Home သတင်း မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းတွင် ယခုမတ်လအတွင်း စစ်‌ဘေး‌ရှောင်ထပ်မံ‌ရောက်ရှိ

မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းတွင် ယခုမတ်လအတွင်း စစ်‌ဘေး‌ရှောင်ထပ်မံ‌ရောက်ရှိ

2414

မတ် ၂၁ ရက်၊၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

စစ်‌ရှောင် ဒုက္ခသည် ဦး‌ရေ ၅ ‌ထောင်‌ကျော်ခိုလှုံ‌နေရဆဲဖြစ်သည့် ကရင်ပြည်နယ် မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းတွင် ပြီးခဲ့သည့် ရက်ပိုင်းက အိမ်‌ထောင်စု တစ်ဆယ်‌ကျော်ထပ်မံ‌ရောက်ရှိ ခိုလှုံ‌နေရ‌ကြောင်း စခန်းတာဝန်ရှိသူများ၏ ‌ပြောပြ ချက်များအရ သိရသည်။

မတ်လ ၁ဝ ရက်‌နေ့က မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းတွင် ထပ်မံ‌ရောက်ရှိလာသည့် အိမ်‌ထောင်စုများမှာ လှိုင်းဘွဲမြို့နယ် ရှိ ပါပလိုခီး ‌ကျေးရွာမှ ‌ဒေသခံများဖြစ်ပြီး အိမ်‌ထောင်စု ၁၄ စုနှင့် လူဦး‌ရေ ၈၂ဦး ‌ရောက်ရှိလာခြင်းဖြစ်သည်ဟု ‌အေးလင်းမြတ်ရှင် စစ်‌ပြေး‌ရှောင်စခန်း တာဝန်ခံတစ်ဦးဖြစ်သူ ‌စော‌ရွှေထွန်းက ‌ပြောဆိုသည်။

၎င်းက “သူတို့‌ပြောတာ‌တော့ မိုင်း‌တွေများလာလို့ ‌နေမရဲဘူး။ သူတို့ရွာမှာ ထွက်သွားခိုင်းတယ်။ ထွက်ခိုင်းတဲ့လူက ခို့ဖုံးသန့် (‌ခေါင်း‌ပေါင်းမဲ)လို့ ‌ပြောတယ်။ သူတို့လုပ်ကိုင်စား‌သောက်တာက ‌တောင်ယာ‌တွေဘဲဆို‌တော့ သူတို့မှာ လုပ်ကိုင်စား ‌သောက်ဖို့ မရ‌တော့ စီးပွား‌ရေးလည်းမရှိလို့ ဒီစခန်းမှာ လာတာလို့‌ပြောတယ်။ အခုလည်း တစ်စုနှစ်စု ထပ်လာတယ်။ စာရင်း‌တော့ အ‌သေအချာ မ‌ကောက်ရ‌သေးဘူး”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထပ်မံ‌ရောက်ရှိလာသည့် အိမ်‌ထောင်စုများမှာ တိုက်ပွဲဖြစ်ပွားမှုများ‌ကြောင့် မဟုတ်ဘဲ ၎င်းတို့‌နေထိုင်ရာ ‌ဒေသအတွင်း ‌မြေမြှုပ်မိုင်းများ တဖြည်းဖြည်းများလာသည့် အတွက် ကျွဲ၊ နွားထိခိုက်မှုများ‌ကြောင့် ‌နေထိုင်လုပ်ကိုင်ရန်မဝံ့ရဲ‌တော့သဖြင့် စစ်‌ဘေး‌ရှောင် စခန်း သို့‌ရောက်ရှိ လာခြင်းလည်းဖြစ်သည်ဟု သိရသည်။
လတ်တ‌လောအ‌ခြေအ‌နေများအရ မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းတွင် ထပ်မံ‌ရောက်ရှိလာသည့် အိမ် ‌ထောင်စု ဝင်များအ ‌နေဖြင့် ယာယီခိုလှုံနိုင်မည့် တဲနှင့်ရိက္ခာမရှိသည့်အတွက် အသိမိတ်‌ဆွေတဲများတွင်သာ ခိုလှုံ‌နေရ‌ကြောင်း လည်း ၎င်းကဖြည့်စွက်‌ပြောသည်။

ပြီးခဲ့၂၀၁၆ ခုနှစ်က တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA (ခွဲထွက် DKBA အဖွဲ့)နှင့် ကရင်ပြည် နယ်နယ်ခြား‌စောင့်တပ်( BGF) တို့အကြား တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် မြိုင်ကြီးငူ ဆရာ‌တော်ဦးစီးပြီး ‌ဒေသခံများကို သွား ‌ရောက်‌ခေါ်ယူကာ ‌အေးလင်းမြတ်ရှင်စခန်းနှင့် မြပန်းဝတ် မှှုံစခန်း နှစ်ခုဖွင့်ထားပြီး စစ်‌ပြေး ‌ရှောင်များကို ယ‌နေ့အထိ လက်ခံ‌စောင့်‌ရှောက်ထားခြင်းဖြစ်သည်။

လက်ရှိမြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းတွင် လူဦး‌ရေ ၅,၅၆၉ ဦးခိုလှုံ‌နေရဆဲဖြစ်‌ကြောင်း စခန်း တာဝန်ရှိ သူ များပြုစု ထားသည့် စာရင်းများအရ သိရပြီး လတ်တ‌လော ကရင်ပြည်နယ် ဖာပွန်တွင်ဖြစ်ပွားသည့် ပစ်ခတ်မှုများ‌ကြောင့် ထွက်‌ပြေး တိမ်း‌ရှောင်‌နေရသူများအပါအဝင် ကရင်ပြည်နယ်တွင် စစ်‌ဘေး‌ရှောင်စုစု‌ပေါင်း ၇ ‌ထောင် ‌ကျော်ရှိ‌နေပြီဖြစ်သည်။