Home သတင်း ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ်အတွင်း ဝင်ပြိုင်မည်မဟုတ်ဟု ဖလုံ-စ‌ဝေါ် ပါတီ‌ပြော

၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ်အတွင်း ဝင်ပြိုင်မည်မဟုတ်ဟု ဖလုံ-စ‌ဝေါ် ပါတီ‌ပြော

3868

မတ်လ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

၂၀၂ဝ ပါတီစုံ ဒီမိုက‌ရေစီ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ဝင်ပြိုင်မည်မဟုတ်ဟု ဖလုံ-စ‌ဝေါ်ဒီမို ကရက်တစ်ပါတီ-PSDP အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောကြည်လင်းက မတ် ၁၃ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။
၎င်းက ̏ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ အ‌နေနဲ့ ကရင်ပြည်နယ်မှာ လုံးဝ ဝင်မပြိုင်ပါဘူး။ ကတိကဝတ် ‌ပေးထား တာလည်းရှိတယ်။ လက်မှတ်ထိုးဆိုလည်း ထိုးတယ်↔ဟု ‌ပြောသည်။

ဖလုံ-စ‌ဝေါ် အ‌နေဖြင့် ကရင်ပြည်နယ်အတွင်းဝင်မပြိုင်‌သော်လည်း ပြည်နယ်အတွင်း ကရင်သုံးပါတီ ပူး‌ပေါင်း တည်‌ထောင်ထားသည့် ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီ-KNDP ကိုသာ ကရင်ပြည်နယ်အတွင်း ဝင်‌ရောက်ယှဉ်ပြိုင် ‌စေမည်ဖြစ်‌ကြောင်း ‌စောကြည်လင်းက ဆက်‌ပြောသည်။

ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ထုတ်ပြန်ချက်များအရ နိုင်ငံ‌ရေးပါတီ တခုအ‌နေဖြင့် အနည်းဆုံး မဲဆန္ဒနယ် (၃) ‌နေရာတွင် ဝင်‌ရောက် မယှဉ်ပြိုင်ပါက ပါတီအလို အ‌လျောက်ပယ်ဖျက်မည်ဖြစ်‌သော‌ကြောင့် ဖလုံ-စ‌ဝေါ်ပါတီ ‌နေဖြင့် ကရင်ပြည်နယ်ပြင်ပ (မွန်ပြည်နယ် ကဲ့သို့‌သော )‌နေရာများတွင်သာ ဝင်ပြိုင်ရန်ရှိ သည်ဟု ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ အ‌နေဖြင့် လတ်တ‌လော ပြည်နယ်အ‌ခြေစိုက် ကရင်ပါတီများပူး‌ပေါင်းပြီး အသစ် ဖွဲ့စည်းထားသည့် KNDP ပါတီနှင့်မ‌ပေါင်းစည်း‌သော်လည်း အမာခံပါတီဝင်အချို့ နှုတ်ထွက်ကာ KNDP သို့ လာ‌ရောက် ပူး‌ပေါင်းမှုများလည်း ရှိခဲ့သည်။
ထို့အပြင် မတ် ၁၂ ရက်‌နေ့က အသစ်ပြန်လည်‌ရွေး‌ကောက်တင်‌မြှောက်လိုက်သည့် KNDP ပါတီ ဗဟို အလုပ်အမှု‌ဆောင် ၁၅ ဦးတွင် ပါတီ ဥက္ကဌ‌နေရာအပါအဝင် ဖလုံ-စ‌ဝေါ်ပါတီဝင်‌ဟောင်း ၆ ဦးပါဝင်ကာ ပူး‌ပေါင်းခဲ့သည့် တခြားပါတီများထက် ဗဟိုအလုပ်မှု‌ဆောင်‌နေရာတွင် အများဆုံး ပါဝင်‌နေခြင်း ဖြစ်သည်။

လက်ရှိတွင် ကရင်ပြည်နယ် အ‌ခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ် ပါတီ(PSDP)၊ ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ကရင်အမျိုးသားပါတီ (KNP) ဟူ၍ ကရင် နိုင်ငံ‌ရေးပါတီ ၄ ပါတီ တရားဝင် ရပ်တည်‌နေပြီး ကရင်ပါတီများအ‌နေဖြင့် လာမည့်‌ရွေး‌ကောက်ပွဲတွင် ‌နေရာ မထပ်‌ရေးအတွက် ဆက်‌တွေ့ဆုံ ‌ဆွေး‌နွေးသွားမည်ဟု ပါတီတာဝန်ရှိသူများက ‌ပြောသည်။

ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီကို ၂၀၁ဝ ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် အမျိုး သားလွှတ် ၃ ‌နေရာ ၊ ပြည်သူ့လွှတ်‌တော် ၂ ‌နေရာနှင့် ပြည်နယ်လွှတ်‌တော်တွင် ၄ ‌နေရာ စုစု‌ပေါင်း ကိုယ်စား လှယ် ၉ ဦး အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲဝင်ပြိုင်ခဲ့‌သော်လည်း ကိုယ်စားလှယ်‌နေရာ အနိုင်ရရှိခဲ့ခြင်း မရှိ‌ကြောင်း သိရသည်။