Home သတင်း တပ်မ‌တော်လုပ်ရပ်များအ‌ပေါ် ဩစ‌တြေးလျား မြန်မာသံရုံး‌ရှေ့တွင် ကရင်လူဦး‌ရေ ၂၀၀‌ကျော် ဆန္ဒပြခဲ့

တပ်မ‌တော်လုပ်ရပ်များအ‌ပေါ် ဩစ‌တြေးလျား မြန်မာသံရုံး‌ရှေ့တွင် ကရင်လူဦး‌ရေ ၂၀၀‌ကျော် ဆန္ဒပြခဲ့

2995

‌မေ ၂၇ရက်၊ ၂၀၁၈ခုနှစ်။ ‌စော‌ကျော်ခွီး(ဆစ်ဒနီ)

နိုင်ငံတကာ ကရင်အမျိုးသားအဖွဲ့(IKO)၏ သ‌ဘောထားဆုံးဖြတ်ချက်အရ ဩစ‌တြေးလျား ကရင်အမျိုးသားအဖွဲ့(AKO) မှ စီစဉ် ‌ဆောင်ရွက်‌သော တပ်မ‌တော်၏လုပ်ရပ်အ‌ပေါ် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲကို ဩစ‌တြေးလျားနိုင်ငံ၊ ကန်ဘာရာမြို့ရှိ မြန်မာသံ ရုံး‌ရှေ့တွင် ‌မေလ ၂၅ရက်၊ မွန်းလွဲ (၁)နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ Queensland Senator အပါအဝင် ဩစ‌တြေးလျားနိုင်ငံမှ ကရင်များ စုစု‌ပေါင်း လူဦး‌ရေ (၂၄၀)‌ကျော် ပါဝင်ဆန္ဒပြခဲ့ကြသည်။

IKO ၏ Asia Region Coordinator မန်း‌အော်လန်းဒိုက “ပြည်တွင်းမှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေး အ‌ကြောင်းပြပြီး ‌နေရာတိုင်းလိုလို တိုက်ပွဲ‌တွေ ပြင်းထန်လာတာကို ‌တွေ့‌နေရတယ်။ ကချင်မှာဆိုလည်း ‌လေယာဉ်နဲ့ဗုံးကြဲ၊ တိုက်ပွဲ‌တွေ အကြီးအ ကျယ်ဖြစ်၊ လက်မှတ်ထိုးထားတဲ့ ကရင်‌ဒေသ‌တွေမှာ‌တောင် တိုက်ပွဲ‌တွေဖြစ်လာကြတယ်။ အဲဒီ အ‌ခြေအ‌နေမှန်ကို ကမ္ဘာကြီးက သိ‌အောင် ပြည်ပ‌ရောက် ကရင်‌တွေအ‌နေနဲ့ ဆန္ဒ‌ဖော်ထုတ်ပြီး‌တော့ မိမိသက်ဆိုင်ရာ အစိုးရ‌တွေကို ‌ပြောပြပြီး ဗမာစစ်တပ် ဘာ လုပ်‌နေတယ်ဆိုတာကို အသိ‌ပေးဖို့ဖြစ်တယ်။”ဟု ဆန္ဒပြပွဲတွင် ‌ပြောသည်။

ထို့အပြင် ပြည်ပ‌ရောက် ကရင်များအ‌နေဖြင့် စစ်‌ပြေးဒုက္ခသည်များ၏ အ‌ခြေအ‌နေကို စာနာ‌ထောက်ထားကာ မိမိတတ်နိုင်သည့် လူမှု‌ထောက်ပံ့‌ရေး အကူအညီများ‌ပေးကြ‌စေရန်နှင့် တိုင်းရင်းသား‌ဒေသများတွင် ကျူး‌ကျော်တပ်စွဲပြီး လူထုကို သတ်ဖြတ်အနိုင် ကျင့်‌နေ‌သော လူ့အခွင့်အ‌ရေးချိုး‌ဖောက်သည့် ဗမာ့တပ်မ‌တော်လုပ်ရပ်ကို ကမ္ဘာကသိပြီး ထိုမတရားမှုများကို ‌ဖော်ထုတ်ပြီး ICC- နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ပို့‌ဆောင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတကာရှိ ကရင်များက ဆိုင်ရာမြန်မာသံရုံးတိုင်းတွင် ဆန္ဒပြကြခြင်းဖြစ်‌ကြောင်းလည်း ‌ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “လက်ရှိ ဖာပွန်‌ဒေသမှာဖြစ်ပွားတဲ့ တိုက်ပွဲအ‌ခြေအ‌နေ‌ကြောင့် KNU က ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နဲ့ သွား‌ရောက်‌တွေ့ဆုံရာမှာ တပ်မ‌တော် သတင်းမှန် ပြန်ကြား‌ရေးဌာနက ‘ထွက်‌ပြေးရွာသား‌တွေ မိမိတို့‌နေရာ ‌အေး‌အေးချမ်းချမ်း ပြန်လာလုပ်ကိုင် စား‌သောက်နိုင်‌ကြောင်း၊ လမ်း‌ဖောက်လုပ်မှု‌တွေကို ယာယီရပ်ဆိုင်း‌ပေးထားမယ်’ ဆိုတာ‌တွေဟာ သံသယ ဖြစ်ဖွယ် ဖြစ်တယ်။ ယာယီဆိုတာ အချိန်ဘယ်‌လောက်လဲ။ မိုးကုန်‌ဆောင်းဝင် ‌နွေဦး‌ပေါက်ရင် လုပ်ငန်းပြန်စ ဒီလိုသ‌ဘောလား။ ဒီဟာ‌တွေဟာ မတိကျ၊ မ‌သေချာတဲ့ ကတိ‌တွေဖြစ်တယ်။”ဟု ဆိုသည်။

