Home သတင်း နယ်စပ်‌ဒေသနှင့် ဒုက္ခသည်စခန်းများအတွက် ‌ကျောင်းဆရာ၊ ဆရာမ ၂၆ဦး TPCမှ ထပ်မံ ‌မွေးထုတ်‌ပေး

နယ်စပ်‌ဒေသနှင့် ဒုက္ခသည်စခန်းများအတွက် ‌ကျောင်းဆရာ၊ ဆရာမ ၂၆ဦး TPCမှ ထပ်မံ ‌မွေးထုတ်‌ပေး

2362

‌ဖေ‌ဖော်ဝါရီ ၉ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

နယ်စပ်‌ဒေသနှင့် ဒုက္ခသည်စခန်းများအတွက် ပညာ‌ရေးသင်ကြား‌ထောက်ပံ့မှုများလိုအပ်‌နေ‌သေးသည့်အ‌ပေါ် တိုင်းရင်း သားလူမျိုးစုများပါဝင်သည့် ‌ကျောင်းဆရာ၊ ဆရာမ ၂၆ ဦးကို (Teacher Preparation Center-TPC)မှ ဦး‌ဆောင်၍ သင်တန်း‌ကျောင်းရှိရာ ထိုင်းနိုင်ငံ၊ မယ်ပ‌ဒေသ၌ ယ‌နေ့သင်တန်းဆင်းပွဲပြုလုပ်ပြီး ဘွဲ့လက်မှတ်များ‌ပေးအပ်ကာ ထပ်မံ ‌မွေးထုတ်‌ပေးခဲ့သည်။

TPC အ‌နေဖြင့် ‌ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံ‌ရေးဖြစ်စဉ်များနှင့်အတူ ယခင်နယ်စပ်‌ဒေသမှ ပြည်တွင်းသို့ ဝင်‌ရောက်သွားပြီး လက်ရှိတွင်နယ်စပ်‌ဒေသ၌ ပညာ‌ရေးလိုအပ်ချက်များရှိ‌နေ‌သေးသည့်အ‌ပေါ် ယခုလို သင်တန်း ‌ကျောင်းကို ဆက်လက်ဖွင့်လှစ်၍ ‌ကျောင်းဆရာ၊ ဆရာမများကို ‌မွေးထုတ်‌ပေးခြင်းဖြစ်သည်ဟု ကရင်‌ကျောင်း ဆရာ ပူး‌ပေါင်းလှုပ်ရှားမှုအဖွဲ့-KTWG၏ ဒါရိုက်တာ ‌နော်လယ်ထူးက ‌ပြောသည်။

၎င်းက “အပစ်ရပ်လက်မှတ်‌ရေးထိုးပြီးတဲ့‌နောက်မှာ၂၀၁၇ ခုနှစ်မှာ ပြည်တွင်းထဲကို ဝင်သွားကြတယ်။ ဒါ‌ပေမဲ့ ကျမတို့ နယ်စပ်မှာမြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း‌တွေအတွက်ဖြစ်‌စေ၊ ဒုက္ခသည်စခန်းဖြစ်‌စေ၊ နယ်စပ်‌ဒေသ‌တွေ အတွက်ဖြစ်‌စေ ပညာ‌ရေးနဲ့ဆိုင်တဲ့‌ကျောင်း‌တွေ နယ်စပ်‌ဒေသမှာအများကြီးကျန်ရှိ‌နေတဲ့အတွက်‌ကြောင့်မို့ သူတို့အတွက် လိုအပ်တဲ့သင်တန်း‌လေး‌တွေမရှိတာ‌ကြောင့် ကျမတို့က ပြန်လည်ပြီး‌တော့မှ သင်တန်းဆက် ဖွင့်‌ပေးတာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် နယ်စပ်‌ဒေသနှင့် နယ်စပ်ဒုက္ခသည်စခန်းများအတွက် ပညာ‌ရေးသင်ကြားမှုဆိုင်ရာလိုအပ်ချက်များ ရှိ‌နေ‌သေး‌သော်လည်း ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်မှတ်‌ရေးထိုးပြီးသည့်‌နောက် ပညာ‌ရေးဆိုင်ရာ အ‌ထောက်အပံ့များ၊ နည်းပညာဆိုင်ရာအကူအညီများ ပြည်တွင်းထဲသို့ဝင်‌ရောက်သွားခြင်း‌ကြောင့် အကူအညီ အ‌ထောက်အပံ့များအတွက် စိန်‌ခေါ်မှုများလည်း ရှိလာသည်ဟု ‌နော်လယ်ထူးက ဆက်‌ပြောသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှစ၍ ယခုနှစ်‌ဖေ‌ဖော်ဝါရီလအထိ ၈ လကြာသင်ကြား‌ပေးသည့် ၎င်းသင်တန်း‌ကျောင်း၌ ကရင်၊ ကရင်နီ(ကယား)၊ ကချင် စသည့် တိုင်းရင်းသား ‌ကျောင်းဆရာ၊ ဆရာမများပါဝင်ပြီး သင်ကြား‌ရေးဆိုင်ရာနည်း စနစ်များ၊ ‌ခေါင်း‌ဆောင်မှုအတတ်ပညာများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ၊ သင်ကြား‌ရေး ဆိုင်ရာ နည်းပညာများစသည်တို့ကို သင်ကြား‌ပေးခဲ့ပြီး သ‌ပြေ‌ဖောင်‌ဒေးရှင်း၊ ကရင်‌ကျောင်းဆရာ ပူး‌ပေါင်း လှုပ်ရှားမှု အဖွဲ့-KTWG၊ ကရင်ဒုက္ခသည် စခန်း‌ကော်မတီ-KRCနှင့် ကရင်ပညာ‌ရေးဌာန-KEDတို့မှ အဓိကပါဝင် ကူညီ‌ပေးခဲ့သည်။

သင်တန်းသူ ‌နော်‌သော‌အေး က “ ကျမသင်ယူရရှိခဲ့သမျှကို ကျမရဲ့လူ့အဖွဲ့အစည်းထဲမှာပြန်ပြီး အသုံးချသွားမှာပါ။ ဘာဖြစ်လို့လဲဆို‌တော့ ကျမရဲ့ လူ့အဖွဲ့အစည်းထဲမှာ ပညာ‌ရေးနဲ့ပတ်သက်ပြီး အခက်အခဲများစွာကို ကျမမြင်‌တွေ့‌နေရတယ်။ ပညာ‌ရေးနဲ့ ပတ်သက် ပြီးလည်းသူတို့မှာ လိုအပ်ချက်‌တွေများစွာရှိ‌နေတယ်။ ဒီအတွက် ကျမတတ်စွမ်း သ‌လောက် ကျမပြန် အကျိုး ပြု‌ပေးဖို့ရည်ရွယ်ထားပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

(Teacher Preparation Center-TPC)ကို တိုင်းရင်းသားလူမျိုးများအတွက် ပညာ‌ရေးသင်ကြားမှုကို ၎င်းတို့ ‌ဒေသတွင် ပြန်လည်အ‌ထောက်အကူပြု‌ပေးနိုင်ရန်ရည်ရွယ်၍ ၂၀၁ဝခုနှစ်မှစ၍ က‌နေဒါနိုင်ငံ၏ အကူအညီဖြင့် တည်‌ထောင်‌ပေးခဲ့ပြီး ယခုသင်တန်းဆင်းပွဲမှာ (၇)ကြိမ်‌မြောက်ဖြစ်သည်။