Home သတင်း ဖာပွန်‌ဒေသအတွင်း ဖြစ်ပွားသည့် စစ်‌ရေးပဋိပက္ခ ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက် စိုးရိမ်

ဖာပွန်‌ဒေသအတွင်း ဖြစ်ပွားသည့် စစ်‌ရေးပဋိပက္ခ ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက် စိုးရိမ်

3586

မတ်လ ၉ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်အတွင်း မတ်လ ၅ ရက်‌နေ့က စတင်ဖြစ်ပွားခဲ့သည့် အစိုးရတပ်မ‌တော်နှင့် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်ဖွဲ့ဝင်များ အကြား စစ်‌ရေး ပဋိပက္ခအ‌ပေါ် စိုးရိမ်‌ကြောင်း ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ရက်-KPSNက ယ‌နေ့ (မတ် ၉ ရက်)တွင် သ‌ဘောထားတစ်‌စောင်ထုတ်ပြန်လိုက်သည်။

လမ်း‌ဖောက်လုပ်ရန်အ‌ကြောင်းပြု၍ ဖြစ်ပွားသည့် နယ်‌မြေကျူး‌ကျော်ဝင်‌ရောက်မှုနှင့် ပစ်ခတ်မှုများမှာ တပ်မ‌တော်အ‌နေ ဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)၏ သ‌ဘောတူညီချက်ကို ချိုး‌ဖောက်ရာ ‌ရောက်ပြီး လက်ရှိအချိန်ထိ တပ်စွဲထားခြင်း၊ စစ်အင်အားဖြည့်တင်းမှုများရှိခြင်း၊ တိုက်ပွဲ အသွင်သဏ္ဍာန်‌ဆောင်ခြင်းတို့သည် ‌ဒေသတွင်း ‌နေထိုင်သူများအား အ‌လေးထားခြင်းမရှိ‌သော လုပ်ရပ်ဖြစ်‌ကြောင်း KPSN၏ ‌ပြောခွင့်ရ ‌စော‌ဝေ‌လေးက ‌ပြောသည်။

“ဒီလိုမျိုးဖြစ်ပွားမှုက အထူးသဖြင့် ကရင်အမျိုးသားအစည်းအရုံးနဲ့ အစိုးရအကြားမှာ သူတို့ရဲ့ ယုံကြည်မှုက ရိုက်ခတ် မှုရှိလာတာ‌ပေါ့။ ‌နောက်တစ်ခုက ပြည်သူလူထုကလည်း အခုသွား ‌နေတဲ့ ငြိမ်းချမ်း‌ရေးလမ်းစဉ်အ‌ပေါ် သူတို့ရဲ့ ယုံကြည်မှု ‌တွေလည်း ရိုက်ခတ်မှုရှိတယ်။ ‌နောက်ပြီး‌တော့ ‌တောထဲ ‌တောင်ထဲမှာထွက်‌ပြေး‌နေရတဲ့ ပြည်သူလူထု‌တွေရဲ့ လုံခြုံ‌ရေးကလည်း စိုးရိမ်ရတဲ့ အ‌နေအထားမှာရှိတယ်။ ” ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် အပစ်အခတ်ရပ်စဲ‌ရေးလက်မှတ်‌ရေးထိုးပြီးသည့်‌နောက်ပိုင်း လက်ရှိ ဖာပွန်ခရိုင်အတွင်းတွင် အစိုးရ တပ်စခန်း သစ် (၁၆)ခုခန့် တိုးလာပြီး ယခင် တပ်စခန်း‌ပေါင်း (၆၅)ခုရှိရာမှ လက်ရှိ တပ်စခန်း‌ပေါင်း ၈၁ ခုခန့် ရှိလာ ‌ကြောင်း၊ ‌ဒေသခံများမှာ ငြိမ်းချမ်းစွာ အသက်‌မွေးဝမ်း‌ကျောင်း‌နေထိုင်လို၍ ၎င်းတပ်စခန်းများကို ပြန်လည် ရုတ်သိမ်းရန် လိုလား ‌တောင်းဆို‌သော်လည်း ယခုနှစ် မတ်လ ၁ ရက်မှစ၍ တပ်အင်အား ၆၀ဝ ခန့် ၎င်းတို့ ‌ဒေသသို့ ထပ်မံဖြည့်ဝင် လာခြင်း‌ကြောင့် ‌ဒေသခံများမှာ ‌ကြောက်ရွံ့ထိတ်လန့်ကြသဖြင့် ‌တော‌တောင်ထဲတွင် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌ကြောင်း လည်း ‌စော‌ဝေ‌လေးက ဆက်‌ပြောသည်။

ယ‌နေ့ ထုတ်ပြန်သည့် KPSN ၏ သ‌ဘောထားထုတ်ပြန်ချက်၌ လတ်တ‌လော ဖြစ်‌ပေါ်‌နေသည့် အစိုးရ တပ်မ‌တော်၏ လုပ်ရပ်များသည် ‌နေရပ်စွန့်ခွာ ထွက်‌ပြေးကြသည့် ကရင်ပြည်သူများနှင့် ဒုက္ခသည်များ၏ မိမိတို့ဘိုးဘွားပိုင် ‌မြေ‌ပေါ်သို့ လုံခြုံစိတ်ချစွာ‌နေရပ်ပြန်လာရန် အတားအဆီးများကိုလည်း
ဖြစ်‌ပေါ်‌စေသည့်အတွက် အချက်‌လေးချက်ပါ ‌တောင်းဆိုချက်ကို အစိုးရတပ်မ‌တော်အား ‌တောင်းဆိုလိုက်သည်။

