Home သတင်း အီတူးထာ့ IDP ဒုက္ခသည်အတွက် ရံပုံ‌ငွေရှာ‌ဖွေပွဲကို မဲ‌ဆောက်မြို့တွင် ပြုလုပ်

အီတူးထာ့ IDP ဒုက္ခသည်အတွက် ရံပုံ‌ငွေရှာ‌ဖွေပွဲကို မဲ‌ဆောက်မြို့တွင် ပြုလုပ်

2045

‌အောက်တိုဘာ ၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

တာ့ခ် ကရင်အသိုင်းအဝိုင်းကွန်ရက် (TAK KAREN COMMUNITY NETWORK) နှင့် နယ်စပ်ကရင်လူငယ် ပူး‌ပေါင်းလှုပ် ရှားမှုအဖွဲ့ (BORDER KAREN YOUTH WORKING GROUP )တို့ ဦး‌ဆောင်ပြီး အီတူးထာ့ ပြည်တွင်း စစ်‌ရှောင်ဒုက္ခသည် (IDP) များအတွက် ရံပုံ‌ငွေရှာ‌ဖွေပွဲ အစီအစဉ် တစ်ခုကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ ၊ SAMAN SAMAKKHI MAE SOT CHRISTIAN CHURCH ၌ စက်တင်ဘာ ၃ဝ ရက်‌နေ့ညက ပြုလုပ်ခဲ့သည်။

ပွဲစီစဉ်သူ ထိုင်းနိုင်ငံ နာမည်‌ကျော် ကရင်ဂီတပညာရှင် ‌စော‌ချေစူဝစ်ချန်း (Chi Suwichan) က “ဒီညပွဲဟာ နယ်စပ်က ကရင်လူမျိုး‌တွေ အားလုံးဆုံပြီး ချစ်ခြင်း‌မေတ္တာ‌တွေကို လာပြတဲ့ပွဲလည်း ဖြစ်တယ်။ အခုက အ‌ရေး‌ပေါ်လုပ်တဲ့ ပွဲဖြစ်‌ပေမယ့် ‌ရှေ့ဆက် ဒုက္ခသည်ညီအစ်ကို‌တွေရဲ့ အခက်အခဲ‌တွေကို ဘယ်လိုနည်းလမ်းရှာပြီး ကူညီရမလဲ ဆိုတဲ့ ရည်ရွယ်ချက်လည်းပါ ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Tears of Ei Tu Hta (အီတူးထာ့ မျက်ရည်) ‌ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါ ရံပုံ‌ငွေရှာ‌ဖွေပွဲအစီအစဉ်တွင် ရိုးရာနှင့် ‌ခေတ်‌ပေါ်‌တေးဂီတ‌ဖျော်‌ဖြေ‌ရေးများ၊ အီတူးထာ့ အ‌ကြောင်း ရိုက်ကူးထားသည့် ရုပ်သံ မှတ်တမ်း ပြသခြင်း၊ အီတူးထာ့ IDP အနာဂတ် ‌ရှေ့‌ရေး အ‌ကြောင်း ‌ဆွေး‌နွေးမှု၊ ရံပုံ‌ငွေရှာ‌ဖွေ‌ရေး ‌ဈေး‌ရောင်းပွဲ‌တော်နှင့် အလှူ‌ငွေ‌ကောက်ခံခြင်း အစီအစဉ်တို့ ပြုလုပ်ခဲ့ကြပြီး ထိုပွဲမှ ရလာ‌သော ရိက္ခာများနှင့် ရံပုံ‌ငွေများအားလုံးကို အီတူးထာ့ IDPs ပံ့ပိုး‌ရေး‌ကော်မတီ (ETT Supporting Committee) အားလှူဒါန်းသွားမည်ဖြစ်ဟု ပွဲစဉ်သူများက ‌ပြောသည်။

