Home ဆောင်းပါး ဖာပွန်ပဋိပက္ခ NCA လမ်း‌ကြောင်းကို ‌သွေဖယ်‌နေသလား

ဖာပွန်ပဋိပက္ခ NCA လမ်း‌ကြောင်းကို ‌သွေဖယ်‌နေသလား

4222

ဧပြီ ၁၄၊ ၂၀၁၈ခုနှစ်။ (ဖူး‌ကော်လား)

လတ်တ‌လောဖြစ်ပွားသည့် ကရင်ပြည်နယ်၊ ဖာပွန်(မူ‌တြော်)ခရိုင်အတွင်း မြန်မာ့တပ်မ‌တော်နှင့် နယ်‌မြေခံ ‌ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး၏ စစ်‌ရေး‌တောင်ပံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ(၅)တို့အကြား စစ်‌ရေးတင်းမာမှုအ‌ပေါ် ‌ထောက်ပြ‌ဝေဖန်၊ ပြစ်တင်ရှုတ်ချမှုများနှင့် အပြန်အလှန် စွပ်စွဲမှုများပါဝင်သည့် ‌ကြေညာချက်များကို အသီးသီး ထုတ်ပြန်‌နေကြသည်။

ဖာပွန်ခရိုင်ဖြစ်စဉ်အကျဉ်းကို ပြန်ကြည့်မည်ဆိုလျှင် ယခုနှစ် မတ်လ ၄ရက်မှစ၍ ‌ကေအဲန်ယူ မူတ‌ရော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့ နယ်ရှိ ‌ခေးပူနှင့် လယ်မူပ‌လောကြား ကားလမ်း‌ဟောင်းကို မြန်မာ့တပ်မ‌တော်ဘက်မှ ဆက်လက် ပြုပြင်‌ဖောက်လုပ်မှုများ ပြုလုပ် ရာတွင် သတ်မှတ်နယ်‌မြေကို ကျူး‌ကျော်လာသည်ဟုဆိုကာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်း‌ကြောင့် နှစ်ဖက်တင်းမာမှုများ ကြီးမား သထက် ကြီးမားလာခဲ့သည်။

အဆိုပါ ပစ်ခတ်မှုများ‌ကြောင့် ကားလမ်းအနီးအနားရှိ ‌ကျေးရွာ ၁၆ရွာမှ ‌ဒေသခံ ၂,၃ဝဝ‌ကျော်မှာ အသက်‌ဘေးလွတ်ရာသို့ ထွက် ‌ပြေးတိမ်း‌ရှောင်ခဲ့ကြပြီး ၎င်းတို့မှာ စစ်‌ရှောင်ဒုက္ခသည်ဘဝ ဖြစ်လာခဲ့ရသည်။ စစ်‌ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွား‌နေ၍ ရက် ကြာလာသည်နှင့်အမျှ ‌နောက်ဆက်တွဲအ‌နေဖြင့် ပြည်သူများ၏ ခိုလှုံရာ ‌နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ အခက်အခဲများ ကြုံ‌တွေ့ရ သည့်အပြင် လတ်တ‌လောတွင် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုများလည်း တစ်ဆို့‌နေသည်။

ယခုဖြစ်စဉ်‌ကြောင့် ၂၀၁၅ခုနှစ် ‌အောက်တိုဘာလ ၁၅ရက်‌နေ့က အစိုးရနှင့် ‌ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံးတို့ကြား သ‌ဘောတူ လက်မှတ်ထိုးထားခဲ့သည့် ၂နှစ်‌ကျော်သာရှိ‌သေး‌သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (Nationwide Ceasefire Agreement –NCA) အ‌ပေါ် ရိုက်ခတ်လာနိုင်သည်။

