Home သတင်း မိမိကံကြမ္မာ ဖန်တီးလိုစိတ်ကို ပြန်လည် အားသစ်‌လောင်းရန် IKO တိုက်တွန်း

မိမိကံကြမ္မာ ဖန်တီးလိုစိတ်ကို ပြန်လည် အားသစ်‌လောင်းရန် IKO တိုက်တွန်း

2117

‌ဖေ‌ဖော်ဝါရီ ၉ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသားများအ‌နေဖြင့် မိမိကံကြမ္မာ ဖန်တီးလိုစိတ်ကို ပြန်လည် အားသစ်‌လောင်းပြီး အမျိုးသား၏ ‌မျှော်မှန်းချက်ပန်းတိုင် ကို ရရှိ‌ရေးအတွက် စည်းလုံးညီညွတ်မှုဖြင့် ကြိုးပမ်းလုပ်‌ဆောင်ရန် နိုင်ငံတကာ ကရင်အဖွဲ့အစည်း (IKO)က ‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်‌နေ့တွင် ကျ‌ရောက်သည့် ၇ဝနှစ်‌မြောက် ကရင့်အမျိုးသား‌နေ့အတွက် ‌ပေးပို့‌သော သဝဏ်လွှာ၌ တိုက်တွန်း‌ပြောဆိုလိုက် သည်။

IKO ဗဟိုအလုပ်အမှု‌ဆောင် မန်း‌အော်လန်းဒိုက“ ၁၉၄၈ခုနှစ်။ ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့ရဲ့ ကရင်တစ်မျိုးသားလုံးမှာရှိတဲ့ ညီညွတ် ‌ရေးစိတ်ဓာတ်၊ မျိုးချစ်တဲ့စိတ်ဓာတ်၊ အမျိုးသား‌ရေး စိတ်ဓာတ်၊ မိမိကံကြမ္မာကို ဖန်တီးလိုတဲ့ စိတ်ဓာတ်‌တွေကို အခုအချိန်မှာ ပြန်လည် အားသစ်‌လောင်းပြီး‌ပေါ့‌နော်။ ကျ‌နော်တု့ိ ‌မျှော်လင့်ချက်ပန်းတိုင်ဖြစ်တဲ့ တန်းတူ‌ရေး၊ တရားမျှတ‌ရေးနဲ့၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရှိ‌ရေးဆိုတဲ့ ပြည့်ဝတဲ့ ဖယ်ဒရယ်ပြည်‌ထောင်စုစစ်စစ် တည်‌ဆောက်နိုင်ဖို့အတွက် အားလုံး ရှိ‌နေတဲ့‌နေရာကို လုပ်နိုင်သ‌လောက် လုပ်ကိုင်ကြပါစို့လို့ သတင်းပါးချင်ပါတယ်”ဟု ‌ပြောသည်။

မြန်မာအစိုးရသည် ကရင်အမျိုးသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်‌တောင်းဆိုမှုများကို အဆုံးသတ်‌ချေမှုန်းနိုင်ရန် ပြည်တွင်းစစ်မီးကို ဆက်လက်ဖန်တီးခြင်း၊ အပစ်ရပ်‌ဆွေး‌နွေးပွဲများ လုပ်‌ဆောင်ရာတွင် ‌တော်လှန်‌သောဘဝတူ အဖိနှိပ်ခံတိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲပြား‌စေခြင်းနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ပြန်လည်စည်းလုံးနိုင်ခြင်းမရှိ‌အောင် ခွဲထုတ်‌ချော့မြူ ‌မွေးစား‌နေခြင်း များကို စနစ်တကျ လုပ်‌ဆောင်‌နေမှုများ အဆုံးသတ်နိုင်မှသာ ငြိမ်းချမ်းသာယာပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်‌ထောင်စုနိုင်ငံကို တည်‌ဆောက်နိုင်မည်ဟု မန်း‌အော်လန်းဒိုက ‌ထောက်ပြ‌ပြောဆိုသည်။

