Home ထိပ်တန်းသတင်း စစ်‌ရေးအတွက် ရည်ရွယ်သည့် လမ်းကို ဆက်မ‌ဖောက်ရန် ‌ကေအဲန်ယူ‌ပြော

စစ်‌ရေးအတွက် ရည်ရွယ်သည့် လမ်းကို ဆက်မ‌ဖောက်ရန် ‌ကေအဲန်ယူ‌ပြော

5485

မတ် ၉ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောသိန်းမြင့်

လက်ရှိ စစ်‌ရေးတင်းမာမှု ဖြစ်‌ပေါ်‌နေသည့် ‌ကေအဲန်ယူ မူတ‌ရော်(ဖာပွန်)ခရိုင် လူ‌သောမြို့နယ်ရှိ ‌ခေးပူနှင့် လယ်မူပ‌လောကြား ကားလမ်း‌ဖောက်မှုသည် စစ်‌ရေးအတွက်သာ ရည်ရွယ်သည့်အတွက် တပ်ဘက်က ဆက်မလုပ်‌ဆောင်ရန် ‌ကေအဲန်ယူ၊ တပ်မဟာ(၅)က မတ် ၈ ရက်စွဲဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC) ထံ ကန့်ကွက်စာ‌ပေးပို့ကာ ‌ပြောဆိုလိုက်သည်။

အဆိုပါ ကားလမ်း‌ဟောင်းကို ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံတပ်ဖွဲ့များက စစ်‌ရေးအတွက် အဓိကရည်ရွယ် ‌ဖောက်လုပ်ခြင်းဖြစ်သည့်အတွက် တနိုင်ငံလုံး အပစ်ရပ်စာချုပ် -NCA အခန်း (၂) အပိုဒ် (၈)နှင့် အခန်း (၃) အပိုဒ်(က)ကို ချိုး‌ဖောက်ရာ‌ရောက်သည့်အပြင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကိုလည်း ထိခိုက်လာနိုင်သည့်အတွက် ယခုလို ကန့်ကွက်ရခြင်းဖြစ်သည်ဟု တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် ‌စောမူဟဲက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီလမ်းကို ပြန်လုပ်တာ ပြည်သူအတွက် လုံးဝမဟုတ်ဘူး။ သူတို့ စစ်ဆင်‌ရေး အထ‌မြောက်ဖို့အတွက် လုပ်တာဖြစ်တယ်ဆိုတာ ကျ‌နော်တို့မြင်တယ်။ လူထုအတွက် တကယ်လုပ်မယ်ဆိုရင် ဗဟိုက ‌ခေါင်း ‌ဆောင်‌တွေနဲ့ သူတို့ ‌ဆွေး‌နွေးတိုင်ပင်ဖို့ လိုအပ်တယ်‌လေ။ ဒီကိစ္စက သူတို့ (JMC) တစ်ခုခုလုပ်ဖို့ လိုအပ်ပါ တယ်။ သူတို့ တစ်ခုခု မလုပ်ရင် ကျ‌နော်တို့ ဒီလိုပဲ ဆက်လက် ရင်ဆိုင်ရဖို့ရှိတယ်” ဟု ‌ပြောသည်။

အစိုးရ တပ်မ‌တော်မှ တပ်အင်အားအလုံးအရင်းဖြင့် ဝင်‌ရောက်လာပြီး လမ်းလုံခြုံ‌ရေးအတွက်ဟု အ‌ကြောင်း ပြ‌သော်လည်း စစ်‌ရေးအတွက် ပြင်ဆင်ခြင်းသာဖြစ်သလို ယခု လမ်း‌ဟောင်းပြန်လည် ‌ဖောက်လုပ်ခြင်းနှင့် တပ်အင်အား အလုံးအရင်း ‌စေလွှတ်ခြင်းသည် နယ်‌မြေတိုးချဲ့စိုးမိုး‌ရေးဘက်တွင် အကြုံးဝင် သည့်အပြင် ပြည်သူလူထုအား အတင်းအဓမ္မ ‌နေရပ်‌ဒေသမှ စွန့်ခွာထွက်‌ပြေး‌စေသည့် ဘက်၌လည်း အကြုံးဝင်သည်ဟု တပ်မဟာ ၅ ၏ ကန့်ကွက်စာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲ‌ရေးကာလအတွင်း နှစ်ဖက် ယုံကြည်မှုတည်‌ဆောက်ရာတွင် မူတ‌ရော်(ဖာပွန်) ခရိုင်အတွင်း၌ ယုံကြည်မှုအနည်းငယ်မျှရရှိ‌နေသည့်အချိန် တပ်ဘက်မှ ယခုလို လုပ်‌ဆောင်ခြင်း သည် နှစ်ဖက်အကြား အနည်းမျှရရှိထားသည့် ယုံကြည်မှု ပြန်လည်‌လျော့နည်းသွားမည်ကို အလွန်တရာမှ စိုးရိမ်‌ကြောင်းလည်း ‌ကေအဲန်ယူ တပ်မဟာ ၅ က ‌ပြောသည်။