မြန်မာ့တပ်မ‌တော်အ‌နေဖြင့် နယ်‌မြေအတွင်း ယခုလို စစ်‌ရေးလှုပ်ရှားမှုများကို လုပ်‌ဆောင်လာခြင်းသည် နှစ်ဖက် လက်ခံထား သည့် (NCA)ပါ သ‌ဘောတူညီချက်များကို ချိုး‌ဖောက်ရာ‌ရောက်‌ကြောင်း ‌ကေအဲန်ယူဘက်က ‌ကြေညာချက်ဖြင့် ထုတ်‌ဖော်‌ပြော ဆိုခဲ့သည်။

“ဒီလိုမျိုး စစ်‌ရေးအရ တင်းမာမှုဖြစ်တဲ့ပုံစံမျိုး‌တွေက‌တော့ ကျ‌နော်တို့ အထူးသဖြင့် လူထု‌တွေက သံသယဖြစ်‌ပေါ်‌စေနိုင်ပြီး‌တော့ ‌အောက်‌ခြေက တပ်ဗိုလ်၊တပ်မှူး‌တွေကြားထဲမှာလည်း ယုံကြည်မှုကို အတိုင်းအတာတစ်ခုအထိ ထိခိုက်နိုင်တာဖြစ်တဲ့အတွက် ‌ကြောင့် ‌လော‌လောဆယ် တပ်မ‌တော်အ‌နေနဲ့ စစ်‌ရေးလှုပ်ရှားမှု‌တွေကို ရပ်ဆိုင်းပြီး‌တော့ လမ်း‌ဖောက်တဲ့ကိစ္စနဲ့ လွှတ်ထားတဲ့ တပ်ရင်း‌တွေကို ပြန်ရုတ်သိမ်းမှု‌တွေ ပြုလုပ်ဖို့ အပိုင်းတစ်ဖက်မှာ ကရင်ပြည်သူလူထု‌တွေလည်း စိတ်ချလက်ချနဲ့ မိမိ‌နေရာမှာ ပြန်ပြီး‌နေနိုင်ဖို့ဆိုတဲ့ အ‌ခြေခံ‌ပေါ်မှာ အပစ်အခတ်ရပ်စဲ‌ရေးကို ဆက်လက်ထိန်းသိမ်းသွားဖို့အတွက် NCA စာချုပ်ထဲမှာ လက် မှတ်‌ရေးထိုးထားတဲ့ ‌ခေါင်း‌ဆောင်အားလုံးက တာဝန်ရှိပါတယ်”ဟု KNU ၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက မတ်လ ၁၆ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

မြန်မာ့တပ်မ‌တော်အ‌နေဖြင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၏ ယုံကြည်မှုတည်‌ဆောက်‌ရေးကို လက်‌တွေ့ပြသသည့်အ‌နေဖြင့် စစ်‌ရေး လှုပ်ရှားမှုများကို ရပ်ဆိုင်းပြီး လမ်း‌ဖောက်လုပ်‌ရေးလုပ်ငန်းအတွက် ‌စေလွှတ်ထား‌သော စစ်မဟာဗျူဟာ ကွပ်ကဲ‌ရေးဌာနချုပ်များ နှင့် လက်‌အောက်ခံတပ်ရင်းများကို ပြန်လည်ရုတ်သိမ်းမှုများ ပြုလုပ်ရန်အတွက် ‌ကေအဲန်ယူက မတ် ၁၆ရက်‌နေ့တွင် သ‌ဘော ထားထုတ်ပြန်၍ ‌တောင်းဆိုထားသည်။

အလားတူ ကရင်အရပ်ဖက်အဖွဲ့အစည်းများ၏ မတ်လ ၉ရက်‌နေ့ ထုတ်ပြန်ချက်တွင် မြန်မာ့တပ်မ‌တော်၏ လုပ်ရပ်များမှာ (NCA) သ‌ဘောတူညီချက်ကို ချိုး‌ဖောက်ရာ‌ရောက်ပြီး လက်ရှိအချိန်ထိ တပ်စွဲထားခြင်း၊ စစ်အင်အားဖြည့်တင်းမှုများရှိခြင်း၊ တိုက်ပွဲအ သွင်သဏ္ဍာန်‌ဆောင်ခြင်းတို့သည် ‌ဒေသတွင်း ‌နေထိုင်သူများအား အ‌လေးထားခြင်းမရှိ‌သော လုပ်ရပ်ဖြစ်‌ကြောင်း အပြင်းအထန် ရှုတ်ချ‌ပြောဆိုခဲ့သည်။

