Home သတင်း ပြည်‌ထောင်စုအစိုးရမှ မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်များအတွက် ကျပ်သိန်း ၁,၂၀ဝ ‌ကျော် ‌ပေးအပ်

ပြည်‌ထောင်စုအစိုးရမှ မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်များအတွက် ကျပ်သိန်း ၁,၂၀ဝ ‌ကျော် ‌ပေးအပ်

1987

မတ်လ ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ပြည်‌ထောင်စုအစိုးရ၊ လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့်ပြန်လည်‌နေရာချထား‌ရေးဝန်ကြီးဌာနတို့မှ ကရင်ပြည်နယ် လှိုင်း ဘွဲမြို့နယ်အတွင်းရှိ မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းများ၌ ယ‌နေ့အထိ ခိုလှုံ‌နေရသည့် စစ်‌ဘေး‌ရှောင်များအတွက် ‌ထောက် ပံ့‌ငွေ ကျပ်သိန်း‌ပေါင်း ၁,၂၆၉ သိန်းကို ယ‌နေ့ (မတ်လ ၁၉ ရက်) ဖားအံမြို့၊ ဇွဲကပင် ခန်းမတွင် ‌ပေးအပ်ခဲ့သည်။

မြိုင်ကြီးငူ စစ်‌ရှောင်စခန်းများရှိ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးအိမ်‌ထောင်ဦးစီးများ၊ ကိုယ်ဝန်‌ဆောင်များနှင့် က‌လေးငယ်များ၊ မသန်စွမ်းများအား ‌ပေးအပ်ခြင်းဖြစ်ပြီး ထိုသို့‌ထောက်ပံ့‌ငွေ ‌ပေးအပ်ရခြင်း အ‌ကြောင်းရင်းနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ် ‌ဒေါက်တာ ‌ဒေါ်စမ်းစမ်း‌အေးက အခမ်းအနားအမှာစကားတွင် ယခုလို‌ပြော ကြားသည်။

̏ အထူးသဖြင့် ဒီနှစ်မှာ တိုက်ပွဲ‌ရှောင်‌ဒေသမှာရှိတဲ့လူထု‌တွေကို ‌ထောက်ပံ့မှု‌တွေလုပ်ပါတယ်။ ‌နောက်ဝန်ကြီး ချုပ်အမိန့်ရှိသွားတဲ့အတိုင်းပဲ ပိုပြီး‌တော့ လိုအပ်တဲ့လူအုပ်စု‌တွေကို တွက်လိုက်တဲ့အခါမှာ ကိုယ်ဝန်‌ဆောင် သမား‌တွေ၊ အသက် ၅ နှစ်‌အောက်က‌လေး‌တွေ၊ အသက် ၆ဝ ‌ကျော်အဖိုးအဖွား‌တွေ၊ မသန်စွမ်းသူ‌တွေဆိုပြီး အုပ်စုခွဲပြီး‌တော့ ‌ထောက်ပံ့မှု‌တွေ‌ပေးပါတယ်။ ‌နောက်တစ်ခု ဒီနှစ်မှာ ထူးထူးခြားခြား အမျိုးသမီး ဦး‌ဆောင်မှုရှိတဲ့မိသားစုကိုပါ ‌ထောက်ပံ့‌ပေးပါတယ်” ဟု‌ပြောသည်။

ယ‌နေ့ပြုလုပ်‌သော အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်အပါအဝင် ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိ သူများ၊ ပြည်‌ထောင်စုအစိုးရ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မသန်စွမ်းများ၊ ကရင် အရပ်ဘက်အဖွဲ့များ အပါအဝင် လူ‌ပေါင်း ၁၀ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

နိုင်ငံ‌တော်အစိုးရ လူမှုကာကွယ်‌စောင့်‌ရှောက်‌ရေးမဟာဗျူဟာ ချမှတ်‌ဆောင်ရွက်ခြင်း၏ အစိတ်အပိုင်း တစ် ခုဖြစ်သည်ဟုသိရသည့် ယင်း‌ထောက်ပံ့‌ငွေ‌ပေးအပ်ပွဲ အခမ်းအနားတွင် ဝန်ကြီးချုပ်နန်းခင်‌ထွေးမြင့် ကိုယ်တိုင် တက်‌ရောက် အမှာစကားများ‌ပြောကြားခဲ့ကြပြီး ‌ထောက်ပံ့‌ငွေနှင့် ပစ္စည်းများအားသက်ဆိုင်ရာ ကိုယ်စားလှယ် များထံ ‌ပေးအပ်ခဲ့ကြသည်ဟု သိရသည်။

ထိုသို့‌ထောက်ပံ့‌ငွေများ‌ပေးအပ်ရာတွင် မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းတွင် ခိုလှုံ‌နေရသည့် ကိုယ်ဝန်‌ဆောင်မိခင် ၂၆ ဦး၊ ၅ နှစ်‌အောက်က‌လေးငယ် ၉၁ဝ ဦး၊ အသက် ၆ဝ နှင့်အထက် ဘိုးဘွား ၁၇၄ ဦး၊ မသန်စွမ်း ၇ ဦးတို့အား တစ်ဦးလျှင် တစ်သိန်းနှုန်း‌ထောက်ပံ့‌ပေးခဲ့ခြင်းဖြစ်သည့်အပြင် အိမ်‌ထောင်ဦးစီးမရှိ‌သော မိခင် ၇၆ ဦးအား တစ်ဦးလျှင် ၂ သိန်းနှုန်းဖြင့်‌ထောက်ပံ့‌ပေးခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် မသန်စွမ်းသူ ၄,၆၁၆ ဦးအတွက် တစ်ဦးလျှင် တစ်သိန်းနှုန်းနှင့် ဝှီးချဲ(Wheel Chair)များအား ‌ထောက်ပံ့‌ပေးခဲ့ပြီး ယ‌နေ့စုစု‌ပေါင်း ‌ထောက်ပံ့‌ငွေမှာ ကျပ်သိန်း‌ပေါင်း ၅,၈၈၅ သိန်း ဖြစ်သည်ဟု သိရသည်။

‌ကေအိုင်စီမှ မြိုင်ကြီးငူ စစ်‌ရှောင်စခန်းသို့ ဆက်သွယ်‌မေးမြန်းကြည့်ရာ စခန်း တာဝန်ခံတစ်ဦးဖြစ်သူ ‌စော‌ရွှေထွန်းက ̏ အရင်က တခါမှ မရဖူးဘူး။ အခုက ရမယ်လို့‌တော့ ကြားပါတယ်။ ဒါ‌ပေမယ့် တစ်‌ယောက် ဘယ်‌လောက်ရမလဲ‌တော့ မကြားမိပါဘူး။ ဘယ်‌နေ့မှာ ရမလဲလို့လဲ မသိ‌သေးပါဘူး↔ဟု‌ပြောသည်။

ပြည်‌ထောင်စုအစိုးရ၊ လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့်ပြန်လည်‌နေရာချထား‌ရေးဝန်ကြီးဌာနတို့မှ ကရင်ပြည်နယ်ရှိ စစ်‌ဘေး‌ရှောင်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီး အိမ်‌ထောင်ဦးစီးများ၊ ကိုယ်ဝန်‌ဆောင်များနှင့် က‌လေး ငယ်များ၊ မသန်စွမ်းများအား ယခုကဲ့သို့ အခမ်းအနားနှင့်တကွ အစိုးရမှဦး‌ဆောင်ပြီး‌ထောက်ပံ့‌ငွေ ‌ပေးအပ်ခြင်း မှာ ပထမဦးဆုံး အကြိ်မ်ဟုလည်း သိရသည်။