Home သတင်း ‌ကေအဲန်ယူ ဒူးပလာယာခရိုင် မြို့နယ်(၄)ခုတွင် လူထုများကို ဥပ‌ဒေပညာ‌ပေးသင်တန်းပို့ချ

‌ကေအဲန်ယူ ဒူးပလာယာခရိုင် မြို့နယ်(၄)ခုတွင် လူထုများကို ဥပ‌ဒေပညာ‌ပေးသင်တန်းပို့ချ

2356

စက်တင်ဘာ ၃ဝ ရက်၊ ၂၀၁၇ခုနှစ်။ ‌စောခါးစူးညား

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုတရားစီရင်‌ရေး၊ တရား‌ရေးဌာန KLAC ၏အစီအစဉ်အရ ဒူးပလာယာခရိုင်တရား‌ရေးဌာန၏ ပံ့ပိုးမှုဖြင့် ယင်းခရိုင် အတွင်းရှိ နို့တ‌ကော(ကြာအင်းဆိပ်ကြီး)၊ ‌ဝေါ်‌ရော(ဝင်း‌ရေး)၊ ကလုတူး(ကျုံဒိုး)နှင့် ‌ကော့ကရိတ် စသည့် မြို့နယ် (၄)ခု၌ စက်တင်ဘာ ၁၈ရက် မှ ၃ဝ ရက်‌နေ့အထိ အချိန်ခွဲကာ လူထုကွင်းဆင်း ဥပ‌ဒေပညာ‌ပေးသင်တန်း Community Outreach Training (CLV)ကို ပို့ချ‌ပေးခဲ့သည်။

ထိုသို့ သင်တန်း‌ပေးရာတွင် တစ်ရက်တာ အချိန်ဖြင့် ၎င်းမြို့နယ်များအတွင်းရှိ လူထုများအပါအဝင် ကရင်လူငယ်အစည်းအရုံး(KYO)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)နှင့် ‌ကျေးရွာအုပ်စု ကိုယ်စားလှယ်များအား ပို့ချ‌ပေးခဲ့ပြီး သင်တန်းကို နို့တ‌ကောမြို့နယ်တွင် စတင်‌ပေးခဲ့ကာ ‌နောက်ဆုံး ‌ကော့ကရိတ်မြို့နယ်၌ စက်တင်ဘာ ၃ဝ ရက်‌နေ့တွင် အပြီးသတ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းပို့ချ‌ပေးသည့် ဆရာမတစ်ဦးဖြစ်သူ‌နော်မူးလဲ့ဝါး “ကျမတို့ ဒီသင်တန်းကို လုပ်ရတဲ့ ရည်ရွယ်ချက်က ဥပ‌ဒေဆိုင်ရာကိစ္စ လူထု‌တွေ ပိုမိုသိရှိနားလည်လာ‌အောင်၊ ‌နောက်တစ်ခုက ဥပ‌ဒေ‌ဘောင်‌ကျော်လွန်ပြီး ပြစ်မှု‌တွေ မကျူးလွန်မိ‌အောင် ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ သင်တန်းများကို ‌ပေးရာ၌ အချိန်ကာလအားဖြင့် တစ်ရက်တာဖြစ်သည့်အတွက် လူထုများက အ ချိန်နည်းသည်ဟု တုံ့ပြန်ကြကာ ‌နောင်အခါ အလားတူ သင်တန်းများ ‌ပေးမည်ဆိုပါက အနည်းဆုံး သုံးရက်အထိ ‌ပေးရန် သ‌ဘောထား‌ပေးခဲ့‌ကြောင်းနှင့် လူထုများအ‌နေဖြင့် စိတ်ပါဝင်စားမှု ရှိသည်ကို ‌တွေ့ရသည့်အတွက် ‌ရှေ့ဆက်လုပ်‌ဆောင်သွားရန် ဆက်လက်‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သူမက ဆက်‌ပြောသည်။

‌ကေအဲန်ယူ ဥပ‌ဒေအရ ချမှတ်ထား‌သော ရာဇဝတ်ဥပ‌ဒေ၊ တရားမဥပ‌ဒေ နှင့် လုပ်ထုံးလုပ်နည်း၊ တိုင်တန်းခြင်း စသည့် ဆိုင်ရာဥပ‌ဒေများကို အ‌ခြေခံသ‌ဘောဖြင့် ‌ပေးခဲ့သည့်အ‌ပေါ် လူထုများသည် ဥပ‌ဒေသ‌ဘောတရား အစပြုသိခွင့်ရသည့်အတွက် ‌ရှေ့ဆက်‌လေ့လာရန် တွန်းအားတစ်ခုဖြစ်‌စေခဲ့မည် ဖြစ်သည်ဟု ယင်းသင်တန်းပို့ချ‌ပေးသူ ဆရာ/မများက ဆိုသည်။

သင်တန်းများအ‌ပေါ် ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ်၊ တရားသူကြီး မန်းထွန်းလွင်က “လူထု‌တွေ ကြားမှာ ဥပ‌ဒေဟာ စိန်‌ခေါ်မှုတစ်ရပ်ဖြစ်တယ်‌လေ။ ဥပ‌ဒေကို သိထားရင် လူထု‌တွေ စကား‌ပြောတဲ့အခါမှာလည်း အများကြီး အ‌ထောက်အကူပြုမှာ ဖြစ်ပါတယ်။ အခုသင်တန်း‌တွေ ‌ပေးတယ်ဆိုတာလည်း လူထု‌တွေ အတွက် အများကြီး အကျိုးဖြစ်‌စေလိမ့်မယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ‌ပြောသည်။

‌ကေအဲန်ယူ ဒူးပလာယာခရိုင်၏ အစီအစဉ်ဖြင့် ခရိုင်အတွင်း မြို့နယ်များတွင် ပြုလုပ်‌သော လူထုကွင်းဆင်း ဥပ‌ဒေပညာ ‌ပေးသင်တန်း (Community Outreach Training) ကို ယခုလို သင်တန်း‌ပေးသည်မှာ ပထမအကြိမ်ဖြစ်ပြီး သင်တန်းတစ်ခုချင်းစီ၌ တက်‌ရောက်သူ လူ(၁၀၀)‌ကျော်‌ကြောင်း သင်တန်းပို့ချ‌ပေးသူ ဆရာများထံမှ သိရသည်။