Home သတင်း ဖာပွန်‌ဒေသတွင် အရပ်ဖက် ‌စေတနာ့ဝန်ထမ်းတစ်ဦး ‌ပျောက်ဆုံး‌နေ

ဖာပွန်‌ဒေသတွင် အရပ်ဖက် ‌စေတနာ့ဝန်ထမ်းတစ်ဦး ‌ပျောက်ဆုံး‌နေ

2139
လမ်း‌ဖောက်လုပ်မည့် ရွာသားများ‌နေထိုင်လုပ်ကိုင်ရာ ကွင်း‌ဒေသ

ဧပြီလ ၇ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

တိုက်ပွဲများ‌ကြောင့် စစ်‌ပြေး‌ရှောင်တိမ်း‌နေကြရ‌သော ဖာပွန်(မူ‌တြော်)ခရိုင်၊ လယ်မူပ‌လောနယ်‌မြေရှိ ‌ဒေသခံ ရွာသူရွာသားများ အား ကူညီပံ့ပိုး‌ပေးလျှက်ရှိသည့် သဘာဝပတ်ဝန်းကျင်နှင့် ‌ဒေသဆိုင်ရာ လှုပ်ရှားတက်ကြွသူ နယ်‌မြေခံ‌စေတနာ့ဝန်ထမ်းတစ်ဦး ဧပြီလ ၅ရက်မှစ၍ ယ‌နေ့အထိ ‌ပျောက်ဆုံးလျှက်ရှိ‌ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ရက်အဖွဲ့(KESAN)၏ တာဝန်ရှိသူတစ်ဦးက အတည်ပြု‌ပြောကြားသည်။

“တကယ်က ကျမတို့နဲ့ ဆက်စပ်လုပ်‌ဆောင်တဲ့ နယ်‌မြေခံ ‌စေတနာ့ဝန်ထမ်းနှစ်‌ယောက် လယ်မူပ‌လောဘက်က IDP ‌တွေ အကူ အညီ‌ပေး‌ရေးကိစ္စ အစည်းအ‌ဝေးသွားလုပ်တာ အပြန်မှာ စစ်တပ်နဲ့‌တွေ့‌တော့ အပစ်ခံရလို့ သူ‌ပြေးကိုယ်‌ပြေး ထွက်‌ပြေးကြရင်း ဝန်ထမ်းတစ်‌ယောက်ကို အခုထိ ပြန်မ‌တွေ့‌သေးဘူး။ တစ်‌ယောက်က‌တော့ ပြန်‌ရောက်လာပြီ။ ဖြစ်တာက လယ်မူပ‌လောနယ် ‌မြေ၊ ထီးနူပူ‌နေရာမှာ ၅ရက်‌နေ့ ည‌နေ ၅နာရီ‌လောက်ကပါ။”ဟု ၎င်းတာဝန်ရှိသူက ယ‌နေ့မနက်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ပျောက်ဆုံး‌နေသည့် အရပ်ဖက် ‌စေတနာ့ဝန်ထမ်းနှင့် ပတ်သက်၍ ‌ကေအဲန်ယူဘက်ကလည်း စုံစမ်းလျှက်ရှိ‌သော်လည်း ယခုအချိန်ထိ သတင်းတစုံတရာ မသိရှိရ‌သေး‌ကြောင်းနှင့် KESAN အပါအဝင် နီးစပ်ရာ လူမှုအဖွဲ့အစည်းများကလည်း ၎င်းဝန် ထမ်း၏ အသက်အန္တရာယ် လုံခြုံ‌ရေးအတွက် စိုးရိမ်လျှက်ရှိပြီး ဆက်လက် စုံစမ်း‌နေဆဲဖြစ်‌ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လက ဖြစ်ပွားခဲ့သည့် မြန်မာ့တပ်မ‌တော်နှင့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးတို့၏ တိုက်ပွဲများ‌ကြောင့် ‌ဒေသခံရွာသူရွာသား ၂၀၀၀‌ကျော်မှာ ‌နေရပ်ရွာမှ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရပြီး မိုးရွာသွန်းမှု‌ကြောင့် ‌နေထိုင်ရန် အမိုးအကာများ အတွက်ပါ အကူအညီများ လိုအပ်လျှက်ရှိ‌နေသည့်အ‌ပေါ် စီစဉ်‌ဆောင်ရွက်ရန် အရပ်ဖက်အဖွဲ့များက သွား‌ရောက်ခဲ့ကြခြင်းဖြစ် သည်။

‌ဒေသခံများ၏ ‌ပြောပြချက်အရ တိုက်ပွဲဖြစ်ပွားပြီး‌နောက်ပိုင်းတွင်လည်း တပ်မ‌တော်အ‌နေဖြင့် ၎င်းတို့၏တပ်စခန်း‌နေရာမှ ‌ကျော် လွန်၍ ရွာသူရွာသားများ‌နေထိုင်ရာ ‌နေရာများ၌ စစ်ဆင်‌ရေးလမ်း‌ကြောင်း ‌ဖောက်လုပ်‌ရေးကို ဆက်လက် ‌ဆောင်ရွက်လျှက်ရှိပြီး လမ်း‌ကြောတစ်‌လျှောက် သွားလာ‌နေသည့် မည်သူ့ကိုမဆို ပစ်ခတ်မှုများရှိသည်ဟု သိရသည်။