ထို‌တောင်းဆိုချက်တွင် တပ်မ‌တော်အ‌နေဖြင့် ၎င်းတို့ကျူး‌ကျော်ထားသည့် ‌နေရာသစ်များမှ ဆုတ်ခွာ‌ပေးရန်၊ မူလစခန်း များသို့ပြန်ရန်၊ အ‌နှောင်အဖွဲ့ကင်းသည့် နှစ်ဦးနှစ်ဘက်လက်ခံနိုင်‌သော ကြားခံအဖွဲ့ဖြင့် အ‌ခြေအ‌နေ အ‌ပေါ် တာဝန်ခံမှုရှိလာ ရန် တပ်မ‌တော်အား စုံစမ်းစစ်‌ဆေးမှုပြုလုပ်ရန်၊ ၎င်းတို့၏လုပ်ရပ်များအ‌ပေါ် တာဝန်ယူမှုရှိရန်၊ တပ်မ‌တော်အ‌နေဖြင့် ‌ဒေသ ခံပြည်သူလူထုနှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် ခြိမ်း‌ခြောက် ‌နေမှုလုပ်ရပ်များ အားလုံးကို ချက်ချင်းရပ်တန့်ရန်နှင့် လတ်တ ‌လော‌နေရပ်စွန့်ခွာထွက်‌ပြေး‌နေသူများအတွက် ပြည်တွင်းအ‌ခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းကြီးများ၊ အစိုးရမှတစ်ဆင့် လက်ရှိ ‌ဒေသတွင်းကူညီမှု‌ပေး‌နေသည့် လူထုအ‌ခြေပြုအဖွဲ့အစည်းများသို့ လူသားချင်းစာနာမှုဆိုင်ရာ အ‌ထောက် အပံ့များအားကူညီ‌ပေးရန် စသည်ဖြင့် ‌တောင်းဆိုထားသည်။

ထို့အတူ လတ်တ‌လော ဖာပွန်‌ဒေသ၌ ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး အစိုးရတပ်မ‌တော်ဘက်မှ ‌ခေးပူနှင့် လယ်မူ ပ‌လောကြား ကားလမ်း‌ဟောင်းကို ပြန်လည်‌ဖောက်လုပ်ခြင်းနှင့်အတူ လုံခြုံ‌ရေး တပ်အင်အားတိုး ချဲ့ ချထားမှု‌ကြောင့် ‌ဒေသခံရွာသားများအတွက် လုံခြုံ‌ရေးစိုးရိမ်မှုများဖြစ်‌ပေါ်‌နေခြင်းနှင့် ယင်းလုပ်ရပ်များသည် NCA ပါ အချက်များကိုပါ ချိုး‌ဖောက်‌နေခြင်း‌ကြောင့် ‌ကေအဲန်ယူ တပ်မဟာ (၅)က ငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်မှုဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ (JMC)သို့ ယမန်‌နေ့ (မတ်လ ၈ရက်) ‌နေ့က ကန့်ကွက်စာ‌ပေးပို့ခဲ့သည်။

‌ကေအဲန်ယူနှင့် အစိုးရတပ်မ‌တော်တို့အကြား ဖြစ်ပွား‌နေသည့် ၎င်းစစ်‌ရေးထိ‌တွေ့မှုနှင့် တင်းမာမှုပဋိပက္ခ အ‌ခြေ အ‌နေများ ‌ကြောင့် မူတ‌ရော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့နယ်၊ လယ်မူပ‌လောနှင့် ‌ခေးပူ‌ကျေးရွာအုပ်စု နှစ်စုထဲ ရှိ ‌ဒေသခံ ရွာသား စုစု‌ပေါင်း နှစ်‌ထောင်နီးပါး ‌ခြေဦးတည့်ရာသို့ ယ‌နေ့အထိ ထွက်‌ပြေး တိမ်း‌ရှောင်‌နေရဆဲဖြစ်ပြီး ၎င်းတို့၏ စားနပ်ရိက္ခာများ၊ ကျန်းမာ‌ရေးကူညီ‌စောင့်‌ရှောက်မှုများအတွက် အ‌ရေး‌ပေါ် လိုအပ်ချက်များရှိ‌နေသည်ဟုလည်း KPSNက ဆိုသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် အပစ်ရပ်စာချုပ် (NCA) ကို ၂ဝ၁၅ ခုနှစ်၊ ‌အောက်တိုဘာလ (၁၅) ရက်‌နေ့တွင် အခြား‌သော တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ (၇)ဖွဲ့နှင့်အတူ လက်မှတ်ထိုးထားသည်။

အစိုးရတပ်မ‌တော်နှင့် ‌ကေအဲန်ယူ တပ်မဟာ (၅) တပ်ဖွဲ့ဝင်များအကြားတွင် သတ်မှတ်နယ်‌မြေကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလမှ ‌ဖေ‌ဖော်ဝါရီအတွင်း ထိ‌တွေ့ပစ်ခတ်မှု (၄)ကြိမ်၊ ယခုလ မတ်လ ၅ရက် မှ ၇ ရက်‌နေ့ထိ ပစ်ခတ်မှု (၅) ကြိမ် ပြန်လည်ဖြစ်ပွားခဲ့သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၅) ဘက်က ‌ပြောသည်။

KPSNကို ‌ကေအဲန်ယူနှင့် အစိုးရတို့ကြား ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်ကို အ‌ထောက်အကူ ပြုရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ရာ လက်ရှိ မြန်မာပြည်တွင်းနှင့် နယ်စပ်‌ဒေသရှိ ကရင်လူထု အ‌ခြေပြုအဖွဲ့အစည်း‌ပေါင်း ၂၉ ဖွဲ့ပါဝင်သည်။