၎င်းအရပ်ဖက်အဖွဲ့များ၏ ‌တောင်းဆိုချက်တွင် တပ်မ‌တော်အ‌နေဖြင့် ၎င်းတို့ကျူး‌ကျော်ထားသည့် ‌နေရာသစ်များမှ ဆုတ်ခွာ‌ပေး ရန်၊ မူလစခန်းများသို့ပြန်ရန်၊ အ‌နှောင်အဖွဲ့ကင်းသည့် နှစ်ဦးနှစ်ဖက်လက်ခံနိုင်‌သော ကြားခံအဖွဲ့ဖြင့် အ‌ခြေအ‌နေအ‌ပေါ် တာဝန် ခံမှု ရှိလာရန် တပ်မ‌တော်အား စုံစမ်းစစ်‌ဆေးမှုပြုလုပ်ရန်၊ ၎င်းတို့၏လုပ်ရပ်များအ‌ပေါ် တာဝန်ယူမှုရှိရန်၊ တပ်မ‌တော်အ‌နေဖြင့် ‌ဒေသခံပြည်သူလူထုနှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် ခြိမ်း‌ခြောက်‌နေမှုလုပ်ရပ်များ အားလုံးကို ချက်ချင်းရပ်တန့်ရန် ‌တောင်းဆို ထားသည်။

ယခုဖြစ်စဉ်အတွင်း နှစ်ဖက်‌သော လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြားတွင် ဖြစ်ပွားခဲ့သည့် စစ်‌ရေးတင်းမာမှုအပြင် လမ်း‌ဖောက်လုပ် ရန်အတွက် လမ်းလုံခြုံ‌ရေးလာယူကြသည့် မြန်မာ့တပ်မ‌တော်ဘက်က လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် စားနပ်ရိက္ခာယူရန် ရွာပြန်သွားသည့် ‌ဒေသခံ စစ်‌ရှောင်ရွာသားများကိုလည်း ခြိမ်း‌ခြောက်ပစ်ခတ်မှုများရှိသည်ဟု ‌ဒေသတွင်းသတင်းအရ သိရသည်။

ယင်းပစ်ခတ်မှုများ‌ကြောင့် ‌ဒေသခံ ဌာ‌နေလူထု‌ခေါင်း‌ဆောင်လည်းဖြစ်၊ စစ်‌ရှောင်ဒုက္ခသည်များအား လူသားချင်း စာနာ‌ထောက် ထားမှု အကူအညီ‌ပေးလုပ်ငန်းတွင် အားတက်သ‌ရော လုပ်‌ဆောင်‌နေသူ လယ်မူပ‌လော‌ကျေးရွာသား ‌စောအိုမူးမှာလည်း ပဋိပက္ခကြားတွင် အသက်ဆုံးရှုံးကာ ဓားစာခံဖြစ်ခဲ့ရသည်။

သူသည် ‌ဒေသအတွင်း ဌာ‌နေတိုင်းရင်းသားများ အခွင့်အ‌ရေး၊ ‌မြေယာနှင့် သစ်‌တော ကာကွယ်ထိန်းသိမ်း‌ရေးလုပ်ငန်းများကို တက်ကြွစွာ လုပ်‌ဆောင်‌နေသူဖြစ်ပြီး ‌ကေအဲန်ယူ တပ်မဟာ (၅)နယ်‌မြေရှိ စစ်‌ဘေး‌ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ‌ဆေးဝါး များ အကူအညီ‌ပေး‌ရေးလုပ်ငန်းများ လုပ်‌ဆောင်‌နေစဉ် ဧပြီလ ၅ရက်‌နေ့တွင် လယ်မူပ‌လောရွာသို့အပြန် လမ်းခုလပ်၌ စစ်တပ် ၏ ပစ်ခတ်ခံခဲ့ရခြင်း‌ကြောင့် ‌သေဆုံးသွားခဲ့သည်ဟု မူ‌တြော်ခရိုင် အ‌ရေး‌ပေါ်ကူညီ‌ရေးအဖွဲ့ (Mutraw Emergency Assistance Team – MEAT)က ဧပြီလ ၉ရက် ‌နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

