Home သတင်း ကရင်ပြည်နယ် တက္ကသိုလ်ဝင်တန်း‌ဖြေမည့်သူဦး‌ရေ ပြီးခဲ့သည့်နှစ်ထက် ၁ ‌ထောင်‌ကျော် များလာ

ကရင်ပြည်နယ် တက္ကသိုလ်ဝင်တန်း‌ဖြေမည့်သူဦး‌ရေ ပြီးခဲ့သည့်နှစ်ထက် ၁ ‌ထောင်‌ကျော် များလာ

3257

မတ်လ ၆ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း ‌ဖြေမည့်‌ကျောင်းသူ/‌ကျောင်းသားဦး‌ရေ သည် ပြီးခဲ့ သည့် ၂၀၁၆- ၂၀၁၇ တက္ကသို်လ်ဝင်တန်း ‌ဖြေခဲ့သည့် ‌ကျောင်းသားဦး‌ရေထက် အ‌ယောက် ၁ ‌ထောင်‌ကျော် များလာသည်ဟု အ‌ခြေခံပညာဦးစီးဌာန ကရင်ပြည်နယ် ပညာ‌ရေးမှူးရုံးထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်း‌ဖြေဆိုမည့်သူ ‌ကျောင်းသားဦး‌ရေ တိုးလာခြင်းနှစ်ပတ်သက်၍ ပညာ‌ရေးဦးစီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြား‌ရေးမှုး (စီမံ)ဦး‌မောင်ထွန်းက “အထက်တန်း‌ကျောင်းတိုး‌ပေးနိုင်လို့ ‌ကျောင်းသား ဦး‌ရေများ လာတာဖြစ် တယ်။ အထက်တန်း‌ကျောင်းမရှိတဲ့ အလှမ်း‌ဝေးတဲ့‌ဒေသမှာ အရင်တုန်းကဆိုရင် ‌ကျောင်းမရှိ‌တော့ တခြား‌နေရာမှာ သူတို့ ‌ကျောင်းတက်ဖို့ အခက်အခဲရှိတယ်။ ‌ကျောင်းအဆင့်တိုး‌ပေး‌တော့ က‌လေး‌တွေကလည်း ‌ကျောင်းထွက်နှုန်းနည်းလာတယ်။ ပြီး‌တော့ အခုဆိုရင် အခမဲ့ပညာ‌ရေးဖြစ်‌တော့ ဘယ်သူမဆို ‌ကျောင်းတက် နိုင်တဲ့အ‌ခြေအ‌နေ‌တွေ‌ကြောင့်လို့မြင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က တက္ကသိုလ်ဝင်တန်း ‌ဖြေဆိုမည့်‌ကျောင်းသားဦး‌ရေ ၁၇,၃၆၇ ဦးရှိခဲ့ပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်း ‌ဖြေဆိုမည့်သူ စုစု‌ပေါင်း ‌ကျောင်းသားဦး‌ရေ ၁၉,၀၅၄ ဦးရှိလာသည့်အတွက် ‌ဖြေဆိုမည့်သူဦး ‌ရေတိုးလာသည့်အပြင် စာစစ်ဌာန ၅ ဌာနအထိ ထပ်မံတိုးလာသည့်အတွက် စုစု‌ပေါင်း စာစစ်ဌာန ၄၂ ခုအထိ များလာခြင်း ဖြစ်သည်။

အဆိုပါ တိုး‌ပေးလာသည့် စာစစ်ဌာနများမှာ အထက-ဝဲကရင်(ဖားအံ)၊ အထက ပိုင်ကျုံ(လှိုင်းဘွဲ)၊ အထက-သ‌ပြေ ညွတ်(သံ‌တောင်)၊ အထက ‌တောင်ကြာအင်း(‌ကော့ကရိတ်)နှင့် အထက(ခွဲ)အလက-၁(မြဝတီ )စသည့် စာစစ်ဌာနများဖြစ်သည်ဟု သိရသည်။

ထို့အပြင် ယခုနှစ် မြန်မာတစ်နိုင်ငံလုံးတွင် ‌ကျောင်းအဆင့်တိုး‌ပေးသည့် အထက်တန်း‌ကျောင်း ၃၁၂‌ကျောင်း အနက် ကရင်ပြည်နယ်တွင် ၁၃ ‌ကျောင်းတိုးလာခြင်းဖြစ်ပြီး အထကခွဲ ၁၆၉ ‌ကျောင်းအနက် ရှစ်‌ကျောင်းအထိတိုး လာသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းဝင်‌ရောက်‌ဖြေဆိုမည့်သူ ၁၇,၃၆၇ဦး စာရင်းရှိသည့်အနက် ဝင်‌ရောက်‌ဖြေဆိုသူ ၁၆,၀၃၁ ဦးသာရှိကာ ‌အောင်မြင်သူ ၄,၇၂၅ဦး ရှိသည့်အတွက် ‌အောင်ချက်ရာခိုင်နှုန်း ၂၉.၄၇ရာခိုင်နှုန်းရှိသည်ဟု ကရင်ပြည်နယ် ပညာ‌ရေးမှူးရုံးမှ ပြုစုထားသည့် စာရင်းအရ သိရသည်။