ကရင်တိုင်းရင်းသားများနှင့်အတူ ကချင်တိုင်းရင်းသားများလည်း ဆန္ဒပြပွဲတွင် ပါဝင်‌တောင်းဆိုတိုက်တွန်းခဲ့ကြသည့်အပြင် ဆန္ဒ ပြကိုယ်စားလှယ်တစ်စုက ထိုင်းသံရုံးသို့သွား‌ရောက်ကာ ထိုင်းသံမှူးမှတဆင့် ထိုင်းဘုရင့်ဆီသို့ ဒုက္ခသည်များကို ထိုင်းနိုင်ငံတွင် နှစ်ကြာမြင့်စွာ လက်ခံ‌ပေးထားသည့်အ‌ပေါ် ‌ကျေးဇူးတင်‌ကြောင်းနှင့် လက်ရှိ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌နေ‌သော်လည်း တိုက်ပွဲ ‌ကြောင့် ထွက်‌ပြေးလာသူ မိသားစုများကို ပြန်မ‌မောင်းထုတ်ဘဲ ဒုက္ခသည်စခန်းတွင် လက်ခံ‌ပေးရန်၊ လုံခြုံစိတ်ချမှုမရှိ‌သေး‌သော အ‌ခြေအ‌နေတွင် ဒုက္ခသည်ပြန်ပို့ခြင်းကို အစိုးရနှစ်ဖွဲ့မှ ဖိအား‌ပေးလုပ်‌ဆောင်ခြင်း မပြုရန် ‌မေတ္တာရပ်ခံစာ ‌ပေးပို့ခဲ့ကြသည်။

ထို့အပြင် ဩစ‌တြေးလျား ပါလီမန်ရင်ပြင်တွင် စုရုံးပြီး ကိုယ်စားလှယ်နှစ်ဦးက နိုင်ငံခြား‌ရေးဝန်ကြီးထံ သွား‌ရောက်‌တွေ့ဆုံကာ ဩစ‌တြေးလျအစိုးရကလည်း အ‌မေရိကန်နှင့် အဂင်္လန်(ယူ‌ကေ)အစိုးရများနည်းတူ အစိုးရတပ်မ‌တော်၏လုပ်ရပ်များအ‌ပေါ် ဆက်သွယ်ကူညီမှုများ ဖြတ်‌တောက်သကဲ့သို့ လုပ်‌ဆောင်ရန် ‌မေတ္တာရပ်ခံ တိုက်တွန်းစာ ‌ပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အလားတူ ‌မေလ (၂၄)ရက်‌နေ့က အာရှနိုင်ငံများဖြစ်သည့် ‌တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံသို့ ‌ရောက်ရှိ‌နေကြသည့် ကရင်များ နှင့် ဥ‌ရောပနိုင်ငံများဖြစ်သည့် ‌နော်‌ဝေး၊ အစ္စ‌ရေးနိုင်ငံမှ ကရင်များက ဆိုင်ရာ မြန်မာသံရုံးများတွင် ဗမာ့တပ်မ‌တော်ဆန့်ကျင်‌ရေး ဆန္ဒပြပွဲများ အသီးသီး ကျင်းပပြီးစီးခဲ့ကြရာ မြန်မာသံရုံးမရှိ‌သော ဆွီဒင်နိုင်ငံမှ ကရင်များလည်း သွား‌ရောက်ပူး‌ပေါင်းပါဝင်ခဲ့ကြ သည်။