‌ကေအဲန်ယူနှင့် အစိုးရတို့ကြား ဖာပွန်စစ်‌ရေးတင်းမာမှုကို ‌တွေ့ဆုံညှိနှိုင်း‌ဖြေရှင်းနိုင်ရန်အတွက် (Joint Ceasefire Monitoring Committee – JMC)၏ အရပ်သားကိုယ်စားလှယ်များက ‌ကေအဲန်ယူ တပ်မဟာ(၅)နယ်‌မြေသို့ သွား‌ရောက်ကာ ကွင်းဆင်း‌လေ့ လာမှုများ ပြုလုပ်ပြီး‌နောက် နှစ်ဖက်‌ခေါင်း‌ဆောင်များအ‌နေဖြင့် ထိုကိစ္စကို ‌ကျောက်ကြီးမြို့တွင် မတ် ၂၉-၃ဝရက်များတွင် ‌တွေ့ ဆုံ‌ဆွေး‌နွေးရန် သ‌ဘောတူခဲ့ကြသည်။

၎င်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ‌ကေအဲန်ယူ ဗဟိုစစ်ဌာနချုပ်မှ တပ်ဖက်အရာရှိများ သွား‌ရောက်ခဲ့ကြ‌သော်လည်း နယ်‌မြေခံ ‌ကေအဲန် ယူ တပ်မဟာ (၅) တပ်မဟာမှူးဗိုလ်မှူးချုပ်‌စောမူဟဲ မပါဝင်ဟူ‌သော အ‌ကြောင်းပြချက်ဖြင့် တပ်မ‌တော်ဘက်က ရက်‌ရွှေ့ဆိုင်း လိုက်သည်။ ယင်းအ‌ကြောင်းပြချက်‌ကြောင့် ‌ဆွေး‌နွေးပွဲ ရက်‌ရွှေ့ဆိုင်းရသည့်အ‌ပေါ် ‌ကေအဲန်ယူဘက်မှ ဧပြီလ ၂ရက်‌နေ့တွင် ‌ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး KNU အ‌နေဖြင့် ဗဟိုမှဖွဲ့စည်းပြီးသား စစ်ဘက်‌ရေးရာညှိနှိုင်း‌ဆွေး‌နွေး‌ရေးအဖွဲ့(Military Affair Negotiation Team – MANT) ဖြင့်သာ ဆက်လက် ညှိနှိုင်း‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း KNU(ဗဟို)က သ‌ဘောထားထုတ်ပြန် ‌ပြောဆိုခဲ့သည်။

ဧပြီလ ၉ရက်‌နေ့က တပ်မ‌တော်ဘက်မှ သတင်းထုတ်ပြန်ခဲ့ရာတွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း ၁၅မိုင်အရှည်ရှိ ‌ခေးပူ ရွာနှင့် လယ်မူပ‌လောရွာ ဆက်သွယ်ထား‌သော ယခင်လမ်း‌ကြောင်း‌ဟောင်းအား ‌ဒေသဖွံ့ဖြိုး‌ရေးနှင့် ‌ဒေသခံပြည်သူများ အသုံး ပြုနိုင်ရန်အတွက်လည်း‌ကောင်း၊ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များ ဆက်သွယ်‌ဆောင်ရွက်မှု လွယ်ကူ‌စေရန်လည်း‌ကောင်း၊ ပြန်လည်ပြုပြင်မွမ်းမံရာတွင် KNU တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ နယ်‌မြေခံ တပ်မှူးအချို့မှ နားလည်မှုလွှဲမှားခြင်းနှင့် စိုးရိမ်စိတ်ကြီးမှုတို့‌ကြောင့် ယခုအ‌ခြေအ‌နေထိ ‌ရောက်ရှိလာခြင်းဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

