Home သတင်း ကရင်ပြည်နယ်တွင် ကရင်စာ‌ပေသင်ကြားသူ ၇ ‌သောင်း‌ကျော်ရှိ

ကရင်ပြည်နယ်တွင် ကရင်စာ‌ပေသင်ကြားသူ ၇ ‌သောင်း‌ကျော်ရှိ

1982

မတ် ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်အတွင်းရှိ အစိုးရစာသင်‌ကျောင်းများတွင် ၂၀၁၇-၁၈ ပညာသင်နှစ်အတွင်း အစိုးရအ‌ခြေခံ ပညာ ‌ကျောင်းများတွင် မူလတန်းအဆင့် ‌ကျောင်းသူ၊ ‌ကျောင်းသား ၇၂,၈၅၅ ဦးရှိသည်ဟု မတ် ၁၄ ရက်‌နေ့တွင် ပြုလုပ်သည့် ပြည်နယ်လွှတ်‌တော် အထူးအစည်းအ‌ဝေးတွင် တိုင်းရင်းသား လူမျိုးများအ‌ရေးဆိုင်ရာ ‌ကော်မတီ ၏ နှစ်ချုပ်အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာအရ ပြည်နယ်အတွင်း ပိုး(ဖလုံ) ၃၁,၃၂၅ ဦး၊ စ‌ကောကရင် ၂၈,၀၈၅ ဦး၊ တ‌လေညာ ၄,၆၃၃ ဦး၊ ဂယ်ဘား ၄,၅၉ဝ ဦး၊ ‌လေကွယ်‌ကော် ၂,၈၈၃ ဦး၊ ဘွဲ ၁,၃၃၇ ဦး တို့ကို တို့ကို အသီးသီး တိုင်းရင်းသား ‌ကော်မတီ၏ စာရင်းအရသိရသည်။

ထို့အပြင် ကရင်ပြည်နယ်တွင်း‌နေထိုင်သည့် အခြားတိုင်းရင်းသားလူမျိုးများဖြစ်သည့် မွန်က‌လေးငယ် ၉,၄၃၂ ဦး၊ ပအိုဝ်း ၃,၇၆၃ ဦး၊ ကယန်း ၁,၂၃၂ ဦး၊ က‌ယော ၄၃ ဦးနှင့် ရှမ်း ၂၇၅ ဦး တို့မှလည်း သက်ဆိုင်ရာ စာ‌ပေများ ကိုလည်း သင်ကြား ခဲ့ကြသည်ဟုသိရသည်။

တိုင်းရင်းသားလူမျိုးများအ‌ရေးဆိုင်ရာ‌ကော်မတီ၏ စာရင်းများအရ ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားစာ‌ပေ သင်ကြားသည့် ‌ကျောင်း‌ပေါင်း ၁,၃၅၉ ‌ကျောင်း၊ ဝန်ထမ်း ဆရာ/မဦး‌ရေ ၂,၅၃၄ ဦး၊ ‌နေ့စားလ‌ပေးဆရာ/မ ၅၄ဝ ဦးနှင့် စာ‌ပေသင်ကြားသူ ‌ကျောင်းသား/သူ စုစု‌ပေါင်း ၈၇,၅၅၂ ဦးရှိသည်ဟုသိရသည်။

ယ‌နေ့စတင်ကျင်းပသည့် ဒုတိယအကြိမ်၊ ကရင်ပြည်နယ်လွှတ်‌တော် အထူး အစည်းအ‌ဝေးကို မတ်လ ၁၆ ရက်‌နေ့အထိ ဆက်လက်ကျင်းပသွားမည်ဟု ပြည်နယ်လွှတ်‌တော် တာဝန်ရှိသူများထံမှ သိရသည်။