မြန်မာသံရုံး‌ရှေ့ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ နန့်‌အေမီက “NLD အစိုးရဟာ အမျိုးသားရင်ကြား‌စေ့‌ရေး လုပ်‌ဆောင်မယ်ဆိုပြီး တိုင်း ရင်းသား‌တွေနဲ့ ရင်ကြား‌စေ့‌ရေး‌တွေ နားလည်မှု‌တွေမလုပ်ဘဲ ဗမာတပ်မ‌တော်နဲ့သာ ရင်ကြား‌စေ့‌ရေး ပိုမိုလုပ်‌ဆောင်‌နေတာ ‌တွေ့ ရတယ်။ တိုင်းရင်းသား‌ဒေသ‌တွေမှာ ဗမာစစ်တပ်ရဲ့ ‌လေယာဉ်‌တွေနဲ့ ဗုံးကြဲမှု၊ သတ်ဖြတ်‌နေမှု‌တွေကို ရပ်ပါ‌တော့လို့ တစ်လုံး တစ်ပါဒမှ မ‌ပြောဘဲ NCA ကို ရဲရဲဝံ့ဝံ့ လက်မှတ်ထိုးကြဖို့ တိုက်တွန်းမှု‌တွေဟာ အံ့ဩစရာ‌တွေဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ဩစ‌တြေးလျားနိုင်ငံလုံးဆိုင်ရာ AKO ဥက္ကဌ ‌စောလွင်ဦးက “‌ဆွေး‌နွေးမှု‌တွေဟာ တန်းတူမှု မရှိဘူး။ တိုင်းရင်းသားတို့ရဲ့ ငြိမ်းချမ်း ‌ရေး‌ဆွေး‌နွေးရာမှာ လိုအပ်တဲ့အချက်‌တွေကို ဗမာ့တပ်မ‌တော်က ပယ်ချပြီး သူတို့ရဲ့ အစီအစဉ်အတိုင်း လုပ်‌ဆောင်‌စေတယ်။ အပစ်အခတ်ရပ်စဲ‌ရေးကို အရင်မလုပ်ဘဲ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေမှာ ရှုပ်‌ထွေး‌အောင် ‌ရောထည့်ထားတာ‌တွေ၊ ဗမာ့တပ်မ‌တော် မှအပ မည်သည့်လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ အပစ်ခတ်ရပ်စဲ‌ရေးကာလအတွင်း စစ်သားစု‌ဆောင်းခြင်း၊ လှုပ်ရှားမှု မပြု လုပ်ရ စတဲ့ တဖက်သတ်စည်းမျဉ်း‌တွေ၊ အသာစီးရလိုမှု‌တွေ ပါ‌နေတယ်။ အပစ်ခတ်ရပ်စဲ‌ရေးဆိုတာ‌တွေက ၂၀၀၈ဖွဲ့စည်းပုံထဲကို ပါဝင်လာ‌ရေးဖြစ်‌နေတယ်။ ကျန်တာက ငြိမ်းချမ်း‌ရေးကို ဦးတည်ပြီး ‌ဆွေး‌နွေးမယ့်အဆင့်က အဓိကမဟုတ်သလိုဖြစ်‌နေတယ်။ ဗမာစစ်တပ်ကပဲ စစ်အင်အား‌တွေတိုးချဲ့ပြီး တိုင်းရင်းသား‌ဒေသ‌တွေမှာ ကျူး‌ကျော်ချဲ့ထွင်လာတာ‌တွေ‌ကြောင့် နှစ်ဖက်ထိပ် တိုက် ပဋိပက္ခ‌တွေ ဖြစ်လာကြရတယ်။”ဟု ‌ပြောဆိုခဲ့သည်။

ထိုဆန္ဒပြပွဲတွင် စစ်မှန်‌သော ပြည်တွင်းငြိမ်းချမ်း‌ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ဖျက်သိမ်း‌ရေး၊ ဒီမိုက‌ရေစီနှင့် ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်‌ရေး၊ အစိုးရမှ တရားဥပ‌ဒေစိုးမိုး‌ရေး၊ တိုင်းရင်းသားများအ‌ပေါ် မတရား အနိုင်ကျင့် သတ်ဖြတ်‌နေမှု များနှင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ ရပ်တန့်‌ရေး၊ ကချင် ကရင်‌ဒေသများမှ တပ်များပြန်ရုပ်သိမ်း‌ရေး အပါအဝင် ‌တောင်းဆိုမှု အချက်(၂၀)ကို ‌တောင်းဆိုခဲ့ကြသည်။

ဗစ်တိုးရီးယားပြည်နယ်၊ ကွင်းစ်လန်းပြည်နယ်၊ မြို့‌တော်ကန်ဘာရာမှ ကရင်များ၊ နယူး‌ဆော့သ်‌ဝေးပြည်နယ်မှ ကရင်နှင့် ကချင် တိုင်းရင်းသားများ ပါဝင်ခဲ့ကြသည့် ၎င်းဆန္ဒပြပွဲကို ဩစ‌တြေးလျားနိုင်ငံ၊ မြန်မာသံရုံးအ‌နေဖြင့် မည်သည့်တုန့်ပြန်မှုမှ မပြုလုပ်ခဲ့ ကြ‌သော်လည်း သံရုံး‌ရှေ့တွင် ကားဖြင့်ပိတ်ရပ်ထား‌ကြောင်း ဆန္ဒထုတ်‌ဖော်သူများ၏ ‌ပြောပြချက်အရ သိရသည်။