သို့‌သော်လည်း ၎င်းပြန်လည်‌ဖောက်လုပ်သည့် ကားလမ်း‌ဟောင်းမှာ ‌ဒေသခံလူထု အသုံးပြုမည့်လမ်း လုံးဝ မဟုတ်ဘဲ စစ်တပ် ၏နယ်‌မြေစိုးမိုး‌ရေးနှင့် ထိုးစစ်ဆင်‌ရေးအတွက် ပြင်ဆင်‌ဖောက်လုပ်ခြင်းဖြစ်သည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းနှင့် ‌ကေအဲန် ယူတို့ဘက်က ထုတ်ပြန်‌ပြောဆိုထားပြန်သည်။

သို့‌သော် ဧပြီလ ၁ဝရက်၊ တပ်မ‌တော်၏ သတင်းထုတ်ပြန်ချက်ထဲတွင် လမ်း‌ဖောက်လုပ်မှုအတွက် နယ်‌မြေခံ KNLA နှင့် ကြိုတင် အသိ‌ပေး အ‌ကြောင်းကြားညှိနှိုင်းခြင်း ၁၁ကြိမ် ပြုလုပ်ခဲ့ပြီး‌နောက် လမ်း‌ဖောက်လုပ်မှုကို မတ်လ ၄ရက်‌နေ့တွင် စတင်ခဲ့ရာ နယ် ‌မြေအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှာ တပ်ပိုင်းဆိုင်ရာ စစ်ဆင်‌ရေးများတွင် အသုံးပြုရန် ‌ဖောက်လုပ်ခြင်းဟု စိုးရိမ်စိတ်များပြားပြီး လမ်း‌ဖောက်လုပ်‌ရေးလုပ်ငန်းများ ‌ဆောင်ရွက်လျက်ရှိ‌သော တပ်မ‌တော်စစ်‌ကြောင်းများအား မိုင်း‌ထောင် ခြင်း၊ ‌နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ရာ စတင်‌ဖောက်လုပ်ချိန်မှ ယ‌နေ့အထိ စစ်သည် မိုင်းနင်းမှု (၃)ကြိမ်၊ ‌နှောင့်ယှက်ပစ်ခတ်မှု (၂၆)ကြိမ်၊ မိုင်း‌ဖော်ထုတ်ရရှိမှု (၈)ကြိမ်(မိုင်း ၂၁လုံး)ရရှိခဲ့ပြီး မိမိဘက်မှ စစ်သည်တချို့ ထိခိုက်ကျဆုံး ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု ဆိုထားသည်။

NCA ပါ အချက်များအရ ပြန်ကြည့်လျှင် နှစ်ဖက်ထိစပ်နယ်‌မြေအတွင်း တပ်ဖွဲ့ဝင်များ ဝင်ထွက်သွားလာလှုပ်ရှားမှုနှင့် လုပ်ငန်း တစုံတရာ အ‌ကောင်အထည်‌ဖော်မည်ဆိုပါက နှစ်ဖက် ညှိနှိုင်းသ‌ဘောတူပြီးမှသာလျှင် လုပ်‌ဆောင်သွားရန် သ‌ဘောတူထားမှု များ ရှိသည်။ တပ်မ‌တော်၏ ထုတ်ပြန်ချက်တွင် နှစ်ဖက် သ‌ဘောတူညီမှုရမရ ‌ဖော်ပြမထား‌သော်လည်း ၎င်းတို့ဘက်က တပ် အင်အားဖြင့် လမ်း‌ဖောက်လုပ်မှု ဆက်လက် လုပ်‌ဆောင်ခဲ့ခြင်း‌ကြောင့် NCA ထိုးထားသည့် နှစ်ဖွဲ့အကြား မဖြစ်သင့်‌သော ပြဿ နာများ ဖြစ်ပွားခဲ့ရသည်။

