Home သတင်း ဇွဲကပင်‌တောင်‌ကေဘယ် ကားစီမံကိန်း၏ ‌ကေဘယ်ကား‌ပြေးဆွဲမှုကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်မည်

ဇွဲကပင်‌တောင်‌ကေဘယ် ကားစီမံကိန်း၏ ‌ကေဘယ်ကား‌ပြေးဆွဲမှုကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်မည်

2944

‌ဖေ‌ဖော်ဝါရီ ၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်လာမည့် ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ အထင်ကရ ဇွဲကပင်‌တောင် ‌ကေဘယ် ကား (Cable Car) စီမံကိန်းနှင့် ‌ကေဘယ်ကား‌ပြေးဆွဲမှုကို ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စတင်မည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအား တာဝန်ယူအ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်‌နေသည့် မြန်မာ့ဇာတိ‌မြေအများနှင့် သက် ဆိုင်‌သော်ကုမ္ပဏီလီမီတက်မှ ဥက္ကဌ ဦးဗညား‌ဇော်က “ စီမံကိန်းတစ်ခုလုံး အတိုင်းအတာအရဆိုရင်‌တော့ ၅ဝ ရာခိုင်နှုန်းပြီး‌နေပါပြီ။ အပြီးအစီးက ၂၀၁၉ ခုနှစ် ၃ လပိုင်း‌လောက်‌မျှော်မှန်းထားပါတယ်” ဟု‌ပြောဆိုသည်။

ဇွဲကပင်‌မြေ ဖွံ့ဖြိုးတိုးတက်‌ရေး ကုမ္ပဏီ ၊ ချစ်လင်းမြိုင်တိုယိုတာ ကုမ္ပဏီတို့ အကျိုးတူ ပူး‌ပေါင်းမှုနှင့်အတူ ဇွဲကပင်‌တောင် ‌ကေဘယ်ကားစီမံကိန်းတစ်ခုလုံးအား အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်ရန် မြန်မာ့ဇာတိ‌မြေအများနှင့် သက်ဆိုင်‌သော ကုမ္ပဏီလီမီတက်မှ တာဝန်ယူထားခြင်းဖြစ်သည်ဟု သိရသည်။

‌ကေဘယ်ကားစီမံကိန်းအတွက် ဇွဲကပင်‌မြေ ဖွံ့ဖြိုးတိုးတက်‌ရေး ကုမ္ပဏီနှင့်ချစ်လင်းမြိုင်တိုယိုတာ ကုမ္ပဏီတို့ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်‌နေ့တွင် လက်မှတ်‌ရေးထိုးခဲ့ခြင်းဖြစ်ပြီး ဖားအံမြို့နယ် ‌တော်ပုံ‌ကျေးရွာ၊ ဇွဲကပင်‌တောင် ‌ခြေရှိ ဇွဲကပင်‌တောင်ပိုင် ဥယျာဉ်ခြံ‌မြေ ဧရိယာ ၁၂.၇၂ဧကနှင့် ဇွဲကပင်ကာကွယ်‌တော ‌မြေဧရိယာ ဝ.၂ဝ ဧက အတွင်း အ‌ကောင်အထည်‌ဖော်သွားမည် ဖြစ်သည်။

တစ်စီးလျှင် အ‌လေးချိန်မှာ ၅ တန်ရှိပြီး လူ ၅၁ ဦး စီးနှင်းနိုင်သည့် ‌ကေဘယ်ကား တပ်ဆင်‌ဆောက်လုပ်မှုများကို ကမ္ဘာ့ပထမဆုံး လူစီးဓါတ်‌လှေကား ထုတ်လုပ်သည့် ဆွစ်ဇာလန် နိုင်ငံ GARAVAVTA ကုမ္ပဏီ မှ အင်ဂျင်နီ ယာများနှင့် အတူ မြန်မာ့ဇာတိ‌မြေအများပိုင် ကုမ္ပဏီမှ အင်ဂျင်နီယာများဖြင့် လုပ်‌ဆောင်‌နေ‌ကြောင်းလည်း သိရသည်။

လက်ရှိတည်‌ဆောက်‌နေမှုများနှင့်အ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး ဦးဗညား‌ဇော်က“ အဓိကက‌တော့ Foundation‌ပေါ့။ Ready Made ‌တွေလာမှာဆို‌တော့ ကျန်တာက‌တော့ မူလီစုပ်ရုံပဲဗျ။ တစ်ချို့ပစ္စည်း‌တွေ ကလည်း ‌ရောက်သင့် သ‌လောက်‌ရောက်‌နေပြီ။ စီမံကိန်းအတွက် လုပ်စရာရှိ‌တွေလည်း ဆက်လက်လုပ်‌ဆောင် ‌နေပါတယ်” ဟု‌ပြောသည်။

အ‌မေရိကန်‌ဒေါ်လာ ၁၂ သန်း ထက်မနည်းကုန်ကျသုံးစွဲရန် လျာထားသည့် ဇွဲကပင်‌တောင် ‌ကေဘယ်ကား စီမံကိန်းမှာ မြန်မာနိုင်ငံတွင် ကြားတာဝါတိုင်မပါဘဲ ပထမဆုံး တည်‌ဆောက် ‌ပြေးဆွဲမည့် ‌ကေဘယ်ကား များဖြစ်ပြီး ဇွဲကပင် ‌တောင်‌ပေါ်သို့ စက္ကန့် ၂၃ဝ ( ၄ မိနစ်ခန့်) အတွင်း ‌ရောက်ရှိနိုင်မည်ဟု ကုမ္ပဏီတာဝန်ရှိသူ၏ ‌ပြောပြချက် အရ သိရသည်။