Home သတင်း ပန်းတ‌နော်မြို့နယ် ဒုတိယအကြိမ် လူငယ့်အလင်း‌ရောင်ကွန်ပျူတာစင်တာ ပြန်လည်ဖွင့်လှစ်မည်

ပန်းတ‌နော်မြို့နယ် ဒုတိယအကြိမ် လူငယ့်အလင်း‌ရောင်ကွန်ပျူတာစင်တာ ပြန်လည်ဖွင့်လှစ်မည်

2239

ဇွန်လ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ် အ‌နော်ရထာလမ်းရှိ လူငယ်စင်တာတွင် ကရင်လူငယ်များ ဦး‌ဆောင်၍ ဇူလိုင်လ ပထမပတ်အတွင်း ဒုတိယအကြိမ် လူငယ့်အလင်း‌ရောင် ကွန်ပျူတာစင်တာကို ပြန်လည် ဖွင့်လှစ်မည်ဖြစ်‌ကြောင်း တာဝန်ရှိသူများထံမှသိရသည်။

ကွန်ပျူတာစင်တာ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး ပန်းတ‌နော်မြို့နယ် ကရင်လူငယ်တာဝန်ခံ စရဲသူရိန် ဟန်က “ ဒီ‌ဒေသမှာ ရှိတဲ့လူငယ်‌တွေအတွက် IT ( သတင်းနဲ့နည်းပညာ)နဲ့ ပတ်သက်တဲ့ နည်းပညာ ‌တွေကိုလည်း လက်‌တွေ့လုပ်‌ဆောင်ရ‌တော့ သိလာနိုင်မယ်။ အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုအဆင်‌ပြေလာ‌စေဖို့အတွက် ဖွင့်တာလည်းပါတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ယင်း ကွန်ပျူတာစင်တာကို ပန်းတ‌နော်မြို့နယ် ကရင်လူငယ်များ (PKY) မှ ဦး‌ဆောင်၍ Youth Circle (YC) ၏ ‌ထောက်ပံ့‌ပေးမှုများနှင့် ချိတ်ဆက်ဖွင့်လှစ်ကာ လူဦး‌ရေကန့်သတ်ထားခြင်းမရှိဘဲ ကွန်ပျူတာပညာကို စိတ်ပါဝင်စား‌သော ကရင်လူငယ်များ လာ‌ရောက်‌လေ့လာသင်ယူနိုင်သည်ဟု သိရသည်။

ရုံးလုပ်ငန်းသုံးအ‌ခြေခံဖြစ်‌သော Microsoft Word၊ Excel ၊ Power Point အပြင် ဆက်လက်သင်ကြား လိုသူများအတွက် Page Maker၊ Photoshop၊ Video Editing စသည့် ပညာရပ်များကိုလည်းစာ‌တွေ့လက် ‌တွေ့ အချိန်အကန့်အသတ်မရှိ တတ်ကျွမ်းသည့်တိုင်‌အောင် သင်ကြား‌ပေးသွားမည်ဖြစ်‌ကြောင်း စရဲသူရိန် ဟန်က ဆက်‌ပြောသည်။

ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ နာယက မန်းနဲနန္ဒစာရက “ နည်းပညာ‌ခေတ် ဖြစ် တဲ့အတွက် ကွန်ပျူတာ တတ်ထားမယ်ဆိုရင် ပညာ‌ရေးမှာ‌ရော အစိုးရအလုပ်မှာဖြစ်ဖြစ်၊ ပုဂ္ဂလိက အလုပ် မှာ ဖြစ်ဖြစ် ပိုပြီးအဆင်‌ပြေမယ်။ နိမ့်တဲ့‌နေရာက‌နေ အဆင့်မြင့်တဲ့‌နေရာကို တိုးတက်လာနိုင်တယ်။ ကရင်လူငယ်‌တွေ အကုန်လုံးကို တက်‌စေချင်တယ်” ဟု မိန့်ကြားသည်။

လူငယ့်အလင်း‌ရောင် ကွန်ပျူတာ စင်တာကို ၂၀၁၆ ခုနှစ်တွင် ပန်းတ‌နော်ကရင်ယဉ်‌ကျေးမှုပြတိုက်တွင် ပထမအကြိမ်ဖွင့်လှစ်ခဲ့ပြီး အဖက်ဖက် အားနည်းမှုများ‌ကြောင့် အပတ်စဉ် ‌လေးကြိမ်နှင့် သင်တန်းသား ဦး‌ရေ ၂ဝ ‌ကျော်သာ သင်ကြား‌ပေးနိုင်ခဲ့ပြီး ယခု ဒုတိယ အကြိမ်တွင် သင်တန်းသားရှိသ၍ ကာလပတ်လုံး ဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်း သိရသည်။