မတ် ၇ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ဆင်ပြေးရွာ(ကဲုကု်ဆင့်စာင်းတု်ဝါန့်)၌ မတ်လ ၅ ရက်မှ စတင်ကာ ၁၆ ရက် နေ့အထိ ပြုလုပ်မည့် (၅)ကြိမ်မြောက် ကညော-ဖလုံ(ကရင်) စာပေနှင့်ယဉ်ကျေးမှု ဆရာဖြစ်မွမ်းမံသင် တန်းတွင် သင်တန်းသားဦးရေ ကန့်သတ်မှုကြောင့် ယခင်နှစ်များကထက် သင်တန်းသားလျော့နည်းလာကြောင်း သိရသည်။
ဝင်းရော်ဒေသ၊ ကညော-ဖလုံ စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်နေသည့် အဆိုပါ သင်တန်းတွင် သင် တန်းသားဦးရေ ကန့်သတ်မှုများပြုလုပ်လာရခြင်းနှင့်ပတ်သက်ပြီးသင်တန်းမှူး စောထာဝရက “သင်တန်းသား များလာတာနဲ့ အမျှ ကော်မတီဝင်တွေက ထိန်းချုပ်မှုအတွက် နည်းနည်းအဆင်မပြေဖြစ်လာတယ်။ ဘဏ္ဍာရေး အားနည်းမှုကြောင့် အ ကျွေးအမွေးပိုင်းမှာ အခက်အခဲဖြစ်လာတာလည်း ပါတာပေါ့နော်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ယခုဖွင့်လှစ်လိုက်သည့် သင်တန်းတွင် သင်တန်းသားများအနေဖြင့် အနိမ့်ဆုံး အသက် ၁၅ နှစ် အထက် ရှိပြီးသူ၊ မူလတန်းအောင်မြင်ထားသူများကိုသာ ဆရာဖြစ်မွမ်းမံသင်တန်းကို တက်ရောက်ရန် ကန့်သတ်ချက်များ ထားရှိကြောင်း လည်း စောထာဝရက ဆက်ပြောသည်။
ပိုး၊ စကော မခွဲခြားဘဲ ကရင်စာပေနှင့် ယဉ်ကျေးမှု ပြန့်ပွားရေးအတွက် ရည်ရွယ်ပြုလုပ်သည့် ကညော-ဖလုံ ဆရာဖြစ် မွမ်းမံသင်တန်းကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ရွာပေါင်း ၅၄ ရွာမှ သင်တန်းသား၂၄၈ ဦး၊ ၂၀၁၇ ခုနှစ်တွင် ရွာပေါင်း ၆၉ ရွာမှ သင်တန်းသား ၂၆၄ ဦးတက်ရောက်ခဲ့သည်ဟု သင်တန်းဆရာများ၏ ပြောပြချက်အရ သိရသည်။
ယခုနှစ် သင်တန်းတွင် ကြာအင်းဆိပ်ကြီး၊ သံဖြူဇရပ်၊ သထုံ စသည့် သုံးမြို့နယ်မှ ကျေးရွာပေါင်း ၆၄ ရွာရှိ သင်တန်း သူ/သား ၂၂၆ ဦး တက်ရောက်နေပြီး သင်တန်းတွင် မူလတန်းအဆင့် ကရင်သင်ရိုးညွှန်းတမ်း စာပေများ၊ ဒုံးအက၊ မျက် မှောက် ကရင့်ရေးရာများဖြစ်သည့် နိုင်ငံရေး နှင့် သမိုင်းစသည့် အကြောင်းအရာများကို သင်တန်းကော်မတီဆရာ ၆၅ ဦးတို့မှ ကဏ္ဍအလိုက်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖားပြရွာမှ တက်ရောက်လာသည့် သင်တန်းသူ နန်းဖော့သဝါ့က “တချို့ကလေးတွေက အကောင်ကြီးပြီ။ ကရင် ဖြစ်ပြီး ကရင်စာမတတ်တော့ဟာလေ။ ကိုယ်က ဒါကိုတွေ့ပြီး စိတ်အားငယ်မိတာပေါ့။ ဒါကြောင့် ဆရာဖြစ် သင်တန်းတက်ပြီး စာ၊ ယဉ်ကျေးမှုအကတွေကို ရွာမှာ ပြန်လည်သင်ပြသွားမယ်။ အသက်ကြီးလို့လည်း စိတ်အားမငယ် ဘဲ ကိုယ့်စာပေမို့ ကြိုးစား သင်ယူစေချင်ပါတယ်” ဟု ပြောဆိုသည်။
ကညော-ဖလုံစာပေနှင့်ယဉ်ကျေးမှု ဆရာဖြစ်မွမ်းမံသင်တန်း တက်ရောက်ပြီးစီးသွားသည့် သင်တန်းသားများ အနေဖြင့် မိမိတို့ သင်ယူရရှိထားသည်များကို သက်ဆိုင်ရာဒေသအသီးသီးတွင် ပြည်လည်ပို့ချပြီးနောက် (၆) ကြိမ်မြောက် စုပေါင်း သင်တန်းဆင်းပွဲကို လာမည့် ဧပြီလ ဒုတိယအပတ်၌ ဆင်ပြေးရွာတွင်သာ ကျင်းပသွားမည်ဟုလည်း သိရသည်။
ဝင်းရော်ဒေသ၊ ကညော-ဖလုံ ဆရာဖြစ်မွမ်းမံသင်တန်းကို ၂၀၁၄ ခုနှစ်မှစ၍ ပထမအကြိမ်အဖြစ် လွတ်ရှမ်းရွာ၊ ဒုတိယ နှင့်တတိယအကြိမ်ကို ဖားပြရွာ၊ (၄) ကြိမ်မြောက်ကို ဆင်ပြေးရွာတွင် ပြုလုပ်ခဲ့ရာမှ ယခုနှစ် (၅) ကြိမ် မြောက်ကိုလည်း ဆင်ပြေးရွာ၌သာ ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။



















