Home ကဗျာ ‌ရောဂါ

‌ရောဂါ

2917

(လကင်္ာဒီပ)

၂၅ မတ်လ၊ ၂၀၁၈။

အ‌ရေး‌ပေါ် မီး‌ဘေးသင်တန်း
နည်းလမ်းပညာသင်ယူတုန်း
‌ပြေးပုန်းကြရ စစ်‌ရှောင်ရွာသားဘဝ‌တွေ
အ‌ခြေအ‌နေမဲ့ဘဝ‌တွေကို
အလိုလို ပြန်လည်တမ်းတမိခဲ့တယ်။

တရားရုံး‌တော်က အပြန်
‌ဖောက်ပြန်တရားခံကို အမိန့်ချ
ကိစ္စတို့ ချုပ်ငြိမ်းပြီးသွား‌သောအခါ
ငါသာလျင် ဗဟိုဖြစ်တယ်ဆိုတဲ့
‌ခေါင်း‌ဆောင်တချို့ရဲ့ ထင်ရာစိုင်းသမိုင်း
‌ဖြောင့်ရာက ‌ကွေးကျ
‌ဖေးမ နားလည်လို့မရ‌အောင် ဖြစ်‌နေမိတယ်။

နာမည်ကြီး စား‌သောက်ဆိုင်‌ပေါ်ဝယ်
အလျှံပယ် စား‌သောက်ကြရင်း
အတူဆင်းရဲ ငတ်ပြတ်ခဲ့ကြတဲ့
အပြစ်မဲ့ ဒုက္ခသည်ဘဝကို
အလိုလို ပြန်လည်အမှတ်ရမိတယ်။

ပြုစု‌စောင့်‌ရှောက်ခြင်း စုံလင်မှု
ကြင်နာစွာ လူနာကို ‌ဖေးမပြုစု
စိတ်ချမှုရှိမှသာ
ထွက်ခွာပြန်ဆင်းခွင့်‌ပေးကြ
‌ဆေးရုံမှ အိမ်အပြန်ခရီးကြား
‌ဆေးဝါးရှားပါး ဒုက္ခများခဲ့
ကယ်သူမဲ့ စစ်‌ပြေးဘဝ‌တွေကို
မငိုယုံတမယ် အမှတ်ရမိတယ်။

ကျယ်ဝန်းတဲ့ အိမ်ကြီးအိမ်ရာ
လိုရာကို အလျင်အမြန်သွား
ဇိမ်ခံကား‌တွေစီးပြီး
သားသမီး မိသားစုနဲ့‌ပျော်ရွှင်
ဘဝင်တို့ ခိုက်ကြ‌လေ‌သောအခါ
‌မြေလွှာ‌ကျောခင်း အိပ်စက်ရဘဝ
ဂနိုင်‌တောလမ်း ‌ကျောက်‌ဆောင်‌တွေကြား
‌ခြေဖဝါးကိုအားပြု အသက်လု‌ပြေး‌နေကြ ဘဝ‌တွေကို
‌ရွှေရင်ဖို ပြန်အမှတ်ရမိတယ်။

‌ဘေးမသီ ရန်မခ
လူတစ်လုံး သူတစ်လုံး
အပြုံး‌ဝေဆာ ဖြစ်ထွန်းကား‌ရေး
‌တွေး‌တောကြည့်ရှု ပံ့ပိုးမှုမျိုး
အစိုးရက က‌လေးအခွင့်အ‌ရေး‌ပေး
‌မွေးမြူထူ‌ထောင်တာ မြင်ရ‌သောအခါ
မညှာမတာ ဖခင်ကို လိုလို့များ
သားသမီးကို မီးပုံထဲ ပစ်ချဖြစ်စဉ်
ကျူပင်ခုတ် ကျူငုတ်ရှင်းခံရ
ဘဝဆိုးကြီး‌တွေကို အမှတ်ရ‌နေမိတယ်။

အတူယှဉ်တွဲ‌နေထိုင်ခြင်းဟာ
ချိုသာ နားဝင်ပီယံရှိ‌သော်ငြားလည်း
‌ဖောက်လွဲ‌ဖောက်ပြန်တရား‌ကြောင့်
စ‌နောင့်စနင်း မဖြစ်မိ‌စေ‌ရေး
မူ‌ဘောင်‌တွေ စည်း‌တွေ ချထားဖို့လိုသလို
ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူ‌ရေး
မ‌နှေးအမြန် ‌ဆောင်ရွက်ဖို့လိုတယ်။

စစ်ဆင်‌ရေးတွက် လမ်း‌ဖောက်ခြင်းဆိုပါလား
ကွာကျသွား မင်းသားမျက်နှာဖုံး
သင်… မျက်လုံးနဲ့ ‌သေချာ‌တွေ့မြင်
ဖြစ်ကုန်စင် သိခဲ့ရ မဟုတ်လား
‌နောက်များကျ ‌နောင်တရ‌လေခြင်းဆိုပြီး
ငိုငြီးကာ ‌တောင်းပန်တိုးလျှိုးမြည်တမ်း
ပရမ်းပတာ ငမိုက်သားလိုမဖြစ်ဖို့
ကျုပ်တို့ ပြည်သူရဲ့အသံကို နား‌ထောင်‌ရေး
သတိ‌ပေးခြင်း အကြိမ်ကြိမ် ပြုလိုက်ရပါ‌တော့သည်။