ထို့အပြင် တပ်မ‌တော်၏ ထုတ်ပြန်ချက်အရ မြန်မာ့တပ်မ‌တော်ဘက်ကမူ ‌နှောင့်ယှက်မှု‌ပေးသည်ဟုဆို‌သော်လည်း ‌ကေအဲန်ယူ အ‌နေဖြင့်ကြည့်လျှင် NCA သ‌ဘောညီမှုအရ ခွင့်ပြုချက်မရှိဘဲ မိမိနယ်‌မြေအတွင်း ဝင်‌ရောက်လာသည့် တစ်ဖက်၏ လှုပ်ရှားမှုကို တားဆီးသည့်သ‌ဘောဟု ဆိုပြန်သည်။

အဆိုပါဖာပွန်ကိစ္စမှာ NCA အဖွဲ့ အချင်းချင်းကြား (Joint Ceasefire Monitoring Committee – JMC)နှင့် ဆက်ဆံ‌ရေးရုံးများမှ တစ်ဆင့် ‌ဆွေး‌နွေးညှိနှိုင်း၍ ရနိုင်‌သော်လည်း ‌ကေအဲန်ယူက ‌ကြေညာချက် ထုတ်ပြန်လိုက်သည့်အတွက် ကျန် NCA ထိုးထား သည့်အဖွဲ့များ၊ NCA မထိုး‌သေးသည့်အဖွဲ့များအပြင် ပြည်သူလူထု အထင်လွဲမှား‌စေနိုင်သည်ဟုလည်း တပ်မ‌တော် သတင်းမှန် ထုတ်ပြန်‌ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

တပ်မ‌တော်က ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များ၏ ထိုသို့ မိုင်း‌ထောင်၊ ‌နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်မှုများ‌ကြောင့် သက်ဆိုင်ရာ JMC-S အစည်းအ‌ဝေးများတွင် တပ်မ‌တော်ဘက်မှ ကန့်ကွက်‌ဆွေး‌နွေးမှု ၅ကြိမ်နှင့် JMC-U အစည်းအ‌ဝေးများတွင် ကန့်ကွက်‌ဆွေး‌နွေးမှု ၂ကြိမ် ပြုလုပ်ခဲ့သည်ဟု ‌ပြောဆိုထား‌သော်လည်း ပစ်ခတ်တိုက်ခိုက်မှုများကမူ ဆက်လက် ဖြစ်ပွားလျှက်ရှိ‌နေသည်။

လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွား‌နေမှုကို ကြိုတင်တားဆီး‌ရေး၊ နှစ်ဖက်လိုက်နာရမည့် ကျင့်ဝတ်စည်းမျဉ်းမူကြမ်းများ ‌ရေးဆွဲခြင်း၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများလိုက်နာ‌စေရန် ‌ဆောင်ရွက်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ ‌ဖြေရှင်းခြင်းတို့ကို လုပ်‌ဆောင် ရန်အတွက် NCA စာချုပ်ပါ အပိုဒ်(၁၂) အရ NCA အပစ်ရပ်စာချုပ် အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအ‌ဝေး (Joint Implementation Coordination Meeting-JICM) မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC) ကို ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ (၁၈)ရက်‌နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။

JMC ၏ ဖွဲ့စည်းပုံမှာ ပြည်‌ထောင်စုအဆင့် (JMC-U)၊ ပြည်နယ်အဆင့် (JMC-S) နှင့် ‌ဒေသဆိုင်ရာအဆင့် (JMC-L) စသည်ဖြင့် အဆင့်ဆင့် ဖွဲ့စည်းထားပြီး JMC-U ကို အစိုးရဘက်မှ ကိုယ်စားလှယ် (၁၀)ဦး၊ NCA လက်မှတ်‌ရေးထိုးထား‌သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့မှ ကိုယ်စားလှယ် (၁၀)ဦးနှင့် အရပ်သား (၆)ဦး (နှစ်ဘက်မှ အဆိုပြု‌သော အများယုံကြည်‌လေး စားသည့် အရပ်သား (၃)ဦးစီ) စုစု‌ပေါင်း (၂၆)ဦးဖြင့် ဖွဲ့စည်းထားသည်။
Photo_JMC

