌လျော်‌ကြေးများအသီးသီး‌ပေးအပ်ခဲ့ပြီးလည်း ဖြစ်သည်ဟု ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင် သာယာ‌ရေးဝန်ကြီးဌာနထံမှ သိရသည်။

၎င်းအပြင် ယခုတည်‌ဆောက်မည့် Shopping Mall မှာ ကရင်ပြည်နယ်အတွင်း ပထမဆုံး‌သော ‌ဈေးဝယ်စင်တာ Shopping Mall တစ်ခုဖြစ်လာမည်ဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့အ‌နေဖြင့် ၎င်းမှရ ရှိလာ‌သော အကျိုးအမြတ် ‌ငွေပမာဏများကို ပြည်နယ်ဖွံ့ဖြိုး‌ရေးအတွက် ပြန်လည်လုပ်‌ဆောင် သွားမည် ဖြစ်‌ကြောင်းလည်း အစိုးရတာဝန်ရှိသူများက ‌ပြောသည်။

UMH ကုမ္ပဏီသည် ဖားအံမြို့ရှိ ‌ရွှေဖားစည်အိမ်ရာစီမံကိန်းများ၊ ကမ်းနားလမ်းတည်‌ဆောက်‌ရေး လုပ်ငန်းများအပြင် ‌မော်လမြိုင်မြို့ရှိ Ocean ‌ဈေးဝယ်စင်တာများ၊ အိမ်ရာစီမံကိန်းနှင့် အခြား အထင်ကရ စီမံကိန်းများကိုလည်း တာဝန်ယူ‌ဆောက်လုပ်‌နေ‌သောကုမ္ပဏီဖြစ်သည်။