Home သတင်း ‌ဒေသအသီးသီးမှ ကရင်လူငယ်များ ပါဝင်သည့် နိုင်ငံ‌ရေးသင်တန်းကို ‌ကေအဲန်ယူ ဖွင့်လှစ်

‌ဒေသအသီးသီးမှ ကရင်လူငယ်များ ပါဝင်သည့် နိုင်ငံ‌ရေးသင်တန်းကို ‌ကေအဲန်ယူ ဖွင့်လှစ်

1875

‌အောက်တိုဘာ ၃ရက်၊ ၂ဝ၁၇ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်‌အောက်ခံ ဗဟို စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန(DOI)က ဦး‌ဆောင်ပြီး ခရိုင် အသီးသီးမှ လူငယ်များနှင့် တိုင်း‌ဒေသကြီးရှိ ကရင်လူငယ်များ ပါဝင်သည့် ကရင်လူငယ်နိုင်ငံ‌ရေးသင်တန်းတစ်ခုကို ကရင်အမျိုး သားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ (၇)ဌာနချုပ်၊ ‌သေ‌ဘေထာ့တွင် ‌အောက်တိုဘာ ၂ရက်‌နေ့က စတင် ဖွင့် လှစ်ခဲ့သည်။

၁၆ကြိ်မ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက်၏ ဆုံးဖြတ်ထားချက်အရ ကရင်လူငယ်အစည်းအရုံး(KYO)၊ ကရင်လူငယ်ကွန်ရက် (KYN)တို့နှင့် ပူး‌ပေါင်းပြီး ခရိုင် ၇ခုမှ ကရင်လူငယ်များနှင့် (KYN)၏ အချိတ်အဆက်ဖြင့် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနသင်္ာရီ စသည့် တိုင်း‌ဒေသကြီးများမှ ကရင်လူငယ်များ ပါဝင်သည့် သင်တန်းသူ၊ သင်တန်းသား စုစု‌ပေါင်း ၃၃ဦးအား သင်တန်း ဖွင့်လှစ် ‌ပေးခြင်းဖြစ်‌ကြောင်း စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်က ‌ပြောသည်။

၎င်းက “ကရင်လူငယ်‌တွေ ကရင့်သမိုင်း‌ကြောင်း ၊ ကရင့်နိုင်ငံ‌ရေး လှုပ်ရှားမှုသမိုင်း‌ကြောင်း၊ ‌ကေအဲန်ယူရဲ့ အ‌ခြေခံမူနဲ့ လက်ရှိ အ‌ကောင်အထည်‌ဖော်‌ဆောင်‌နေတဲ့ ငြိမ်းချမ်းလုပ်ငန်းစဉ်‌တွေကို ‌ကောင်း‌ကောင်းမွန်မွန် သ‌ဘော‌ပေါက်နားလည်လာဖို့အတွက် ရည်ရွယ်ပြီး‌တော့ သင်တန်းကို ဖွင့်လှစ်‌ပေးတာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါသင်တန်းတွင် ‌ကေအဲန်ယူ၏ အ‌ခြေခံမူဝါဒဆိုင်ရာ၊ ၁၆ကြိမ်‌မြောက် ကွန်ဂရက်မှ ချမှတ်ထားသည့် ‌ရှေ့လုပ်ငန်းစဉ်၊ ကရင့်အမျိုးသား‌တော်လှန်‌ရေးသမိုင်း၊ ဖက်ဒရယ်‌ရေးရာ၊ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်များကို ‌ကေအဲန်ယူ ‌ခေါင်း ‌ဆောင်များမှ ‌အောက်တိုဘာ ၂ရက်‌နေ့မှ နိုဝင်ဘာ ၁ရက်‌နေ့အထိ တစ်လကြာသင်ကြားပို့ချပြီး‌နောက် သင်တန်းသားများအ‌နေ ဖြင့် သက်ဆိုင်ရာ မိမိ‌ဒေသများအလိုက် ဆင့်ပွားသင်တန်းများ ပြန်လည် ပို့ချ‌ပေးရမည်ဟု သိရသည်။

ဒူးပလာယာခရိုင်မှ လာသည့် သင်တန်းသူ ‌နော်‌အေလယ်ဒယ့်က “ကျမတို့က ဒီနိုင်ငံမှာ‌နေတဲ့အတွက် အနာဂတ်မှာ အခြား ‌သော တိုင်းရင်းသားလူမျိုးစု‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ‌ကြောင့် နိုင်ငံရဲ့ နိုင်ငံ‌ရေးအ‌ခြေအ‌နေကို သိရှိနား လည်ထားဖို့က လိုအပ်ပါတယ်။ ကျမတို့ နားလည်‌အောင်လုပ်ပြီးမှ ပူး‌ပေါင်းလုပ်‌ဆောင်မှု လုပ်‌ဆောင်တဲ့‌နေရာမှာ အား‌ကောင်း လာမှာဖြစ်ပါတယ်။ ဒီသင်တန်းတက်ပြီးရင် ခရိုင်ကို ပြန်ပြီး‌တော့ လူငယ်‌တွေသိ‌အောင် ဆင့်ပွား အသိ‌ပေးမှု‌တွေ လုပ်‌ဆောင် သွားဖု့ိ ရည်မှန်းထားပါတယ်”ဟု ‌ပြောသည်။

ထို‌နေ့ ပြုလုပ်သည့် ကရင်လူငယ်နိုင်ငံ‌ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၊ ပထမတန်း စစ်ဦးစီးမှူး(G1) ဗိုလ်မှူးကြီး‌စောတာမလာ‌သောနှင့် တပ်ဘက်ဆိုင်ရာ တပ်မှူး တပ်သားများ၊ ‌ကေအဲန်ယူ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ KYO တာဝန်ရှိသူများနှင့် သင်တန်းသူ/သင်တန်းသားများ တက် ‌ရောက်ခဲ့သည်။

ယခုနှစ် မတ်လက ကျင်းပပြီးစီးခဲ့သည့် ‌ကေအဲန်ယူ၏ ၁၆ကြိမ်‌မြောက် ကွန်ဂရက်အပြီးမှစတင်ကာ ‌ကေအဲန်ယူ စည်းရုံးနှင့် ပြန် ကြား‌ရေးဌာန၏ ဦး‌ဆောင်မှုဖြင့် ကရင်လူငယ်နုိုင်ငံ‌ရေးသင်တန်းများကို သက်ဆိုင်ရာ ‌ကေအဲန်ယူ ခရိုင်၊ မြို့နယ်အဆင့်များတွင် ဖွင့်လှစ်‌ပေးမှုများရှိ‌သော်လည်း ယခုလို ခရိုင် ၇နှင့် ပြည်မကြီးရှိ ကရင်လူငယ်များ ပါဝင်သည့်သင်တန်းကို ပထမဆုံးအကြိမ် ပြု လုပ်‌ပေးခြင်းဖြစ်သည်။