သို့‌သော်လည်း လက်‌တွေ့မှာမူ ပုံမှန် အစည်းအ‌ဝေး၊ အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်ခြင်း၊ လူထု‌တွေ့ဆုံပွဲများနှင့် ချစ်ကြည်‌ရေး‌ဘောလုံး ပွဲများ ကျင်းပပြုလုပ်ခြင်းတို့မှလွဲ၍ အဓိကကျ‌သော ထိပ်တိုက်ပဋိပက္ခများကို ‌ရှောင်ရှားနိုင်ရန် နှစ်ဖက်တပ်များ ‌နေရာချထားခြင်း ဆိုင်ရာ ကိစ္စများကိုမူ လုပ်‌ဆောင်နိုင်ခြင်းမရှိသည့်အပြင် ‌ဒေသခံလူထုပါ ‌သေဆုံးမှုအထိ ဖြစ်လာခဲ့သည်။

တဖန် အပစ်အခတ်ရပ်စဲ‌ရေးကို ပိုမိုခိုင်မာလာ‌အောင် ‌စောင့်ကြည့်သည့် ယန္တရားဖြင့်ထိန်းညှိကာ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ဖြစ်‌ပေါ် လာ‌စေ‌ရေးတို့ကို အ‌ထောက်အကူဖြစ်ရန်အတွက် ‌ရေးဆွဲလိုက်သည့် နှစ်ဖက်‌လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ (CoC)၏ အခန်း (၃)အရ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ စစ်ဘက်ကျင့်ဝတ်များ အပိုဒ်(က)တွင် အပစ်ရပ်နယ်‌မြေအတွင်း တစ်ဖက်နှင့်တစ်ဖက်အကြား နယ်‌မြေစိုးမိုးမှု တပ်လှုပ်ရှားခြင်း၊ ကင်း‌ထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်း‌ထောင်ခြင်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရုပ်ဝတ္ထု များ ဖျက်ဆီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန် ‌ဖော်ပြထားသည်။

ယင်း CoC အခန်း (၃) ၏ ထိပ်တိုက်ရင်ဆိုင်မှုကို ‌ရှောင်ရှားနိုင်ရန် လက်နက်ကိုင်အဖွဲ့များ ‌နေရာချထားခြင်း၏ အပိုဒ် (စ)တွင် သက် ဆိုင်ရာ တပ်စခန်းနှင့် နယ်‌မြေတစ်ခုနှင့်တစ်ခုအကြား ဆက်သွယ်‌ရေးလမ်း‌ကြောင်း လုံခြုံ‌ရေးအတွက် တစ်ဖက်နှင့်တစ်ဖက် ဤ သ‌ဘောတူစာချုပ်ကို အ‌ခြေခံ၍ နှစ်ဖက်ညှိနှိုင်း‌ဆောင်ရွက်ရန်ဟုဆိုကာ တိတိပပ ‌ဖော်ပြထား‌သော်လည်း ထိုကျင့်ဝတ်စည်းကမ်း များမှာ စားပွဲဝိုင်း‌ပေါ်နှင့် စာအုပ်များထဲတွင်သာ ကမ္ဗည်းတင်‌နေပြီး လက်‌တွေ့ကျင့်သုံးနိုင်ခြင်းမရှိ‌ပေ။