အဆိုပါ ရံပုံ‌ငွေ ရှာ‌ဖွေပွဲသို့ ထိုင်းနိုင်ငံ နာမည်‌ကျော် ဂီတပညာရှင် ‌စော‌ချေစူဝစ်ချန်း(Chi Suwi chan)နှင့်အဖွဲ့၊ ကရင်ပြည်နယ်အ‌ခြေစိုက် ‌တေး‌ရေးဆရာ ‌စောမူလျား‌ဝေါ်တို့၏ ကရင်ယဉ်‌ကျေးမှုအဖွဲ့(Karen Culture Organization-KCO)၊ နယ်စပ် အ‌ခြေစိုက် Growth Music Band နှင့် ကရင်‌တေးသံရှင်များ၊ နယ်စပ်ရှိ ကရင်များ အပါအဝင် စုစု‌ပေါင်း ၁၀ဝ ဦး‌ကျော် တက်‌ရောက်ခဲ့သည်။

၎င်းရံပုံ‌ငွေရှာ‌ဖွေ အစီအစဉ်သို့ တက်‌ရောက်လာ‌သော ကရင်အမျိုးသမီးအစည်းအရုံး-KWO အတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောက “ရိက္ခာပြတ်ပြီလို့ ကြားရ‌တော့ မဲ‌ဆောက်‌ရောက် ကရင်‌တွေသာမက နယ်စပ်၊ ပြည်တွင်း၊ ပြည်ပက ကရင်‌တွေကလည်း စိတ်မ‌ကောင်းဖြစ်‌နေကြတယ်။ ဘယ်‌နေရာမှာပဲ‌နေ‌နေ ကရင်ဒုက္ခ‌ရောက်ရင် ကရင်ကပြန်ကူညီဖို့ တာဝန် ရှိပါတယ်။ ဒါ‌ကြောင့် ဒီလိုပွဲမျိုးလုပ်တာ သိပ်‌ကောင်းပါတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

လက်ရှိ လူဦး‌ရေ ၂,၃၇ဝ ဦးခိုလှုံ‌နေသည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ အီတူးထာ့ ဒုက္ခသည် စခန်းကို လွန်ခဲ့သည့် ၂ဝဝ၆ ခုနှစ်က ‌ကေအဲန်ယူ၊ တပ်မဟာ (၂)နယ်‌မြေအား နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး ‌ကောင်စီ (နအဖ) အစိုးရ တပ်မ‌တော်မှ ထိုးစစ်ဆင်မှု‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်လာသူများကို ယာယီခိုလှုံရန် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်း နံ‌ဘေး တစ်‌နေရာတွင် ဖွင့်လှစ်ထားပြီး ကရင်လူမှုအဖွဲ့အစည်းနှင့် အစိုးရမဟုတ်‌သော နိုင်ငံတကာ အဖွဲ့အစည်းများ၏ ‌ထောက်ပံ့ကူညီမှုဖြင့် ရပ်တည်‌နေထိုင်ခဲ့ခြင်းဖြစ်သည်။

၎င်း IDP ဒုက္ခသည်များအတွက် ‌ပေး‌နေသည့် အ‌ထောက်အပံ့များမှာ စက်တင်ဘာလ ကုန်တွင် အားလုံး ပြတ် ‌တောက်သွားပြီဖြစ်၍ ဆက်လက်အကူအညီ‌ပေးရန်အတွက် ဖွဲ့စည်းထားသည့် အီတူးထာ့ IDPs ပံ့ပိုး‌ရေး‌ကော်မတီ က နိုင်ငံတကာ အလှူရှင်များနှင့် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းအသီးသီးထံ စက်တင် ဘာ ၄ ရက် ‌နေ့စွဲဖြင့် ‌မေတ္တာရပ်ခံ စာတစ်‌စောင် ‌ပေးပို့ထား‌သော်လည်း ယခုအချိန်ထိ အ‌ကြောင်း ပြန်မှုတစုံတရာ မရှိ‌သေး‌ကြောင်း သိရသည်။

ထို့အတူ ဩစ‌တြေးလျ ကရင်အဖွဲ့အစည်း-AKOမှ ဦး‌ဆောင်၍ အီတူးထာ့ ပြည်တွင်းစစ်‌ရှောင် ဒုက္ခသည်များအတွက် ရံပုံ‌ငွေ ရှာ‌ဖွေပွဲ အစီအစဉ် တစ်ရပ်အား ဩစ‌တေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ တွင်လည်း စက်တင်ဘာလ ၃ဝ ရက်‌နေ့တွင်ပင် ကျင်းပခဲ့‌သေးသည်။