Home သတင်း အများပြည်သူ အပန်း‌ဖြေနိုင်ရန် အဆင့်မြင့် ပန်းခြံတစ်ခု ‌ကော့ကရိတ်တွင် တည်‌ဆောက်မည်

အများပြည်သူ အပန်း‌ဖြေနိုင်ရန် အဆင့်မြင့် ပန်းခြံတစ်ခု ‌ကော့ကရိတ်တွင် တည်‌ဆောက်မည်

2468

မတ်လ ၁၅ ရက်၊၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

အများပြည်သူ အပန်း‌ဖြေနိုင်ရန် အဆင့်မြင့် ပန်းခြံ တစ်ခုကို ‌ကော့ကရိတ်မြို့၊ အမှတ် ၃ ရက်ကွက်ရှိ ဗိုလ်ချုပ် ပန်းခြံ‌နေရာတွင် လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာ‌ရေးနှစ်အတွင်း စတင်တည်‌ဆောက်သွားမည်ဟု ကရင်ပြည်နယ်၊ စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင်သာယာ‌ရေး ဝန်ကြီး ဦးသန်းနိုင်က ‌ပြောသည်။

‌ကော့ကရိတ်မြို့သည် ခရိုင်အဆင့် မြို့တစ်မြို့ဖြစ်ပြီး လူထုအနားယူ အပန်း‌ဖြေရန် ‌နေရာ မရှိသည့်အတွက် ပြည်နယ်အစိုးရအ‌နေဖြင့် ‌ဆောက်လုပ်‌ပေးရန် အစီစဉ်ရှိမရှိ ‌ကော့ကရိတ်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်-၂ ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ် မင်းကိုခိုင်က မတ် ၁၄ ရက်‌နေ့တွင် ပြုလုပ်သည့် ပြည်နယ်လွှတ်‌တော်၊ အထူး အစည်းအ‌ဝေးတွင် အဆိုတင်သွင်း‌မေးမြန်းရာတွင် ဝန်ကြီးမှ ယခုလိုပြန်လည် ‌ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“လာမယ့် ၂၀၁၈-၁၉ဘဏ္ဍာ‌ရေးနှစ်မှာ ‌မြေယာရှုခင်း Land Scape ‌တွေနည်းနည်းစလုပ်မှာ‌ပေါ့၊ ကျန်တာ သူတို့ မြို့နယ် အုပ်ချုပ်‌ရေးမှူတို့ မြို့နယ်စည်ပင်သာတို့ လုပ်ရမယ့်တာဝန်ပါ။ သူတို့က‌နေပြီး တကယ်လို့ အကျိုးတူ ပူး‌ပေါင်း‌ဆောင်ရွက်မယ့် ပုဂိ္ဂုလ်များနဲ့ လုပ်မယ်ဆိုရင်လည်း မြန်မြန်ဖြစ်သွားမှာ ဖြစ်ပါတယ် ” ဟု ကရင်ပြည် နယ် စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင်သာယာ‌ရေးဝန်ကြီး ဦးသန်းနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆင့်မြင့် ပန်းခြံတည်‌ဆောက်ရန်လျာထားသည့် ‌မြေ‌နေရာသည့် ‌ကော့ကရိတ်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ဗိုလ်ချုပ် ပန်းခြံ၊ ‌ဂေါက်ကွင်းအဖြစ်‌ဆောင်ရွက်ခဲ့သည့် ‌မြေအကျယ် ၁၂ ဒသမ ၁၉၆ ကျယ်ဝန်း‌နေရာတွင်ဖြစ်ပြီး ယခင်က ဘာသာ‌ပေါင်စုံ သုသာန်‌မြေ‌ဟောင်းဖြစ်‌ကြောင်း သိရသည်။

ပန်းခြံအဆင့်မြင့်တင် ‌ရေးနှင့် က‌လေးကစားကွင်း များတည်‌ဆောက်နိုင်‌ရေးအတွက် သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများက အကျိုးတူ‌ဆောင် ရွက်မည့် လုပ်ငန်းရှင်များအား ဖိတ်‌ခေါ်၍ စည်းမျဉ်း များစည်းကမ်းများ အတိုင်း ‌ဆောင်ရွက်သွား မည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်-၂မှ ဦးမင်းကိုခိုင်က “‌ကော့ကရိတ်မြို့မှာ နားရက်တို့ ရက်ကြီး အခါကြီး တို့ ဆိုရင် အပန်း‌ဖြေ‌နေရာမရှိဘူး။ မြို့အဂါင်္ရပ်နဲ့အညီ အပန်း‌ဖြေတစ်ခု‌တော့ရှိသင့်တယ် အခုက ဗိုလ်ချုပ် ‌ဂေါက်ကွင်း ထဲက ဗိုလ်ချုပ်‌ကြေးရုပ်တရုပ်ပဲ ရှိတယ်။ သူတို့က အဲဒါကို ပြန်ပြုပြင်ပြီး အဆင့်မြှင့်တင်လုပ်‌ဆောင် သွားမယ်လို့ ‌ပြောတယ် ။ လူထုအတွက်‌တော့ တကယ်လိုအပ်တယ်” ဟု‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်တွင် ဖားအံမြို့၌ ပုဂ္ဂလိကပိုင် ချစ်သူမြိုင်အခ‌ပေးပန်းခြံ တစ်ခုရှိ‌သော်လည်း ပြည်နယ် အတွင်းရှိ တခြားမြို့ နယ်များတွင်မှု အများပြည်သူအပန်း‌ဖြေနိုင်သည့် အခမဲ့ပန်းခြံများ မရှိ‌သေး‌ကြောင်း သိရသည်။