ဖာပွန်စစ်‌ရေးတင်းမာမှုနှင့်ပတ်သက်၍ ‌ကေအဲန်ယူ၏ မတ်လ ၁၆ရက်‌နေ့တွင် ထုတ်ပြန်ခဲ့သည့် သ‌ဘောထားထုတ်ပြန်ချက်တွင် NCA အ‌ကောင်အထည်‌ဖော်မှု ‌အောင်မြင်နိုင်‌ရေးအတွက် NCA နှင့်ပတ်သက်သည့် နှစ်ဖက်ဘုံ နားလည်လက်ခံထားရမည့် အဓိပ္ပါယ်ဖွင့်ဆိုမှုများ၊ အ‌ခြေခံစဉ်းစားမှုဆိုင်ရာ ဆက်လက်ညှိနှိုင်းသွားရမည့် ‌ဆွေး‌နွေးမှုများ၊ တပ်ပိုင်းဆိုင်ရာ၊ အပစ်ရပ်ပူးတွဲ ‌စောင့်ကြည့်‌ရေး JMC ကို သီးခြားလွတ်လပ်သည့် ယန္တရားဖြစ်လာ‌စေ‌ရေးအတွက် ‌ဆွေး‌နွေးမှုများ မဖြစ်မ‌နေပြုလုပ်ရန် အ‌ရေး တကြီးလိုအပ်လာခြင်း‌ကြောင့် KNU မှ ‌တောင်းဆိုချက် (၃)ချက်ကိုပါ ထုတ်ပြန်ချက်၌ ‌တောင်းဆိုထားသည်။

လက်ရှိ စစ်‌ရေးတင်းမာမှု ရှိ‌နေသည့် အဆိုပါ ‌ခေးပူ-လွယ်မူပ‌လော ကားလမ်းကို ဆက်မလုပ်ရန် ‌ကေအဲန်ယူနှင့် ကရင်အရပ် ဖက်အဖွဲ့အစည်းများက ‌တောင်းဆိုထားသည့်ကြားတွင် တပ်မ‌တော်ဖက်မှ ၎င်းလမ်း‌ဟောင်းပြုပြင်ခြင်းအား တစ်ဖက်မှ ဆက် လက် ‌ဆောင်ရွက်သွားမည်ဖြစ်သလို တစ်ဖက်မှလည်း ‌စေ့စပ်ညှိနှိုင်းခြင်းဖြင့် ‌ဆွေး‌နွေး‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သ‌ဘောထားထုတ်ပြန်လိုက်ခြင်းသည် လက်ရှိပဋိပက္ခကို ပို၍ ကြီးထွားလာနိုင်သည့်အတွက် ဌာ‌နေလူထုမှာ ပို၍ စိုးရိမ်စရာ ဖြစ်‌ပေါ်‌စေခဲ့သည်။

မြန်မာ့ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်ကို ‌ရှေ့ဆုံးက ဦး‌ဆောင်ကာ လုပ်‌ဆောင်‌နေသည့် လက်နက်ကိုင်‌တော်လှန်‌ရေးအ ဖွဲ့တစ်ခုဖြစ်သည့် ‌ကေအဲန်ယူသည် မိမိတို့ဘက်မှ NCA ပျက်စီးသွားမည့်အ‌နေအထားကို ထိရှပွန်းပဲ့မခံဘဲ ထိန်းသိမ်းညှိနှိုင်း ‌ဆောင်ရွက်‌နေသည့်တိုင် ၎င်းတို့နယ်‌မြေအတွင်း မြန်မာ့တပ်မ‌တော်နှင့် ပစ်ခတ်မှုဖြစ်ပွားလာရခြင်းမှာ အဘယ့်‌ကြောင့်နည်း။ နှစ်ဖက် သ‌ဘောတူညီထား‌သော NCA အ‌ပေါ် ‌လေးစားလိုက်နာမှု အားနည်းခြင်း၊ အ‌လေးမထားခြင်းတို့‌ကြောင့် ယခုလို ဖြစ် ပွားခြင်းဖြစ်ရာ ဖာပွန်အ‌ရေးကိစ္စသည် NCA ကို ‌သွေဖယ်‌နေသလား ဆိုသည့်‌မေးခွန်းကို ‌မေးလိုက်ချင်ပါသည်။