ယခုကိစ္စအ‌ပေါ် ပြည်‌ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ် ‌စောအိုင်းဇက်ဖိုးက“ ဒါက တကယ်အ‌ရေးကြီးတဲ့အဆင့် တကယ်ဖြစ်လာပြီးဆိုရင် ‌တော့ အ‌ရေး‌ပေါ် စိစစ်‌ရေးအဖွဲ့‌တွေ ဖွဲ့ရမှာ‌ပေါ့‌နော်။ အဲဒီကျရင် ‌ပေါ်လာမှာ‌ပေါ့။ ဘယ်သူက အားနည်းချက် ရှိလဲဆိုတာကို‌နော်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုကိစ္စများသည် အပစ်ရပ်စာချုပ်-NCA အရ ထွက်‌ပေါ်လာသည့် နှစ်ဘက် လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ (Code of Conduct )အ‌ပေါ်တွင်သာ ‌ဆွေး‌နွေးရမည်ဖြစ်‌ကြောင်း၊ လက်ရှိ နှစ်ဘက် ယုံကြည်မှု မရှိ‌သေးသည့်အဆင့်တွင် အချင်းချင်းကြားမှာ ထိန်းထိန်းသိမ်းသိမ်း လုပ်‌ဆောင်ရန် လိုအပ်‌ကြောင်းလည်း ဗိုလ်ချုပ် ‌စောအိုင်းဇက်ဖိုးက ဖြည့်စွက်‌ပြောဆိုသည်။

၂ဝဝ၉ ခုနှစ်က ‌ဖောက်လုပ်မှု ရပ်ထားသည့် အဆိုပါ ‌ခေးပူ-လယ်မူပ‌လော ကားလမ်း‌ဟောင်းကို ဆက်‌ဖောက်ရန် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ တပ်ဖွဲ့များမတ် ၅ ရက်‌နေ့တွင် ဝင်‌ရောက် လာသည့်အတွက် နယ်‌မြေခံ ‌ကေအဲန်ယူတပ်မဟာ (၅) တပ်ဖွဲ့ဝင်များ နှင့် ၆ ကြိမ်ထက်မနည်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကားလမ်းအနီးအနားရှိ ‌ကျေးရွာ ၈ ရွာမှ ‌ဒေသခံ နှစ်‌ထောင်နီးပါးကလည်း ‌ကြောက်ရွံ့ ထိတ်လန့်ကြသဖြင့် ထွက်‌ပြေးတိမ်း‌ရှောင်လျက်ရှိသည်ဟု သိရသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် အစိုးရနှင့် ၂ဝ၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့က လက်မှတ်‌ရေးထိုးခဲ့ပြီး‌နောက်ပိုင်း ၎င်းစစ်‌ရေးတင်းမာမှု ရှိသည့် ‌နေရာတွင် သတ်မှတ်နယ်‌မြေကိစ္စနှင့် ပတ်သက်၍ ၎င်းတို့၏ လက်‌အောက်ခံ တပ်မဟာ(၅)တပ်ဖွဲ့နှင့် အစိုးရ တပ်မ‌တော်တို့အကြားတွင် ထိ‌တွေ့ပစ်ခတ်မှုများ ၁ဝကြိမ်ထက်မနည်းရှိခဲ့သည်ဟု ‌ကေအဲန်ယူထံမှ သိရသည်။