Asia Pacific Region, European Region နှင့် US/ Canada Region များရှိ နိုင်ငံ‌ပေါင်း ၃၀‌ကျော်မှ ကရင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် IKO အဖွဲ့ကို ကရင်အမျိုးသားတို့၏ တန်ဖိုးကို မြှင့်တင်ရန်၊ ကရင်ဘာသာစကား၊ စာ‌ပေနှင့် ရိုးရာယဉ်‌ကျေးမှု တို့ကို ထိန်းသိမ်း‌စောင့်‌ရှောက်ရန်အပြင် လက်ရှိ ‌ကေအဲန်ယူ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို အ‌ထောက်အကူ ပြုရန် ရည်ရွယ်ကာ ၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သည့်အဖွဲ့ ဖြစ်သည်။

ကရင်အမျိုးသား‌နေ့နှင့်ပတ်သက်၍ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအလုပ်အမှု‌ဆောင်တစ်ဦးဖြစ်သူ ပဒို‌စော သမိန်ထွန်းက “အမျိုးသား‌နေ့ရဲ့ လက္ခဏာ အဓိကက‌တော့ ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ကြဖို့ ‌တောင်းဆိုမှုတစ်ခုပဲ ဖြစ်တယ်။ ‌တောင်းဆိုတဲ့‌နေရာမှာလည်း ‌အေးချမ်းစွာ ‌တောင်းဆိုတယ်။ အဲဒါကို ကျ‌နော်တို့ ‌ဖော်ပြတာဖြစ်တယ်။ ဒါဟာ ကရင် အမျိုးသား‌နေ့ရယ်လို့ သတ်မှတ်ထားတဲ့ ၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်ကို သူ့ရဲ့ အထိမ်းအမှတ်က‌တော့ ငြိမ်းချမ်း‌ရေးပဲ၊ စုစည်းညီညွတ်‌ရေးပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်‌ရေးရပြီး ၁၉၄၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့တွင် တစ်နိုင်ငံလုံးရှိ ကရင်အမျိုးသား ၄၅၄,၁၀ဝဦးတို့သည် ကရင်ပြည်ချက်ချင်း‌ပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုး‌ရေးအဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ စသည့် ‌တောင်းဆိုချက်များကို ကိုင်‌ဆောင်ကာ တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော် ခဲ့ကြသည်။

ထို‌နေ့သည် ကရင်တစ်မျိုးသားလုံး မျိုးချစ်၊ ပြည်ချစ်စိတ်၊ စည်းလုံးညီညွတ်မှုနှင့် ဇာတိ‌သွေး၊ ဇာတိမာန်ကို ရဲရဲ‌တောက် ထုတ် ‌ဖော်ခဲ့ခြင်းဖြစ်သည့်အတွက် ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာ ၂၃-၂၄ရက်‌နေ့ထိ ဖာပွန်မြို့တွင် ကျင်းပသည့် ‌ကော်သူး‌လေပြည်လုံးဆိုင် ရာ ကွန်ဂရက်တွင် ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့ကို ကရင်အမျိုးသား‌နေ့အဖြစ် သတ်မှတ်ရန် မြစ်ဝကျွန်း‌ပေါ်အမှတ် ၁၊ ခရိုင်ဥက္ကဌ မန်း‌ကျော်‌အေးက အဆိုပြုခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ရာမှ ၎င်း‌နေ့ကို ကရင်အမျိုးသား‌နေ့အဖြစ် တရားဝင် သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။

ယခုလ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့တွင် ကျ‌ရောက်သည့် ၇ဝ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ကို ဧရာဝတီ၊ ရန်ကုန်တိုင်း‌ဒေသ ကြီး၊ မွန်ပြည်နယ်နှင့် ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေများအပြင် အာရှ၊ ဥ‌ရောပ၊ အ‌မေရိကန်နိုင်ငံ ‌ရောက် ကရင်အမျိုးသားများကလည်း ဂုဏ်ပြု ကျင်းပသွားမည်ဟု သိရသည်။