Home သတင်း ကရင်‌ကျောင်းဆရာအဖွဲ့၏ ‌နွေရာသီ ‌ကျောင်းဆရာ မွမ်းမံသင်တန်း စတင်မည်

ကရင်‌ကျောင်းဆရာအဖွဲ့၏ ‌နွေရာသီ ‌ကျောင်းဆရာ မွမ်းမံသင်တန်း စတင်မည်

2219

မတ်လ ၇ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ကရင်‌ကျောင်းဆရာပူး‌ပေါင်းလှုပ်ရှားမှုအဖွဲ့-KTWG မှဦး‌ဆောင်၍ ‌နွေရာသီ ‌ကျောင်းပိတ်ချိန်၌ KNU – ကရင်အမျိုးသား အစည်းအရုံး ၏ အ‌ခြေခံ‌ဒေသများရှိ ကရင်‌ကျောင်းဆရာ၊ ဆရာမများအတွက် ‌နွေရာသီ မွမ်းမံသင်တန်းကို ယခုလ(၁၂) ရက်မှစ၍ စတင်နယ်လှည့်ပြုလုပ်မည်ဟု သိရသည်။

ကရင်‌ကျောင်းဆရာ၊ ဆရာမများအတွက် လိုအပ်သည့် စွမ်ရည်မြှင့်တင်‌ရေးကို အ‌ထောက်အကူပြုရန် ရည်ရွယ်၍ ‌ကေအဲန်ယူ၏ သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်ထားဝယ်၊ မူတ‌ရော်(ဖာပွန်)၊ ဒူးပလာယာနှင့် ဖားအံစသည့် ခရိုင် (၇)ခုရှိ ‌နေရာ‌ဒေသ ၂၄ ‌နေရာမှ ဆရာ၊ ဆရာမ‌ပေါင်း ၁,၅၀ဝ ‌ကျော်ကို စွမ်းရည်မြှင့်တင်‌ရေး မွမ်းမံခြင်းနှင့် အလုပ်ရုံ ‌ဆွေး‌နွေးပွဲ သင်တန်းများကို ပြုလုပ်‌ပေးသွားမည်ဟု KTWG ၏ ဒါရိုက်တာဖြစ်သူ ‌နော်လယ်ထူးက ယ‌နေ့တွင် ‌ပြောသည်။

၎င်းက “ဆရာ‌တွေအ‌နေနဲ့ အရည်အချင်းပြည့်မီလာ‌စေဖို့အတွက် ဒီလို‌နွေရာသီ ‌ကျောင်းပိတ်ရက်မှာ သူတို့ရဲ့ သင်ကြား ‌ရေး နည်းစနစ်‌တွေ၊ သင်ကြားမှုစွမ်းရည်‌တွေကို မြှင့်တင်သွားနိုင်ဖို့အတွက် ရည်ရွယ်တာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KTWG နယ်လှည့် သင်တန်းဆရာများကဦး‌ဆောင်၍ သင်ကြား‌ရေးဆိုင်ရာ နည်းစနစ်များ၊ နည်းလမ်းများ၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ‌ကျောင်းဆရာ၊ ဆရာမများ၏ အ‌တွေ့အကြုံများကို ပြန်လည်မျှ‌ဝေခြင်းစသည့် သင်ကြားမှု အစီအစဉ်များပါဝင်သွားမည်ဟု KTWGက ‌ပြောသည်။

သင်တန်းကာလမှာ ယခုနှစ် မတ်လ ၁၂ရက်မှ လာမည့် ဧပြီလ ၉ ရက်‌နေ့အထိ ကြာမြင့်မည်ဖြစ်ပြီး အဆိုပါ ‌နွေရာသီ ‌ကျောင်းပိတ်ရက် ‌ကျောင်းဆရာမွမ်းမံသင်တန်းကို ယခင်က နယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌စတင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှစ၍ KNU၏ ထိန်းချုပ်နယ်‌မြေများသို့ နှစ်စဉ်ပြုလုပ်‌ပေးသည့် အစီအစဉ်တစ်ခုဖြစ်သည်။